ပစ်မှားခဲ့တာတွေ ဒီနေ့မှာ တောင်းပန်နေမိတယ်

ပစ်မှားခဲ့တာတွေ ဒီနေ့မှာ တောင်းပန်နေမိတယ်
by -
ကူးဒူ

ဒီနေ့မနက် ထူးထူးခြားခြား ဘောလုံးကွင်းထဲမှာ လူတွေ ပြည့်နှက်လို့ နေပါတယ်။ အများစုကအဖြူ ရောင် အကျင်္ ီကို ၀တ်စားဆင်ယင်ထားကြ တဲ့ အတွက်ကျောင်းသား၊ ကျောင်းသူတွေလို့ ခန့်မှန်းရ လွယ်ပါတယ်။ မိုးက တဖွဲဖွဲ မရပ်မနား ကျနေတဲ့ အတွက် သားသားနားနားဝတ်စားဆင်ယင်ထားကြ တဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ဆရာမတို့ အတွက် ဘယ်လိုစိတ်ကထိကအောင့်တွေ ဖြစ်နေ သလဲဆိုတာ သူတို့တတွေပဲ အသိဆုံးဖြစ်မှာပါ။

ကမ္ဘာ့ကျောင်းဆရာ၊ဆရာမများနေ့

ဒီနေ့မနက် ထူးထူးခြားခြား ဘောလုံးကွင်းထဲမှာ လူတွေ ပြည့်နှက်လို့ နေပါတယ်။ အများစုကအဖြူ ရောင် အကျင်္ ီကို ၀တ်စားဆင်ယင်ထားကြ တဲ့ အတွက်ကျောင်းသား၊ ကျောင်းသူတွေလို့ ခန့်မှန်းရ လွယ်ပါတယ်။ မိုးက တဖွဲဖွဲ မရပ်မနား ကျနေတဲ့ အတွက် သားသားနားနားဝတ်စားဆင်ယင်ထားကြ တဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ဆရာမတို့ အတွက် ဘယ်လိုစိတ်ကထိကအောင့်တွေ ဖြစ်နေ သလဲဆိုတာ သူတို့တတွေပဲ အသိဆုံးဖြစ်မှာပါ။

တထောင်ကျော်လောက် ရှိတဲ့ သူတို့တတွေဟာ လာမယ့် အောက်တိုဘာလ ၅ နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဆရာ၊ဆရာမများနေ့ကို ဒီနေ့ အောက်တိုဘာလ ၃ ရက်နေ့ ကရင်နီ အမှတ်-၁ ဒုက္ခသည်စခန်းမှာ အခန်းအနားတရပ်အဖြစ် ကြိုတင်ကျင်းပနေကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဆရာ၊ဆရာမများနေ့ကို အမှတ်-၁ ဒုက္ခသည်စခန်းတွင် ယနေ့ ကျင်းပတဲ့ အခန်းအနားဟာ ၈ ကြိမ်မြောက် ဖြစ်ပါတယ်။world-teacher-day

မြန်မာပြည်မှာ အစိုးရသစ် တက်လာပြီ ဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခအဖြစ် တိုင်းတပါးသို့ ရောက်ရှိခိုလုံ နေကြရတဲ့ ကျောင်းဆရာ၊မတွေနဲ့ ကျောင်းသား၊သူတို့အဖို့ ပြည်တွင်းသို့ ပြန်လှည်အခြေချနေထိုင်ဖို့စိတ်ခေါ် မှုတွေ ရှိလာပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေ ဖြစ်လာဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ကရင်နီပညာရေး ဌာနက အခန်းအနားမှာ ဖွင့်ဟပြောဆိုပါတယ်။

“ဒီနေ့ ဗမာပြည်မှာ လက်ရှိ အစိုးရ ဖြစ်တဲ့ သိန်းစိန် အစိုးရကနေပြီးမှ ကျနော်တို့ကို တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှန်းချက်တွေ ခေါ်နေပေမယ့်…လွယ်ကူစွာနဲ့ ကိုယ့်နေရာကို အလွယ်တကူ ပြန်နိုင်ဖို့ အချိန် မရှိသေးပါဘူး။ ကျနော်တို့ ကိုယ့်နေရပ်ကို ပြန်လာဖို့ဆိုတာ အဆင့်တွေ အများကြီး ရှိပါသေးတယ်။အဲဒါ ကတော့ ကျနော်တို့ တပြည်လုံး အပစ်ခတ်ရပ်စဲရေးတွေ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေနိုင်ငံရေး ဆွေးနွေးပွဲတွေ ဒါတွေပြီးမှသာ ကျနော်တို့ နေရပ်ရေးကို ပြန်ဖို့သာ အစီအစဉ် ရေးဆွဲသွားရမှာ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ ဘဝအာမခံချက် ရှိရှိနဲ့ ကျနော်တို့ နေရပ်ကို ပြန်ရမှာ ဖြစ်တယ်။ ဆိုတော့ ဒီနေ့ သိန်းစိန် အစိုးရရဲ့ ကမ်းလှန်းချက်ဟာ သဘောထား မှန်ကန်တဲ့ ကမ်းလှန်းချက် မဟုတ်သေးပါဘူး။ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ လျော့ကျသွားအောင် နိုင်ငံတကာမှာ မျက်နှာ ဘန်းလှအောင် သက်သက်ပဲ ကျနော်တို့ကို ကမ်းလှန်းနေတုန်းပဲ ရှိပါတယ်။ သူ့အစိုးရတခု အနေနဲ့ လုပ်ရမယ့် တာဝန်တွေကို ဖော်ပြပြီးမှလုပ်ဆောင်နေ တာကို မတွေ့သေးပါဘူး။ ကျနော် ဆိုလိုတာကတော့ ကျနော်တို့ ပြန်ဖို့ အရေးဟာ နှစ်အနည်းငယ်စောင့်ရ အုံးမှာ ဖြစ်တယ်ဆိုတာကို ကျနော် ဆိုလိုတာ ဖြစ်တယ်။ ဒီအတောထဲမှာ ဆရာ၊မတွေ မိမိလုပ်စရာရှိတဲ့ တာဝန်ဝတ္တရားတွေကို ကျေပြွန်စွာ ထမ်းဆောင်ပြီး မိမိတို့ရဲ့ ကလေးတွေကို အားကျိုးမာန်တက် ပညာသင် ကြား ပေးဖို့နဲ့ ကျောင်းသူ၊သားတွေကလည်း ဆရာ၊မတွေ သင်ကြားပေးတဲ့ ပညာရပ်တွေကိုအားကျိုးအား  မာန် ကျနော်တို့ ကြိုးစားပြီးတော့ သင်ကြားဖို့ ကျနော်မှာ ကြားလိုတာ ဖြစ်တယ်။ ကျနော်တို့ စိတ်ကူးယဉ်နေလို့ မဖြစ်သေးပါဘူး။”

ကျောင်းသားကျောင်းသူနဲ့ ကျောင်းဆရာကျောင်းဆရာမ တထောင်ကျော်ရဲ့ ရှေ့မှောက်မှာကရင်နီပညာရေး ၀န်ကြီး ဦးအောင်ဆန်းမြင့်က ပြောကြားသွားခဲ့တာပါ။နအဖစစ်တပ်များဒီနေ့ ကျင်းပတဲ့ကမ္ဘာ့ကျောင်းဆရာ ဆရာမများနေ့မှာ တက်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေ

အခုလက်ရှိ ကရင်နီအမှတ် ၁ နဲ့ အမှတ် ၂ စခန်းမှာ ဒုက္ခသည်ဦးရေ ၂ သောင်း ရှိနေပြီး အဲဒီထဲမှာမှကျောင်း ဆရာ၊မ ၂၇၀ ဦးဟာ ကျောင်းသူ၊ကျောင်းသားဦးရေ ၅၃၀၀ ကျော်ကိုပညာသင်ကြားပေးနေရ ပါတယ်။

ကျောင်းသားဦးရေနဲ့ ကျောင်းဆရာ၊ဆရာမတွေရဲ့ ဦးရေကို နှိုင်းယှဉ်ပြီး ကြည့်လိုက်မယ်ဆိုရင် ကိုက်ညီမှုတွေ မရှိဘဲ ကျောင်းသားဦးရေက ပိုများနေတာကို တွေ့ရပါတယ်။ ဒါဟာ လက်ရှိ မြန်မာပြည်တွင်းက ပညာရေးဟာ စျေးကြီးကြီး ပေးပြီး သင်ယူနေရတဲ့အတွက် မရှိ ဆင်းရဲသားတွေအဖို့ အခက်အခဲ ရှိ၍ ကျောင်းသားဦးရေ တနှစ်ပြီးတနှစ် အခမဲ့ ပညာရေး စနစ် ရှိတဲ့ နယ်စပ်ဘက်ကို တိုးလာတာ ဖြစ်တယ်လို့ ကရင်နီပညာရေးဌာနက ဆိုပါတယ်။

လက်ရှိ ကရင်နီဒုက္ခသည်စခန်းရှိ ပညာရေး အခြေအနေနဲ့ ကရင်နီပြည်တွင်း ပညာရေး အခြေအနေတို့နဲ့ ပါတ်သက်ပြီး ကရင်နီအထက်တန်းနဲ့ အလယ်တန်း ညွန်ကြားရေးမှူး ဖြစ်တဲ့ ခူးဆိုဒူယာက အခုလို နှိုင်းယှဉ်ပြီး ရှင်းပြပါတယ်။

ခူးဆိုဒူယာက“ ဗာမာပြည်ရဲ့ ပညားရေး စနစ်က အာမခံချက် မရှိတဲ့ ပညားရေး စနစ် ဖြစ်နေတယ်လေ။ ငွေးကြေး အများကြီး ကုန်ကျခံပြီးတော့ ကျောင်းတက်တယ်။ ဆယ်တန်း အောင်ပြီး ဘွဲ့လည်း ရပြီးရင်လည်း အလုပ်အကိုင်က အစိုးရက မပေးနိုင်ဘူး။ မပေးနိုင်တော့ အားမခံချက် မရှိဘူး ပြောရမှာပေါ့နော်။ ဒီဘက်မှာ ကျနော်တို့ ပညားရေး စနစ်က အခမဲ့ ပညာသင်တဲ့ စနစ် ဖြစ်တော့ ကျောင်းသား၊ကျောင်းသူတွေက ဒီဘက်ကို ပိုအားသန်လာတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ ကျောင်းသား၊ကျောင်းသူတွေပေါ့နော်။ ဆင်းရဲတဲ့မိဘသားသမီး တွေ အခမဲ့ ပညာသင်ခွင့် ရတဲ့ ကျနော်တို့ ဒုက္ခသည်စခန်းကို ရောက်ရှိလာရခြင်း ဖြစ်ပါတယ်” လို့ပြောပါ တယ်။

ကမ္ဘာ့ကျောင်းဆရာ၊ဆရာမများနေ့မှာ ၀ါရင့်ကျောင်းဆရာမ တဦး ဖြစ်တဲ့ ဆရာမ မယ်မိုက အခုလိုရင်ဖွင့် စကား ပြောပါတယ်။

“ကျမတို့ ဆရာ၊ဆရာမတွေက ပိုပြီးတော့ စေတနာ၊ ၀ါသနာ၊ အနှစ်နာနဲ့ သင်ပေးခဲ့တဲ့ ဆရာ၊ဆရာမတွေလည်း ဖြစ်တယ်။…. ဒီပညာရေးနဲ့ ပါတ်သက်ပြီး ကျမတို့ သင်ကြားပေးခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကမ္ဘာကို ပါတ်နိုင်တဲ့ အဆင့်လောက်ပေါ့နော်…ကမ္ဘာကို သွားနိုင်တဲ့အဆင့်လောက် သင်ကြားပေးနိုင်တဲ့ဆရာ၊ဆရာမ တွေ ဖြစ်တယ်။”

ယနေ့ ကမ္ဘာ့ကျောင်းဆရာ၊ဆရာမများနေ့မှာ ကျောင်းဆရာ၊မအဖြစ် ၅ နှစ်အထက်တာဝန်ထမ်းဆောင်သူ တွေကို ကရင်နီပညာရေးဌာနမှ ဂုဏ်ပြုလက်မှတ်တွေ အပ်နှင်းပေးကြပါတယ်။KnCC ဆယ်တန်းလွန်ကျောင်း သူ တဦး ဖြစ်တဲ့ ကျောင်းသူ နန်းခန်းစိန်က သူတို့လို ကျောင်းသား၊ ကျောင်းသူတွေအတွက် အမြဲတမ်း အနှစ်နာခံပေးခဲ့ကြတဲ့ ဆရာ၊ဆရာမတွေအတွက် အခုလို ရင်ဖွင့်စကား ပြောကြားသွားခဲ့ပါတယ်။

“ဟိုအရင် ကျမတို့ ငယ်ငယ်က သင်လာခဲ့တဲ့ ဆရာတွေ အခုထိ ရှိချင်မှ ရှိတော့မယ်။ တချို့တွေက သူတို့ ဘဝ အခြေအနေကြာင့် တတိရနိုင်ငံကို ထွက်သွားကြတယ်။ ဒါကြောင့် ပညာတတ်တွေ သိပ်မရှိတော့ဘူး။ကျန်ရစ် ခဲ့တဲ့ ကျမတို့ ဆရာ/မတွေက အထူးတန်းဖိုးရှိတဲ့ ဆရာ/မတွေပါ။ အရင်က အများကြီးအနစ်နာခံပြီး တော့ သူတို့ ဘဝအတွက် ဆင်းဆင်းရဲရဲ ဒုက္ခသည် အကြားကနေ မလွတ်နိုင်ဘဲနဲ့ ပညာရေးကို ရှေ့ဆက်မြဲမြဲ ဦးတည်ပြီးတော့ ကျမတို့ကို သင်ပေးတယ်။ ဒါကြောင့် ဆရာ/မတွေကို ကျမတို့ ဂုဏ်ပြုတဲ့ နေ့တနေ့ ပြီးတော့ ဒီနေ့ ဒီချိန် ဒီနေရာမှာပဲ ကျမတို့ ဆရာ/မတွေကို စာသင်ပေးနေတဲ့ အချိန် အတောအတွင်းမှာ ပစ်မှားခဲ့မိတဲ့ အမှားတွေကို ဒီနေ့မှာ…တောင်းပန်မိပါတယ်။ နောက်ပြီးတော့ ဆရာ/မတွေရဲ့ တန်းဖိုးကိုလည်း ကျမနားလည် လာပါတယ်။”