မူးရစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ကြောင်းမှ TNLA တပ်ဖွဲ့တချို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဗျူဟာ (၃) နှင့် အစိုးရ တပ်မ (၇၇) စစ်ကြောင်း တို့သည် ရှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ် ရူဗိန်း (ရေပုံး) ကျေးရွာအကျော် မန်တုံ-မိုးမိတ် ကားလမ်းမ တွင် ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု TNLA ပြန်ကြားရေး ဌာနက ဆိုပါသည်။
“ ဖြစ်တာက ကျနော်တို့ တပ်ရင်း (၃၆၇) တပ်ဖွဲ့နဲ့ပါ။ သူတို့ အင်အား (၂၀၀)လောက် ရှိမယ်။ အဲဒီတပ်က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၄) ရက်နေ့ကတည်းက ကျနော် တို့ကို လိုက်တိုက် နေတာပါ။ ဒီတော့ ကျနော်တို့က လည်း သတိရှိရှိနဲ့ မထင် မှတ် တဲ့နေရာမှာ လျှပ်တပျက် နေရာယူပြီး စောင့်ပစ် လိုက်တယ်။” ဟု ဆိုပါသည်။
တပ်မ(၇၇) စစ်ကြောင်းမှ (၁၀) ဦး ကျော် ကျဆုံးနိုင် ကြောင်း ပေါ်တာ သတင်းအရ သိရသည်ဟု (TNLA) ဖက်က ဆို ပါသည်။ ထိခိုက် ကျဆုံးမှု အခြေအနေ ကို သီးခြား အတည် ပြုခြင်း မရှိသေး သော်လည်း မိုးမိတ်မြို့ခံ တဦးကမူ အရေ အတွက် မသိရသော ဒါဏ်ရာရ စစ်သားများကို ကားလမ်းတွင် တွေ့ရကြောင်း အတည်ပြု ခဲ့ပါသည်။
အစိုးရတပ် များသည် တိုက်ပွဲ ဖြစ်ပါက လက်နက်ကြီး အင်အားကို ပိုမို အသုံးပြု ကြောင်း၊ တိုက်ပွဲ ပြီးဆုံး သော်လည်း မထင်မှတ်သော နေရာများသို့ အဆက် မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ဤ့လုပ်ရပ်ကြောင့် လက်နက်ကြီးများဒါဏ် ထိခိုက်မှု မရှိနိုင်သည့် အနီးကပ် တိုက်ပွဲကို ဆင်နွှဲကြခြင်းဖြစ် ကြောင်း၊ အနီးကပ် တိုက်ပွဲ သည်လည်း ရန်သူအား အထိနာ စေခဲ့ကြောင်း TNLA ဖက်က ဆိုပါသည်။
ဤတိုက် ပွဲကြောင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ ရောက်ရှိ နေသော တပ်မ (၇၇) မှ အခြား စစ်ကြောင်း များသည် စစ်ကူ ပေးရန် ရောက်လာ ခဲ့ပါသည်။ ထို့အပြင် တပ်မ (၈၈)မှ စစ်ကြောင်း များသည် လည်း ကျောက်မဲ နှင့် နမ့်ဆန် မြို့နယ် များသို့ ရောက်ရှိ လာဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ် နေကြောင်း TNLA ဖက်မှ ဆိုပါသည်။
အစိုးရတပ်များ စစ်ကူ ရောက်ခဲ့သလို TNLA စစ်ဗျူဟာ (၃) တပ်ဖွဲ့တို့ကလည်း ဤဒေသတွင် လှုပ်ရှားနေ သော ကချင်လွတ် လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၄) မှ တပ်ရင်း (၃၄) စစ်ကြောင်း များနှင့် ပူးပေါင်း လှုပ်ရှား နေကြပါသည်။
အစိုးရတပ် များသည် ရှမ်းပြည် မြောက်ပိုင်းသို့ တဖြည်းဖြည်းဖြင့် အင်အား ထပ်မံ ဖြည့်တင်းလာရာ ပြီးခဲ့သည့် ဖေဖေါ် ၀ါရီ လဆန်း အထိ ထောင်နှင့် ချီသော တပ်မ(၄)ခု မှ စစ်ကြောင်း များ ရောက်ရှိလာကြောင်း (KIA) တပ်မဟာ (၄)မှူး ဗိုလ်မှူးကြီး ဇောင်လီက ဆိုပါသည်။
အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း သို့ရောက် ရှိနေသော ဧည့်တပ် များမှာ ရန်ကုန် တိုင်း ရဲမွန်မြို့ အခြေစိုက် တပ်မ (၁၁) စစ်ကြောင်း များသည် ရှမ်းပြည် မြောက်ပိုင်း ကိုးကန့်ဒေ သသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အခြေ စိုက် တပ်မ (၃၃) စစ်ကြောင်း များသည် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆမ်မြို့ဖက်သို့ လည်းကောင်း၊ ပဲခူးတိုင်း ပခူးမြို့အ ခြေစိုက် တပ်မ (၇၇) စစ်ကြောင်း များသည် ရှမ်းပြည် မြောက် ပိုင်းမိုးမိတ် မြို့သို့လည်းကောင်း၊ မကွေးတိုင်း မကွေး မြို့ အခြေစိုက် တပ်မ (၈၈) စစ်ကြောင်း များသည် လားရှိုးမြို့သို့ လည်း ကောင်း ရောက်ရှိနေ ခဲ့သည်ဟု ဆိုပါသည်။
အလားတူ ရှမ်းပြည် မြောက်ပိုင်း နှင့် နယ်မြေချင်း ဆက်စပ်နေသည့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း သို့လည်း အစိုးရ တပ်ဖွဲ့ များ ထပ်မံအင်အား ဖြည့် တင်းနေ သည်ဟု (KIA) စစ်ဌာနချုပ် မှ သတင်း ထုတ်ပြန် နေပါသည်။
ဤသို့ ကြောင့် ရှမ်းပြည် မြောက်ပိုင်း နယ်မြေ တွင် ရှိနေသော အစိုးရ တပ် အင်အားသည် နဂိုရှိနေသာ အရှေ့မြောက် တိုင်း စစ်ဌာနချုပ်မှ (၁၉)ရင်း၊ ကျောက် မဲမြို့ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် မှ (၁၀)ရင်း၊ သိန္နီမြို့ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် မှ (၁၀)ရင်း၊ ကွတ် ခိုင်ဒေသ ၊ လောက်ကိုင်မြို့ အခြေစိုက် ဒေသစစ် ကွပ်ကဲရေး ဌာနချုပ် (ဒကစ) မှ (၁၀)ရင်း၊ တို့ဖြစ်ပါသည်။
အစိုးရ တပ်များ၏ ဖွဲ့စည်းပုံအရ တပ်ရင်း တရင်းတွင် တပ်ရင်းမှူး ဦးဆောင်သော စစ်ကြောင်းနှင့် ဒုရင်းမှူးဦးဆောင် သော စစ်ကြောင်းဟူ ၍ရှိပါသည်။ တပ်ရင်း တရင်းတွင် ဖွဲ့စည်းပုံအရ တပ်ခွဲ (၅)ခွဲ ရှိပါသည်။ စစ်ကြောင်း တကြောင်း ကို ယေဘူယျ တပ်ခွဲ (၂)ခွဲနှင့် တရုံး ဖြင့် စုဖွဲ့ကြပါသည်။ သို့သော် လက်တွေ့ အနေအထား တွင် တပ်ခွဲ တခွဲကို အများဆုံး အင်အား (၅၀)ခန့်သာ ရှိပါသည်။ ဤသို့ကြောင့် စစ်ကြောင်း တကြောင်းတွင် ယျေဘူအားဖြင့် အင်အား (၈၀)မှ (၁၀၀)ကြား မျှသာ ရှိပါသည်။ တပ်ရင်း တရင်းတွင် အများဆုံး အင်အား (၁၇၀)ကျော်သာ ရှိတော့သည်။
ရှမ်းပြည် မြောက်ပိုင်းတွင် ပလောင်တပ်ဖွဲ့ (TNLA) မှ (၆)ရင်း၊ (KIA) မှ(၈) ရင်း၊ SSPP ခန့်မှန်း (၄)ရင်း၊ RCSS ခန့်မှန်း (၁၅၀၀)ခန့် ရှိသည်ဟု ဒေသခံများ ၏ ခန့် မှန်းချက် အရ အင်အား (၇၀၀၀)ကျော် ရှိနိုင်ကြောင်း ဆိုပါသည် ။
အစိုးရ တပ်ဖွဲ့များ သည် ဤမျှ များပြားသော တော်လှန်ရေး အဖွဲ့များကို မိမိတို့တွင် ရှိသော အင်အားဖြင့် တချိန်တည်း တပြိုင်တည်း စစ်ဆင်ရန် မဖြစ်နိုင်ပေ။ ဤ သို့ကြောင့် သွေးခွဲသည့် စစ်ဆင်ရေး စနစ်ကို ကျင့်သုံးရပါသည်။ ပလောင် ကို စစ်ဆင်ချိန်တွင် ရှမ်း ဖက်စစ် ဆင်ရေးကို ရပ်ထားရပါသည်။ အလားတူ RCSS ကို စစ်ဆင်ချိန်တွင် SSPP ဖက်ကို ရပ်ထားရ ပါသည်။ ဤနည်းဗျူဟာ ဖြင့် စစ်ဆင် လာနေ သည်မှာ နှစ်ပေါင်း မနည်းတော့ချေ။
လက်ရှိ အခြေအနေ တွင်လည်း အစိုးရ တပ်များသည် ဒေသခံ တပ်နှင့် မလုံလောက် တော့ သဖြင့် အဝေးရှိ ဧည့်တပ် များပါ ဆင့် ခေါ်ပြီး မှ စစ်ဆင် နေရ သည့် အခြေအနေ ဖြစ်လာ ပါသည်။ အကယ်၍ တိုင်းရင်းသား တပ်များ ဖက်မှ တချိန်တည်း (စစ်ဗျူဟာ တခုတည်းဖြင့်) စုပေါင်း စစ်ဆင်ပါက မည်သို့ ဖြစ်လာနိုင်မည် ကို စဉ်းစားစရာ ရှိနေကြောင်း စစ်ရေး အကဲခတ်များက ဆိုနေပါသည်။