အောင်မြင်လာနေသော အစိုးရပေါ်လစီများ အမြီးကျမှ တစ်ဆို့နေခြင်း အပိုင်း (၁)

အောင်မြင်လာနေသော အစိုးရပေါ်လစီများ အမြီးကျမှ တစ်ဆို့နေခြင်း အပိုင်း (၁)
by -
ရွှေဟင်္သာ

လက်ရှိအစိုးရ သစ်သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှ တက်လာသော စစ်ဗိုလ်ချုပ်များ ပါတီမှ ကိုယ်စား လှယ်များ ဖြစ်ပါသည်။ ၄င်းတို့သည် စစ်အာဏာရှင် စနစ်မှ  ချက်ချင်း အသွင် ကူးပြောင်း လာကြသည့် တက်သုတ်ရိုက် ပြည်သူ့ ကိုယ်စားလှယ် များလည်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူများ ဒုက္ခ ရောက်ရှိချိန် နာဂစ် မုန်တိုင်းကြားမှ တက်သုတ်ရိုက်ပြီး အတည်ပြုရာ၂၀၁၀ ရွေးကောက်ပွဲ
ကျင်းပပြီး ကြိုတင်မဲ အစီစဉ်ဖြင့် အပြတ်အသတ် အောင်မြင် ခဲ့ပါသည်။  

ဤသို့ဆိုလျှင် စစ်အာဏာရှင်များ ဘာကြောင့် အသွင် ကူးပြောင်း ချင်ကြရပါသလဲ။ ဘာကို ကြောက်ကြ ပါလိမ့်။ စစ်တပ်ကြီးကို အားကိုးပြီး အကြောက်တရား ရှိနိုင်ပါ့မလား ဟူသည့် တွေးတော စရာဝိသေသ ဖြစ်လာ ခဲ့ပါသည်။ အမှန်တကယ် အားဖြင့် ပြောရပါမူ အကြောက်တရား အခြေခံဖြင့် ပြုပြင်ပြောင်းလဲခြင်း ဖြစ်ခဲ့ကြောင်း သက်သေများက ထောက်ပြ နေပါသည်။

ILO ၏ စီးပွားရေး ပိတ်ဆို့မှုနှင့် အမေရိကန် ၊ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် ထင်ရှားကြောင်း အစိုးရ ၀န်ကြီးများ၏ မီဒီယာစကားများ အရ သိသာနိုင်ပါသည်။ မြန်မာ စစ်အာဏာရှင် စစ်အစိုးရသည် ပြုပြင်ပြောင်းလဲခြင်း မရှိဘဲနှင့် အာဆီယံ ဥက္ကဌ ရာထူးကို ရယူရန် ၂၀၀၄ ခုနှစ်တွင် ကြိုးစားခဲ့ရာ မအောင်မြင်ရာမှ ဘဝအမှန် သိလာပုံရသည်ဟု မှတ်ချက်ပြုရပေမည်။ အလှည့်ကျ
 အာဆီယံ ဥက္ကဌ ဖြစ်ခွင့် ရှိရက်နှင့် လက်လွတ် ခဲ့ရပါသည်။

တချိန်ထဲတွင် မြန်မာစစ် အာဏာရှင် များကို အကာအကွယ် ပေးနိုင်ရန် တရုတ် ရုရှားလို ကုလ သမဂ္ဂ ဗီတို အာဏာ ရှိသူ များနှင့်  ပေါင်းသင်း ဆက်ဆံ ရပါသည်။ ဤကဲ့သို့ စစ်အာဏာရှင်တို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်း ယူပြီးတရုတ် ပြည်သည် မြန်မာတို့၏သယံဇာတကို မျက်နှာမထောက်ဘဲ ရမျှကြံုးပါလေ တော့သည်။ နာနေရက်နှင့် သီးခံနေရ ပြီး ထောက်ထား စာနာနေရကြောင်း ၀န်ကြီးဦးအောင်မင်း အပါ၀င် စစ်အာဏာရှင်ဝန်ကြီးများက ထုတ်ဖေါ်ပြောကြားခဲ့ပါ သည်။

ဤသို့ကြောင့် အာဆီယံဥက္ကဌဖြစ်လာရေး၊ စီးပွားရေးပိတ်ဆို့မှုမှ ကင်းဝေးရေး၊ တရုတ် အားကိုးမှုမှ သက်သာရေး၊ အနာဂတ်အာမခံရှိရေးအတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်လာပါသည်။ ပိတ်ဆို့မှုများ အားလုံးသည်လည်း ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်ပေးရန် တောင်းဆိုနေခြင်းသာ ဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် စစ်အာ ဏာရှင်းများသည် ၄င်းတို့၏ စစ်တပ်ကြီးကို အားကိုး၍မရနိုင် တော့ပါ။ ချုပ်၍တင်ပြရမည်ဆိုပါက အာဏာရှင်များသည် မကြိုက်သော်လည်း ပြုပြင်ပြောင်းလဲရေးကို လက်ခံလိုက်ရပါတော့သည်။

ဤသို့ကြောင့် စီးပွားရေး၊ နိုင်ငံရေး အကျိုုး စီးပွားများကို ပိတ်ပင်ထားသည့် အနောက်နိုင်ငံများ လက်ခံလာနိုင်ရန်ဘာတွေပြုပြင်ပြောင်း ခဲ့ရပါသလဲ။
(၁) နိုင်ငံတော်ဖွဲ့စည်းပုံတရပ်ဖြစ်ပေါ်လာရေး။
(၂) ဖွဲ့စည်းပုံကိုအခြေခံသည့်လွှတ်တော်၊အစိုးရတရပ်ပေါ်ထွန်းလာရေး၊
(၃) အတိုက်အခံအခန်းကဏ္ဍကို အသိအမှတ်ပြုရန်နှင့်
(၄) မီဒီယာလွတ် လပ် မှုများကို အသိအမှတ်ပြုရန် တို့ကို ပြုပြင်ပြောင်းလဲလာခဲ့ရပါသည်။

စစ်အာဏာရှင်များ၏ အောင်မြင်သော ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ။

၁။ ILO ၏ အဓမ္မလုပ်အားစေခိုင်းခြင်း နှင့် ကလေးစစ်သားအသုံးပြုမှု စွပ်စွဲမှုဖြင့် စီးပွားရေးပိတ်ဆို့ထားပါ သည်။ ဤ သည်ကို ၂၀၁၁ခုနှစ် နိုဝင်ဘာလလွှတ်တော်တွင်  လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် ဥပဒေကို တက်သုတ်ရိုက် အတည် ပြုပေးပြီး ILO သို့သတ်မှတ် အချိန်မှီတင်သွင်းနိုင်ခဲ့ခြင်း၊ ကလေးစစ်သားပြသနာနှင့်
အဓမ္မလုပ်အားပေးကိစ္စကို ရက် သတ်ပေးပြီးခံဝန်ချက်ပေးခြင်းအားဖြင့် ၂၀၁၃ခုနှစ် ဇွန်လ ILO အစည်း အဝေးမှ မြန်မာနိုင်ငံအား စီးပွားပိတ်ဆို့ထားမှုကို ကင်းလွတ်ခွင့်ပေးခဲ့ပါသည်။

၂။ အာဏာရှင်များသည် ၂၀၀၄ ခုနှစ်အလှည့်ကျ အာဆီယံဥက္ကဌရာထူးမှ လွတ်ခွာခဲ့ရပြီးနောက်ပိုင်းတွင် အာဆီယံမူ ဖြစ်သော ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးပါ့မည် ဆိုသည့်အာမခံချက်ပေး ခဲ့ရပါသည်။ ဤသို့ကြောင့် နောက်ထပ်တကြိမ် အလှည့်ကျ ဥက္ကဌဖြစ်ချိန်အမှီ တက်သုတ်ရိုက်ပြီး ပြုပြင် ပြောင်း လဲနေရပါသည်။ ယခုတော့ ဆီး ဂိမ်းအားကစားပွဲ သဘင်ကျင်းပပြီး အာဆီယံဥက္ကဌရာထူးကို ၂၀၁၄ ခုနှစ်၌ လက်ခံတော့မည် ဖြစ်ပါသည်။

ဤသို့ ကြောင့် အာဏာရှင်များသည် ပြုပြင်ပြောင်းလဲရေးကို နောက်ဆုတ်တော့မှာ မဟုတ်ဘူးဆိုတာ တွင်တွင် ပြောနေခြင်း ဖြစ်ပါသည်။ အာဏာပြန်သိမ်းရန် မဖြစ်နိုင်တော့သည့် အခြေအနေကို သိသာထင်ရှားစေပါသည်။

၃။ တရုတ်ပြည်အားကိုရေးမှ ရှောင်ဖယ်ပြီး အားကိုးရာအသစ်ရရှိလာခြင်း။ တရုတ်ကိုအားကိုးလာရာမှ စီးပွားရေးအရ နိုင်ငံရေးအရ ကမောက်ကမဖြစ်လာရာမှ အမေရိကန်တို့၏ အာမခံချက်များရရှိလာသည်နှင့် သမ္မတကြီးသည် တရုတ် နိုင်ငံ၏ စီးပွားရေးအချို့ကို သတ္တိကောင်းကောင်းဖြင့် ကန့်သတ်လာပါသည်။
ဤအချိန်တွင် အမေရိကန်သည် မြန်မာ စစ်အုပ်စုနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုအပြင် စီးပွားရေးအရပိတ်ဆို့မှုများကို ကင်းလွတ်ခွင့်ပေးလာခဲ့ပါ သည်။ ထို့အပြင် မြန်မာ့စီးပွားရေးကို ကြာခံပေးရန် ကမ္ဘာ့ဘဏ် ရုံးခွဲပါ မြန်မာနိုင်ငံသို့ရောက်လာပြီး မြန်မာ့ဗဟို ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်နေပြီးဖြစ်ပါသည်။

ထိုအထဲတွင် အာဏာရှင်ဘဝချိန်က မတရားနည်းဖြင့် ရယူထားသည့်ငွေမဲများ ငွေဖြူဖြစ်ခွင့်ရရေးသည်လည်း လမ်းပွင့် သွားခဲ့ပါသည်။ ကြုံတုန်း ပြောရမည်ဆိုလျှင် ၄င်းတို့၏ ငွေမဲများသည် ဦးပိုင် လီမီတက်မှ ငွေဖြူဖြစ် ရေး အတွက်ရင်းနှီး မြှုပ်နှံခွင့်ရရန် UMFCCI သို့ ပြောင်းလဲထားပြီးဖြစ်ပါသည်။ ဦးပိုင်သည် နည်းပရိယာအရ အချိန်အတိုင်းအတာ အခုအ တွင်းထားရှိပြီး ၄င်းကုမ္ပဏီကို အရေးယူမည့်ပုံစံ တမျိုးမျိုးဖြင့် ဖျက်သိမ်းတော့ မည်ဖြစ်သည်။ ယခုချိန်မှာ ဒေါ်လာ၁၁ ဘီလီယံတို့ ဒေါ်လာ(၅)ဘီလီယံတို့ အာဏာရှင်ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများပေါ်လာနေပြီး မဟုတ်ပါလား။ အကင်း ဘဲ ရှိပါသေးတယ်။  ဤကိစ္စကို ပြည်သူသိအောင် ကမ္ဘာ့ဘဏ်က တဖက်လှည့်ပြီး လူသိရှင်ကြား ထုတ်ပြောလိုက်ခြင်းသာ ဖြစ်ပြီးအာဏာရှင်များအား ထပ်မံအကြပ်ကိုင်နိုင်မည့် အကွက်လေးမျှသာ ဖေါ်ပြခြင်းလိုက်ခြင်းပင်ဖြစ်ပါသည်။

၄။ NLD နှင့်ပြည်တွင်းနိုင်ငံရေးအုပ်စုများသည် အာဆီယံမူအရ ဒီမိုကရေစီ နိုင်ငံအသွင်ဆောင်ရန် လိုအပ် သည့် အခင်း အကျင်းဖြစ်သဖြင့် ခွင့်ပြုထားရခြင်းဖြစ်ပါသည်။ သို့သော် အာဏာပိုင်များအား ပြန်လှန်၍ မရနိုင်သည့် အင်အားချိန်နဲ့ သည့် အနေအထားမျိုး၌ ချိုးနှိမ်ထားမည်ဖြစ်သည်။ နည်းပရိယာမှာမူ မျိုးစုံလှသဖြင့် မသိသူများကျော်လွှားသွားနိုင်ပြီး အသုံချကွက်ထဲ၌ ပုံစံသွင်းလောင်းချထားမည်ဖြစ်ပြီး အကြောင်းသိသူများအဖို့ ရှောင်ကွင်းနိုင်လိမ့်မည်ဖြစ်သည်။

၅။ မြန်မာနိုင်ငံ၏ မီဒီယာအခန်းကဏ္ဍသည် ပွင့်လင်းလာပြီးဟု ဆိုကြပါသည်။ မထင်ပါ။ ခရိုနီပေါင်းမြောက် မြား စွာဖြင့် အချိန်ယူလေ့ကျင့်ပြီးမှ လွတ်လပ်သည့် စီးပွားရေးမီဒီယာများ၏ လုပ်ပိုင်ခွင့်များကို ချပေးလာ ခဲ့သည့် နည်းမျိုးကို တီ ထွင်ထားပါသည်။ ဤသို့ကြောင့် လွတ်လပ်သည့်မီဒီယာများသည် ပြိုင်ဖက်ခရို နီမီဒီယာများအား ကြိုးစားပြိုင်ဆိုင် နေ ရသည့်တချိန်ထဲတွင် အစိုးရ၏ မပြောင်းလဲသေးသည့် ဥပဒေဖြင့် လည်းထပ် မံကန့်သတ်ခြင်းခံနေရသည့် အဖြစ်မျိုးကြုံ နေရပြန်ပါသည်။

အစိုးရသည် မိမိကြိုက်နှစ်သက်သည့် ဥပဒေများကို ကြံ့ခိုင်ရေးအမတ်များက လွှတ်တော်မှအတည်ပြု ပေးနေပါသည်။ အတိုက်အခံများကိုလည်း အမျိုးအမည်အလိုက် စုဖွဲ့ခိုင်းပြီး ပါတီထောင်ခွင့် လမ်းကြောင်းမှ ၂၀၀၈  အခြေခံဥပဒေ အောက်၌ ပြိုင်ဆိုင်စေချင်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြုပြင်ပြောင်းလဲပေးပါ့မယ် ဆိုသည့် သင်း ကြန်အမြောက်လေသံနှင့် အသံကောင်းဟစ်နေသည့်အဆင့်၌ပင်
ရှိနေပါသည်။ ရေရာမှုမရှိပေ။

အောင်မြင်နေမှုကြားထဲမှ တစ်ဆို့နေသော အခက်အခဲတခုအကြောင်း

စစ်အာဏာရှင်များသည် အာဆီယံ၌လည်းကောင်း၊ နိုင်ငံတကာတွင်လည်းကောင်း၊ နိုင်ငံအုပ်ချုပ်ရေးအရ လည်း ကောင်း အောင်မြင်နေခဲ့မှာ အထင်အရှားဖြစ်ပါသည်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများသည်လည်း ပေါ်လွင်ထင်ရှား လာနေပြီး တိုးတက်မှုတစုံတရာထိ ရရှိနေပြီးဖြစ်ပါသည်။

သို့သော် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တည်ဆောက်မှုတွင် အစိုးရထင်သလို အောင် မြင်မှုရရှိခဲ့ခြင်းမရှိပေ။  တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်ရပ်ရေးတွင် လွယ်ကူသလောက် နိုင်ငံရေးဆွေးနွေးမှု တွင် တစ်ဆို့နေခဲ့ပါသည်။

နောက်ဆုံးအချိန်တွင် ၀န်ကြီးဦးအောင်မင်းက“ တပြည်လုံးအပစ်ရပ်ရေး လက်မှတ်ထိုးပွဲကို လက်မခံရင် လည်း လက် ခံတဲ့အဖွဲ့တွေနဲ့ အကောင်အထည်ဖေါ်ရမှာဘဲ အချိန်မရှိတော့ဘူးလို့” ထုတ်ဖေါ်ပြောကြား ခဲ့ရသည်အထိ တစ်ဆို့နေ ခဲ့ ခြင်းဖြစ်သည်။

အောင်မြင်မှုရနေသော အစိုးရသည် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို တပ်မတော်မူ (၆ ချက်ဖြင့် ခြိမ်း ခြောက်ထားပြီး တ ပြည်လုံးအပစ်ရပ်ရေး လက်မှတ်ထိုးပွဲနှင့် လွှတ်တော်နိုင်ငံရေးအောက် သွပ်သွင်းရေးကို ကြံုးသွင်းတော့မည်ဖြစ် သည်။ သို့သော် ထင်သလောက်မလွယ်ကူလှသဖြင့် အခက်အခဲဖြစ်နေဟန်တူ ပါသည်။

အစိုးရသည်ပြည်တွင်းငြိမ်းချမ်းရေးကြွေးကြော်သံဖြင့်တကမ္ဘာလုံးကိုကြေညာခဲ့ပါသည်။အာဆီယံ၊ဥရောပ၊အမေရိကန်စသည်ဖြင့်နိုင်ငံတော်ပြုပြင် ပြောင်းလဲရေးနှင့်အတူအမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေး တည် ဆောက်ရန် ဂတိဂဝတ်ပြုပြီးဆောင်ရွက်လာခဲ့ပါသည်။

ဤအထဲမှအပစ်အခတ်ရပ်စဲရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့်အပစ်အခတ်ရပ်စဲရန်မူချမှတ်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတပါ၀င်သောပြည်ထောင်စုငြိမ်းချမ်း ရေးဖော် ဆောင်ရေးဗဟို ကော်မတီကိုဖွဲ့စည်းပြီး၊ ဒုတိယသမ္မတဦးဆောင်သည့် လုပ်ငန်းဖေါ် ဆောင်ရေးကော်မီတီ ကိုပါ ဖွဲ့စည်းခဲ့ပါသည်။

နိုင်ငံတော်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ

(က)      ဦးသိန်းစိန်နိုင်ငံတော်သမ္မတ                                                                         ဥက္ကဌ
(ခ)        သီဟသူရဦးတင်အောင်မြင့်ဦးဒုတိယသမ္မတ္တ                                                     အဖွဲ့ဝင်
(ဂ)        ဒေါက်တာစိုင်းမောက်ခမ်းဒုတိယသမ္မတ                                                          အဖွဲ့ဝင်
(ဃ)      သူရဦးရွှေမန်းဥက္ကဌ၊ပြည်သူလွှတ်တော်                                                           အဖွဲ့ဝင်
(င)        ဦးခင်အောင်မြင့်ဥက္ကဌ၊အမျိုးသားလွှတ်တော်                                                    အဖွဲ့ဝင်
(စ)        ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်                   အဖွဲ့ဝင်
(ဆ)      ဒုတိယဗိုလ်ချုပ်ကြီးကိုကိုပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန                       အဖွဲ့ဝင်
(ဇ)        ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးပြည်ထောင်စုဝန်ကြီး၊နယ်စပ်ရေးရာဝန်ကြီးဌန                အဖွဲ့ဝင်
(စျ)       ဒုတိယဗိုလ်ချုပ်ကြီးသန်းဌေးပြည်ထောင်စုဝန်ကြီး၊နယ်စပ်ရေးရာဝန်ကြီးဌာန               အဖွဲ့ဝင်
(ည)      ဒေါက်တာထွန်းရှင်ပြည်ထောင်စုရှေ့နေချုပ်                                                       အဖွဲ့ဝင်
(ဋ)        ဦးမင်းဇော်ညွန်ကြားရေးမှူးချုပ်၊နိုင်ငံတော်သမ္မတရုံး                                           
အတွင်းရေးမှူး တို့ဖြစ်ပါသည်။ ဤပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ သည်ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်မူဝါဒချမှတ်ပေး ခြင်း၊ကြီးကြပ်ခြင်းတို့ကိုဆောင်ရွက်ရမည်။

ထို့အပြင် ငြိမ်းချမ်ရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအတွက်လိုအပ်သည့် အချိန်တွင်နိုင်ငံရပ်ခြားအဖွဲ့ အစည်း များနှင့်ဆက်ဆံခြင်း ရန်ပုံငွေထူးထောင်ခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာကိစ္စများ ကိုလုပ်ထုံးလုပ်နည်းရေး ဆွဲပြ ဌာန်းဆောင် ရွက်စေရမည်ဟူ၍ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။