(မွန်တို့ဌာနေ ရာမည)။ ။ဘီလူးကျွန်း က ဟင်္သာ တံဆိပ် ငွေပြားလွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါကမြန်မာနိုင်ငံ အတွင်းကိုရောက်ရှိနေထိုင်ခဲ့တဲ့ “မွန်၊ ပလောင်၊ ဝ” ထက်စော တဲ့ ရှေ့ပြေး လူမျိုးတမျိုး နီဂရစ်တို တို့ နေ ထိုင်ခဲ့ တယ်လို့ဆိုတယ်။မွန်လူမျိုးတွေဝင်ရောက် အခြေချလာတဲ့ အခါ နီဂရစ်တို လူမျိုးများ တောင်ဘက် ကို ပြောင်းရွေ့ နေထိုင်ခဲ့ ဟန်တူတယ်လို့ဆိုတယ်။
ဘီလူးကျွန်း ဒေသမှာ နီဂရစ်တို အနွယ်ဝင် စမင်း( ဆေးမန်း)လူမျိုးများ နေထိုင်ခဲ့ပြီး မော်မြိုင် တဘက် ကမ်းဘီး လူးကျွန်းကို မွန်အခေါ် တကော့ခမိုင်း လို့ခေါ်တယ်။ တကော့= ကျွန်းလို့အဓိပ္ပါလ်ရပြီး ခမို်င်းဆိုတာ မူလ အသံထွက်( စမောင်) ( စမင်း) ဖြစ်တယ်။ ရှေးမွန်စာ ရှင်မွေ့နွန်း မင်းနန္ဒာ ပျို့မှာ ခမိုင်းကို အကိုင်းခက်များ တဲ့သစ်ပင်လို့ ဆိုတယ်။
တကော့ သမိုင်းရေးရာ ကနေ တကော့ခမိုင်းလို့ပြောင်းလဲခဲ့တယ်။ အဲဒီခေတ်က စမောင် (သို့) စမင်း ( semang) လူမျိုးတို့ဟာ အဝတ်စား မဝတ် နှုတ်ခမ်းထူ ပြီး အသားမဲ ဆံကောက် ၊ ရေကူး ကျွမ်းကျင်ပြီး ခက်ထန် ကြမ်းကြုတ်တဲ့ လူမျိုးများဖြစ်လို့ ဘီလူး သဘက်နဲ့တူလို့ စမင်းတို့နေတဲ့ကျွန်းကို ယက္ခကျွန်း သို့ ဘီလူးကျွန်းလို့ခေါ်ခဲ့ ဟန်တူတယ် လို့ယူဆကြတယ်။
စမင်းလူမျိုး တွေကို အခု မာလာယုကျွန်းမှာ တွေ့နိုင်တယ်။ သူတို့လက်ရှိ သုံးနေတဲ့ စကားတွေမှာ ရှေးမွန်စကားနဲ့တူတဲ့အသုံးနုံး ဝေါဟာရတွေ အများကြီး ရှိတယ်။ ဒါ့ကြောင့် ရှေးခေတ် ရေဘီးလူးများ ရန်ကို မွန်တို့ဟာပရိတ်တော် များရွတ်ဖတ်ပြီး နှင်ထုတ်ခဲ့ရတာ စမင်းကို ဆိုလို ဟန်တူတယ်လို့ ရှေးဟောင်း သုတေသနရှင် ဒေါက်တာ ဂျီအေဂရိ အာဆင်က အိန္ဒယနိုင်ငံ ဘာသန္တရ လေ့လာခြင်း စစ်တန်းဆိုတဲ့ စာအုပ်မှာ ဖေါ်ပြထား တယ်လို့ဆိုတယ်။
သုဝဏ္ဏဘူမိနှင့် ပတ်သက် စပ်လျဉ်းပြီး ခေါမပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့ကမ်းရိုးတန်း တလျှောက်မှာ အရပ်ပုပြီး ကြံ့ံခိုင်တဲ့ လူကြမ်းများ နေထိုင်ကြတယ်။ သူတို့ဟာ မူရင်း တိုင်းရင်းသား ဖြစ်တဲ့သြစ တြိုနီးရှင်းများ၊ မြန်မာစာ ပေလောကမှာ ဘီးလူးလို့ ခေါ်တဲ့ လူများ ဖြစ်တန်ရာတယ်။
မွန်၊ ခမာ အနွယ်စုတို့ ရောက်လာတဲ့ အခါ မခုခံနိုင်ဘဲ စမင်းတွေ ဟာပင်လယ်ရှိ ကျွန်းများ ပေါ်ကို ဆုတ်ခွာသွား ခဲ့ရတယ်လို့ရေးထားတယ်။ ဘီလူးကျွန်း ဒေသ ကနေ စမင်း လူမျိုးတွေ ဘယ်ချိန်က ပျောက်ကွယ်သွား တယ်ဆိုတာ မဖေါ်ပြထားဘူး။ ဘီလူးကျွန်း ဒေသဟာ မုတ္တမနဲ့နီးသလို မော်လမြိုင်နဲ့လဲနီးလို့ မုတ္တမ စည်ကားတဲ့ ခေတ်မှာ ဖွ့ံဖြိုးတိုးတက် ခဲ့ပုံရတယ်။ အခုပုံမှာ ပြထားတဲ့ ငွေပြား အချို့ကို အခြား မွန်ဒေသမှာ မတွေ့ သလောက်ရှားမယ် ထင်တယ်။ ငွေပြား တစ်ဘက်မှာ ဟင်္သာ ပုံခေတ်နှိပ်ထားပြီး တဘက်မှာတော့ ဘာမှမပါဘူး။
ငွေကြေး အဖြစ်သုံးခဲ့ သလား။ အမှတ်တံဆိပ် အဆောင်ဘဲ သုံးခဲ့သလား ဆိုတာနိုင် ခင်မောင်လေးကို မေးကြည့်တော့ ပိုက်ဆံနဲ့ တူတယ်လို့ထင်မြင်ချက် ပေးပါ တယ်။ ဒေါက်တာ မက်ဟလို ကတော့ မွန်လူမျိုးတွေ သုံးခဲ့တဲ့ ပိုက်ဆံလို့ မထင်ဘူးလို့ဆိုပါတယ်။ ငွေပြားက အတော်လေး ထူပြီး ဟင်္သာအစာချီ နေတဲ့ ပုံခတ်နှိပ် ထားတယ်။ အများပြား မတွေ့ ရသေးတော့ ဘာအတွက် သုံးခဲ့တယ် မဆိုနိုင်ပေမဲ့ မွန်ဒေသတွင်းမှာ ဟင်္သာ အမှတ်သားတွေ ကို အမြတ်တနိုး သုံးခဲ့ကြတဲ့ အထောက်ထား တစ်ခုဆိုတာ ကတော့ သေချာပါတယ်။