မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ ဆန္ဒပြနေတဲ့ လယ် သမားတွေဆီကို သွားပြီး ကော်မရှင်ရဲ့ လေ့လာ တွေ့ရှိချက်တွေကို တင်ပြခဲ့ရာမှဒေါ်စုရဲ့ နိုင်ငံရေး သက်တမ်းတလျှောက် တခါမှ မကြံုဖူး တဲ့ တောင်သူလယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှု ကို ခံခဲ့ရတာဟာ တွေးတောစရာ ဖြစ်လာပါတယ်။
ဒါမျိုးကိစ္စတွေဟာ နိုင်ငံရေးလောက ဖြစ်ရိုးဖြစ်စဉ်တွေ ဆိုတာတော့ မှန်ပါတယ်။ သို့သော် စဉ်းစားစရာကတော့ ဒေါ်စုသာ တောင် သူလယ်သမားတွေရဲ့ အခြေအနေ၊ ခံယူချက်တွေပါ ထည့်တွက်မယ်ဆိုရင် ခုလို ရုပ်ပျက်ဆင်း ပျက် ဖြစ်စရာ အကြောင်းမရှိဘူးလို့ ယူဆပါတယ်။
တောင်သူလယ်သမားများဟာ စုံစမ်းရေး ကော်မရှင်ရဲ့ သဘောသဘာဝကို နားမလည်ရှာကြပါ။ အဲဒီမှာဒေါ်စုနဲ့ Communication gap ဆိုတဲ့ ဆက်သွယ်မှု ချွတ်ချော်သွားတာသာ ဖြစ်ပါတယ်။ ဒါလည်း အဆန်းတော့ မဟုတ်ပါ။ နေရာတိုင်းမှာ ဖြစ်နေကျပါပဲ။
စိတ်ဝင်စားဖို့ အလွန်ကောင်းတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ကတော့ နောက်တနေ့ (မတ် ၁၅ ရက်နေ့) မှာ မင်းကိုနိုင် က RFA ကို ပြောခဲ့တဲ့ စကားစုပါ။ ဒေါ်စု (မနေ့က) တောင်သူတွေကို ပြောခဲ့တဲ့ ကိစ္စမှာ ဒေါ်စုရဲ့ ဆက်သွယ်ရေး ဟာကွက် (Communication gap) တွေ ချက်ချင်း ဖြည့်ပေးခဲ့တာ တွေ့ခဲ့ရပါတယ်။
ကော်မရှင်ဟာ အကြံပေးတာလောက်ပဲ ရှိတယ်၊ ဒါဟာ အစိုးရက အတည်ယူချင်မှ ယူမယ် ဆိုတာတွေကို ရှင်းပြခဲ့တယ်။ လယ်သမားတွေရဲ့ နစ်နာကြေးတွေကိုလည်း ညှိယူလို့ ရကြောင်းတွေ ပြောဆိုရှင်းပြသွားတဲ့ အပြင် အရေးအကြီးဆုံးဖြစ်တဲ့ ဒီလိုပဋိပက္ခများကို ဘယ်လိုဖြေရှင်းနိုင်တယ် ဆိုတဲ့ ပဋိပက္ခ ဖြေရှင်းနည်း (Conflict resolution methodology) ကို တိတိပပ ရှင်းရှင်းလေး တင်ပြသွားတာ တွေ့ရပါတယ်။
သူပြောတဲ့ ပဋိပက္ခ ဖြေရှင်းဖို့ အဓိက အကျဆုံး အချက် (Key element) ကတော့ ပဋိပက္ခ ဖြစ်နေတာတွေကို စိန်ခေါ်မှု (Challenge) လို့ မမြင်ဘဲ Problem solving ခေါ်တဲ့ ပြဿနာရဲ့ အဖြေကို ရှာတဲ့အသွင် အတွေးအခေါ်ကို ပြောင်းဖို့ ပြောသွားပါတယ်။
ဝါကျ တခုတည်းနဲ့ အလွန် ခက်ခဲရှုတ် ထွေးနိုင်တဲ့ အခြေအနေကို တမုဟုတ် ချင်း ပြောင်းပစ်နိုင်တဲ့ သော့ချက်ကို ထိထိမိမိ ပြတ်သားစွာ ပြောသွားတာဟာ အနောက်နိုင်ငံမှာ ဆိုရင် သူ့ကို Nothing short of brilliant လို့ မှတ်ချက်ချကြမှာပဲ။
ဒါကတော့ မင်းကိုနိုင်ရဲ့ စကားဆက်သွယ်မှု (Communicaion skill) ဟာ အလွန်ထက်မြတ် ထူးခြားတဲ့ အရည်အချင်းပါ။ အထက်က ဝါကျ တခုတည်းနဲ့ အလွန် ခက်ခဲရှုတ်ထွေးနိုင်တဲ့ အခြေအနေကို တမုဟုတ်ချင်း ပြောင်းပစ်နိုင်တဲ့ သော့ချက်ကို ထိထိမိမိ ပြတ်သားစွာ ပြောသွားတာဟာ အနောက်နိုင်ငံမှာ ဆိုရင် သူ့ကို Nothing short of brilliant လို့ မှတ်ချက်ချကြ မှာပဲ။
ပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အုပ်စုတွေ တခုနဲ့တခု၊ တဦးနဲ့တဦး မျက်နှာချင်းဆိုင် မိမိတို့ရဲ့ လိုအပ်ချက်
တွေကို ပွင့်ပွင့်လင်းလင်း ချဆွေးနွေးတင်ပြဖို့၊ မကျေနပ်တာတွေကို စားပွဲဝိုင်းမှာ ချဆွေးနွေးပြီး တူညီတဲ့ ရလဒ်ကို ရှာဖို့ ပဋိပက္ခ ဖြေရှင်းနည်း Strategy (မဟာဗျူဟာ) ကိုလည်း ပြည့်စုံစွာ တင်ပြသွားပါတယ်။
မင်းကိုနိုင်ဟာ တင်ပြသွားတဲ့ Conflict resolution model စံနမူနာ နည်းနာဟာ အနောက်နိုင်ငံတွေမှာ Management (စီမံအုပ်ချုပ်မှု) ပညာရှင်တွေ နှစ်ပေါင်းများစွာ အမျိုးမျိုး အဖုံဖုံ စမ်းသပ်တီထွင်ကြံဆပြီး စနစ်တခု (Methodology) အနေနဲ့ ဖန်တီးခဲ့ကြပြီး ကြီးကျယ်ခမ်းနားတဲ့ ပညာရပ်အဖြစ် ခုချိန်မှာ ထွန်းကားလျက် ရှိပါတယ်။
တက္ကသိုလ်တွေမှာရော သင်တန်းတွေ ပို့ချကြပါတယ်။ ကုမ္ပဏီ ကြီးငယ်တွေကလည်း Conflict resolution ပညာရှင်တွေကို ငှါးရမ်းပြီး ကုမ္ပဏီတွင်းမှာရော၊ တခြား ကုမ္ပဏီတွေနဲ့ ကြံုတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အဲဒီပညာရှင်တွေကို ကြေးကြီးပေးပြီး ငှါးကြရတယ်။ ဒီပညာရှင်တွေကလည်း Consulting Company တွေ ထောင်ပြီး စီးပွားဖြစ် လုပ်လာကြတယ်။ စာအုပ်တွေ ရေးပြီးလည်း ဖြန့်ဝေကြတယ်။ ဗီဒီယို၊ ဒီဗီဒီတွေ ထုတ်ပြီးတော့ အလုပ်ရုံ Workshop တွေလည်း အခကြေးငွေယူပြီး သင်ကြားပို့ချပေးကြတယ်။ တိုတိုပြောရရင် ဒီနည်းပညာဟာ စီးပွားရေးလုပ်ငန်း (Industry) တခုလို ဖြစ်ပေါ်နေပါတယ်။
မင်းကိုနိုင်ဟာ တက္ကသိုလ်ကျောင်းလည်း မပြီးခဲ့ပါဘူး။ ထောင်ထဲမှာကိုယ်နှိုက်က Solitary confinement လို့ခေါ်တဲ့ တကိုယ်တည်း သီးသန့် (တိုက်ပိတ်) ကျခံခဲ့ရတယ်။ အပြင်မှာ နေရတာ သုံးလေးနှစ်ပဲ ရှိပါလိမ့်မယ်။ ဒီ ပညာရှင်ကြီးတွေရဲ့ စာအုပ်ကြီးတွေ၊ စာတမ်းတွေ၊ ဒီဗီဒီတွေကို လေ့လာခွင့် ရမယ်လို့တော့ မထင်ပါ။
မင်းကိုနိုင်ဟာ တက္ကသိုလ်ကျောင်းလည်း မပြီးခဲ့ပါဘူး။ ထောင်ထဲမှာကိုယ်နှိုက်က Solitary confinement လို့ခေါ်တဲ့ တကိုယ်တည်း သီးသန့် (တိုက်ပိတ်) ကျခံခဲ့ရတယ်။ အပြင်မှာ နေရတာ သုံးလေးနှစ်ပဲ ရှိပါလိမ့်မယ်။ ဒီပညာရှင်ကြီးတွေရဲ့ စာအုပ်ကြီးတွေ၊ စာတမ်းတွေ၊ ဒီဗီဒီတွေကို လေ့လာခွင့် ရမယ်လို့တော့ မထင်ပါ။ သူလို နိုင်ငံရေးသမား တယောက်ဟာ ဘယ်လို ၈၈ ခေါင်းဆောင် အယောက် ၂၀ လောက်ကို တပြေးညီ၊ ပြီးတော့ အတွေးလိုက်ပြီး သူနဲ့ တပါတည်း ခေါင်းဆောင်အရည်အချင်း ပြီးပြည့်စုံအောင် ဘယ်လို ပံ့ပိုးဖန်တီးခဲ့တယ်ဆိုတာ မင်းကိုနိုင် ၂၀၁၂ ထောင်က ထွက်လာပြီးကတည်းက စားရေးသူအနေနဲ့ အလွန်စိတ်ဝင်စား ခဲ့ပါတယ်။
Consensus building ခေါ်တဲ့ အတွေးအခေါ်အမြင်တွေ အားလုံးနီးပါး တူညီတဲ့အထိ အချင်းချင်း ဆွေးနွေး ယိုင်းပင်းခဲ့ကြလို့ ဒီလောက် ညီညွတ်တဲ့ ခေါင်းဆောင်ထုကြီးကို ပုံဖော်နိုင်လိမ့်မယ်လို့ ယူဆခဲ့လို့လည်း မင်းကိုနိုင်ကို တွေ့ရှိခဲ့စဉ်က အကြမ်းဖျဉ်း လေ့လာမိခဲ့ပါတယ်။
နောက်ထပ် အသေးစိတ် လေ့လာဖို့ ကြံရွယ်ကာရှိသေးတယ် မင်းကိုနိုင်က ကြေးနီစီမံကိန်းကိစ္စမှာ တိုင်းပြည်ကို သူ့ရဲ့ ပဋိပက္ခ ဖြေရှင်းနည်း နိဿယကို တင်ပြလိုက်တော့ စာရေးသူရဲ့ ရင်ထဲမှာ “အာဂလူပဲ” လို့ မြည်ဟည်းမိပါတယ်။
မင်းကိုနိုင် ဒီလို နိုင်ငံကို သူ့ရဲ့ အတွေးအခေါ်၊ သူ့ရပ် လုပ်ရပ်တွေ၊ ကိုယ်တွေ့တွေကနေ ရလာတဲ့ ခံယူချက် နည်းပညာတွေကို ထုတ်ဖော်ပြောဆိုတာကို အလွန်ပဲ ဝမ်းမြောက်သွားရမိပါတယ်။
မြန်မာလူမျိုးများဟာ ယေဘူယျအားဖြင့် Consensus building မှာ အလွန်အားနည်းပြီး ထစ်ကနဲရှိ မကျေနပ်ကြ၊ ကွဲကြ ပြဲကြဆိုတာ အထူးပြောနေစရာ မလိုပါ။ အဲဒီလို မြန်မာ့လူမှုရေးပုံစံ အချိုးမပြေတဲ့ ကြားထဲက ထောင်နန်းစံ မင်းသားလေး မင်းကိုနိုင် က မြန်မာတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွေးအခေါ် လူမှုရေးပုံစံ (Model) တခုကို လက်တွေ့ပုံဖော်ခဲ့ပြီး ခုတော့ သူ့နည်းပညာဟာ စံအဖြစ် မြန်မာ့နိုင်ငံရေး လောကကို ထိုးထွင်းဝင်နိုင်ပါစေလို့လည်း မျှော်လင့်မိပါတယ်။
အခုချိန်မှာ ၈၈ ခေါင်းဆောင်တချို့ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာတို့ နိုင်ငံရေးပါတီ တည်ထောင်ဖို့ စဉ်းစားနေကြတာဟာ အလွန်ဝမ်းသာအားရဖို့ ကောင်းပါတယ်။ သို့သော် ၈၈ ရဲ့ ခေါင်သူကြီးဖြစ်တဲ့ မင်းကိုနိုင်က ပါတီထဲ ဝင်ဖို့ မစဉ်းစားဘဲ အနုပညာနဲ့ပဲ ပြင်ပကနေပြီး Civil society ကိစ္စတွေ လုပ်ဆောင်ဖို့ အာသီသရှိကြောင်း မီဒီယာကနေ သိရပါတယ်။
မင်းကိုနိုင်ဟာ ပါတီထဲ မဝင်ဘဲနေရင် ဒီမိုကရေစီလမ်းကြောင်း လမ်းထွင် နေတဲ့ကာလမှာ နိုင်ငံအတွက် အလွန့်အလွန် နစ်နာမှာ ဖြစ်ပါတယ်။
မင်းကိုနိုင်ဟာ ပါတီထဲ မဝင်ဘဲနေရင် ဒီမိုကရေစီလမ်းကြောင်း လမ်းထွင်နေတဲ့ကာလမှာ နိုင်ငံအတွက် အလွန့်အလွန် နစ်နာမှာ ဖြစ်ပါတယ်။
မင်းကိုနိုင်လို လူမျိုးတယောက် ပါလီမန်ထဲမှာ အထူးပဲ လိုအပ်ပါလိမ့်မယ်။ သူဟာ နိုင်ငံရေး ကျွမ်းကျင်သူ ခေါင်းဆောင်ကောင်း တယောက်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေထဲမှာ အလွန့်အလွန် ရှားပါးတဲ့ Management expert, Organisational skill ပြီးတော့ Conflict resolution expert ဆိုတဲ့ ကျွမ်းကျင်မှု တွေဟာ သုံးလေးမျက်နှာမှာတောင် ဖြည့်ဆည်းပေးနိုင်တဲ့ နိုင်ငံရေးသမားဟာ လွှတ်တော်ထဲ၊ အစိုးရထဲမှာ ပါဝင်ပြီး သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို အများဆုံး အသုံးချသင့်ပါတယ်။
မင်းကိုနိုင်ဟာ ၈၈ ကတည်းက ရဲရဲတောက် ကျောင်းသားခေါင်းဆောင်အဖြစ်၊ ခုနောက်ပိုင်းမှာ နိုင်ငံရေး ဦးဆောင်သူ၊ အနုပညာသမား၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ သီချင်းရေးဆရာ၊ သံချပ်ဆရာ စတဲ့ သူ့ရဲ့ နိုင်ငံရေးနဲ့အနုပညာ အရည်အချင်းတွေကို ပြည်သူလူထုက သိရှိပြီးသား ဖြစ်ပါတယ်။
သို့သော် သူ့အကြောင်းတွေထဲမှာ ပြည်သူလူထုကြီး မသိသေးတဲ့ အကြောင်းအရာကတော့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုတဲ့ နည်းပညာပိုင်ရှင်တဦးဆိုတာ ပြည်သူလူထုတွေ အပ်ကျမတ်ကျ သိမှာမဟုတ်သေးဘူးလို့ စာရေးသူ ထင်မြင်မိလို့ ဒီဆောင်းပါးနဲ့ပဲ ပြည်သူလူထုကို မိတ်ဆက်ဖော်ပြလိုက် ရခြင်း ဖြစ်ပါတယ်။