ကရင်ပြည်နယ်၊ ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်၊ လေးဝါးစခန်း တွင် ကရင်အမျိုးသား ရဲတပ်ဖွဲ့ (Karen National Police Force K.N.P.F) သင်တန်းဆင်းပွဲ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ ကျင်းပခဲ့သည်ဟု ဗဟိုတရားရေးဌာန ၀န်ထမ်းတဦးက ပြောသည်။
သူက “ ပထမဆုံး သင်တန်းတော့ မဟုတ် ပါဘူး။ ဖွဲ့စည်းပုံ အရ ရှိနေတာ ကြာပါပြီ၊ အကောင် အထည်တော့ ဖေါ် နေ တာပါဘဲ။ ဒါပေမဲ့ တော်လှန်ရေး အခြေ အနေ ကြောင့် မပီပြင်ခဲ့ ဘူးပေါ့နော်။ ဒီနှစ်ပိုင်း တွေမှာ ငြိမ်းချမ်းရေး တွေ အခြေ အနေလေး တွေ နဲနဲ တည်ငြိမ် လာတော့ အကောင် အထည် ဖေါ်လိုက်ပါဘဲ။”ဟု ဆိုပါသည်။
သင်တန်းကို KNU တရားရေး ဌာနမှ နည်းပြ များနှင့် နိုင်ငံ တကာ နည်းပြ အချို့တို့က သင်ကြား ပေးခဲ့ခြင်း ဖြစ်ပါ သည်။ ယင်းသင် တန်းသို့ ရဲအရာရှိ (၈၀) ခန့်တက် ရောက်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် စတင်ခဲ့ ခြင်း ဖြစ်ပါသည်။
ဤ သင် တန်းကို ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ပြည် ထဲရေး နှင့် သာသနာ ရေးဝန်ကြီး ဌာနက ကြီးမှူးဖွင့် လှစ်သော ဥပဒေနှင့် မှုခင်း စုံစမ်း စစ်ဆေး ရေးသင်တန်း ဖြစ်ပါသည်။ ဤသင်တန်းမှ သင်ကြားပေး ခဲ့သော ရဲအရာ ရှိများကို အခြေခံပြီး ဆင့်ပွားသင်တန်း အဖြစ် KNU လက် အောက်ခံ ခရိုင်အသီး သီးတွင် မကြာမှီ ထပ်မံ သင်ကြား သွားမည်ဟု ဆိုပါသည်။
(KNU) ရဲအရာရှိ များသည် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် တနင်္သာရီ တိုင်းရှိ ၄င်းတို့လက် အောက်ခံ နယ်မြေများမှ တက်ရောက် လာခဲ့ခြင်း ဖြစ် ပါသည်။ (KNU) သည် ၄င်းတို့ စိုးမိုးသော နေရာများ တွင် ၄င်းတို့၏ တရား ဥပဒေများ နှင့် အညီ စိုးမိုးအုပ်ချုပ် သွားရန် လေ့ကျင့် သွားမည်ဟု ပြည်ထဲရေးနှင့် သာသ နာ ရေး ဌာနမှူး ပဒိုစော အားတိုး မှ သင်တန်း ဆင်းပွဲ တွင် မီဒီယာ သမားများအား ပြောကြား ခဲ့ပါသည်။
KNU ၏ လက်ရှိ ဖွဲ့စည်းပုံ အရ ရဲချုပ် မှာ စောလယ့်ဝေါ် ဖြစ်ပြီး၊ ခရိုင်ရဲ မှူး များ အဖြစ် (မြိတ်/ထားဝယ်) ခရိုင်တွင် စောကြီးနို ဖြစ်ပြီး ဒူးပလားယား ခရိုင် (မော် လမြိုင်ခရိုင်) စောတီးတု၊ ဖါးအံခရိုင် တွင် စောအိုက် ဇက် သထုံ ခရိုင်တွင် စောဆာ့ ဘောနော်၊ တောင်ငူ ခရိုင်တွင် စောစိန်မြ ညောင်လေးပင် ခရိုင် တွင် စော ခရစ်မူးစေး နှင့် ဖါပွန် ခရိုင်တွင် စော အဲ့ကော်ဂေ၊ တို့ဖြစ်ကြသည်။
KNU ဗဟိုတရား သူကြီးအဖြစ် ပဒိုနော်မြိုင်ဖိုး ဖြစ်ပြီး တရား သူကြီး သင်တန်း များကိုလည်း ဆက်လက် ပို့ချရန် ရှိ နေ ပါ သည်။ ဤသင်တန်း ဆင်းပွဲသို့ (KNU) အထွေအထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း ဦးဆောင်သော ခေါင်း ဆောင် များလည်း တက်ရောက် အားပေးခဲ့ ပါသည်။
KNU သည် ကရင်အမျိုးသား ရဲတပ်ဖွဲ့ကို (၁၉၉၁) ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ပြီး ဖွဲ့စည်းပုံ အရ ခရိုင် (၇)ခုတွင် ရဲအင်အား (၁၆၃၂) ဦးနှင့် ဖွဲ့စည်း သွားမည် ဟု ပြ ဌာန်းထားပါသည်။ သို့သော် လက်တွေ့တွင် တည်ငြိမ်မှု မရှိသဖြင့် ဦးစား မပေးနိုင် ခဲ့ကြောင်း၊ ယခုကဲ့ သို့သော အခြေအနေ မျိုးတွင်သာ ရဲအင် အားဖြည့်တင်း ခွင့်ရခဲ့ခြင်း ဖြစ် သည်ဟု KNU ရဲချုပ်က ဆိုပါသည်။