ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ (၃)နာရီခန့်တွင် တအာင်း အမျိုးသား တပ်မတော် (PSLF/TNLA) တပ်ရင်း (၇၁၇)တပ်ဖွဲ့များ သည်အစိုး ရကျောက်မဲ အခြေချ အမှတ်(၁) စစ် ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်လန်မြို့ အခြေစိုက် ခမရ ၅၀၅ တပ်ဖွဲ ့နှင့် မန်တုံမြို့နယ် ထဲတ်ကျဲတ် (ရူဝိုင်း) ကျေး ရွာ အနီးတွင် တွေ့ဆုံ တိုက် ပွဲဖြစ် ပွား ရာခမရ (၅၀၅) စစ်ကြောင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သန့်ဇင်ထွန်း အပါအဝင်အများအပြား ကျဆုံးခဲ့သည်ဟု (TNLA) ပြန် ကြား ရေး အရာရှိ ဗိုလ်အိုက်ကျော် မှ ဆိုပါသည်။
“ သူတို့တပ်က ထဲတ်ကျဲတ် တောင်ပေါ်ကို တက်လာ နေတဲ့အချိန် ကျနော်တို့ တပ်က တောင်အောက် ကို အဆင်း သူတို့မောပမ်း နေတဲ့ အချိန်ပေါ့ အဲဒီ အချိန် မှာ တွေ့ဆုံ တိုက်ပွဲ ဖြစ်ခဲ့တာပါ။ ဒီတော့ ဖြစ်ဖြစ်ချင်း အထိနာတော့ တောင်အောက် ဖက်ကို ပြေးဆင်းတော့ တာပါဘဲ။ သူတို့တက် လာမလား ဆိုတာလဲ မသေ ချာတော့ စောင့်ပစ် နေတယ်။ နောက်တော့ သူတို့ စစ်ကူ တောင်းတဲ့ အချိန် သူတို့ အချင်းချင်း စကားပြောစက် နဲ့ ပြောတော့မှ ဒုတိယ ဗိုလ်မှူးကြီး သန့်ဇင်ထွန်း ကျဆုံး သွားတယ်လို့ သိရ တယ်လေ။”ဟုဆိုပါသည်။
ယင်းတိုက်ပွဲ တွင် စစ်ကြောင်းမှူး အပါ၀င် အခြားဆင့် (၁၀)ဦးခန့်ကျသွားခဲ့ကြောင်း၊ တိုက်ပွဲသည် ကြိုးကြား ပစ်ခတ်နေကြပြီး ညနေ(၄) နာရီခွဲထိဖြစ် ခဲ့သည် ဟုဆိုပါသည်။ ခမရ ၅၀၅ စစ်ကြောင် သည် နမ့်ဆန်မြို့နယ် ရူမန်း ကျေးရွာ ဖက်မှ ချောင်းငယ် တခုဖြတ်ပြီး မန်တုံမြို့နယ် ထဲတ်ကျဲတ်-ရူဝိုင်း တောင်ပေါ် သို့ စစ်ဆင် တက်လာစဉ် တိုက်ပွဲဖြစ် ခဲ့ ခြင်း ဖြစ်ပါသည်။
ယင်းတိုက်ပွဲ မဖြစ်ပွားခင် ယနေ့ နေ့လည် ၁၂းဝဝ နာရီခန့်တွင်လည်း နမ့်ဆန်မြို့နယ် အခြေစိုက် (TNLA) တပ်ရင်း ၂၅၆ မှ တပ်ဖွဲ့ များသည် ခမရ (၁၇၊ ၅၀၆) နှင့် ခလရ (၁၁၅) တပ်ဖွဲ့များ ပါသော ပူးပေါင်း စစ်ကြောင်းတို့ နှင့် ယခု တိုက်ပွဲနှင့် သိပ်မဝေးသော ဟို မိန်း ကျေးရွာ နှင့် ပန်ဆွေ ကျေးရွာ အကြားတွင် မိနစ် (၃၀)ခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ် ပွား ခဲ့ပါသည်။
ယင်း တိုက်ပွဲတွင် လည်း အစိုးရ တပ်ဖွဲ့မှ အနည်းဆုံး (၃)ဦး ကျဆုံးကြောင်း (TNLA) ပြန်ကြားရေး အရာရှိက ဆို သော်လည်း သီးခြား အတည်ပြု ချက် မရခဲ့ပေ။ သို့သော် လက်ရှိ တိုက်ပွဲ ဖြစ်ပွားသော နေရာတွင် စစ်ကူအမြန် လိုအပ်နေ သဖြင့် ယနေ့ ညနေ ၃ခွဲ ခန့် တွင်လားရှိုးမြို့ ဘက်မှ စစ်တပ်ယာဉ်တန်း ၁၀ စီးခန့် သည် နမ္မတူမြို့ကို ဖြတ်သန်းပြီးယခု တိုက်ပွဲဖြစ်ပွား သည့် နေရာသို့ ချင်းကပ် လာနေသည်ဟု (TNLA) ဖက်က ဆိုပါသည်။
လွန်ခဲ့သောဖေဖော်ဝါရီ ၃ ရက်နေ့တွင် အစိုးရ ခမရ ( ၁၇၊ ၅၀၆ ) နှင့် ခလရ ၁၁၅ တို့နှင့်အတူ တပ်မ ၉၉ လက် အောက်ခံ တပ်ရင်းများ လည်း ပလောင် ကိုယ် ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ နမ့်ဆန်မြို့သို့ ရောက်ရှိလာပြီးနမ့်ဆန်-မန်တုံ မြို့နယ် တဝိုက်တွင် စစ်ကြောင်း (၅)ကြောင်း ဖွဲ့ကာ နမ့်ဆန်မြို့နယ် အတွင်းရှိ (TNLA) တပ်များကို ဆက်တိုက် စစ်ဆင်နေ ခဲ့ပါသည်။
(TNLA) တို့၏ အမှတ်(၂) စစ်ဗျူဟာသည် မိုးမိတ်၊ မိုးကုတ်နှင့် နမ့်ဆန်မြို့နယ် ကြားတွင် ဘိန်းတိုက် ဖျက်ရေး စီမံကိန်း အတွက် စစ်ဆင်လျှက် ရှိသည်။ အစိုးရ တပ် များနှင့်လည်း မကြာခဏ တိုက်ပွဲဖြစ် ပွားခဲ့ပါသည်။ ဤသို့ကြောင့် မကြာ ခဏ တိုက်ပွဲဖြစ်ပွား နေခဲ့ရာ ပြီးခဲ့သည့်ဇန္နဝါရီလ ၂၅ ရက်နေ့တွင် တကြိမ်၊ TNLA တပ်ရင်း ၂၅၆ နှင့် ခမရ ၅၀၆ စစ် ကြောင်းတို့ နမ့်ဆန်မြို့အနီး၌ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့စဉ် ခမရ (၅၀၆) စစ်ကြောင်းမှူး အပါ၀င် တပ်ခွဲမှူး အရာရှိ ၂ ဦးနှင့်အခြား အဆင့် ၃ ဦး စုစုပေါင်း ၅ ဦးကျဆုံးခဲ့ သည်။
ထို့အပြင် ဖေဖော် ဝါရီ၃ ရက်နေ့တွင်လည်း TNLA တပ်ရင်း ရ၁၇ နှင့် ခလရ ၂၂၃ တို့ မိုးကုတ်မြို့အနီးတွင်တိုက်ပွဲ ဖြစ်ပွားရာ အစိုးရ တပ်ဖက်မှ တပ်ကြပ်ကြီး တဦး ကျဆုံးပြီး MA 1 တလက်နှင့် ကျည်များသိမ်းဆည်း ရမိခဲ့ပါသည်။
TNLA နှင့် အစိုးရ တို့ သည် အပစ်အခတ်ရပ် စဲရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလ တွင်ရှမ်းပြည် မြောက်ပိုင်းမူ ဆယ်မြို့ တွင် နောက် ဆုံး တွေ့ ဆုံ ဆွေးနွေးခဲ့ ပါသည်။ ယင်းကဲ့သို ့ဆွေးနွေးခဲ့သော် လည်း နောက်ပိုင်းတွင် TNLA သည် အပစ်အခတ် ရပ်စဲရေး ကို လက်မခံသည့် အဖွဲ့ဖြစ်သည့် အတွက် တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ဦးအောင် မင်းမှ (TNLA) ဥက္ကဌ တာအိုက်ဖုန်း အားပြောကြား လိုက်ပါသည်။
အလားတူ (TNLA) ကလည်းအပစ် အခတ်ရပ်စဲရေး ထက်နိုင်ငံရေး ဆွေးနွေးပွဲဖြစ် လာရေး အပါ၀င် စစ််ဆင်ရေး နှင့်တိုက်ပွဲ များလျှော့ချ ပေးရန် တောင်း ဆိုနေ ခဲ့ပါသည်။ ဤသို့ကြောင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မရရှိသေး သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ် ဖွဲ့ထဲတွင် TNLA လည်းတဖွဲ့ အပါ၀င် ဖြစ်ပါ သည်။