ထောက်လှမ်းရေး မျက်လုံးအောက်က နိုင်ငံ

ထောက်လှမ်းရေး မျက်လုံးအောက်က နိုင်ငံ
by -
Line Skovlund Larsen

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ထဲ ကျမတို့ ဒိန်းမတ် ကျောင်းသားအုပ်စု ဆရာတွေနဲ့အတူ ဝင်လာတော့ နေတောင် အတော်မြင့်နေပါပြီ။ လွန်ခဲ့တဲ့ ရက်တွေအတွင်း ကျမတို့တွေ့ဆုံဆွေးနွေးခဲ့သမျှ ပြောဆိုဆွေးနွေးကြဖို့ပါ။

(Line Skovlund Larsen သည် ၁၁ ဦးပါ ဒိန်းမတ်ကျောင်းသား အဖွဲ့နှင့် လိုက်ပါလာသည့် ကျောင်းသူ ဖြစ်သည်။ နိုင်ငံတကာ နိုင်ငံရေးကောလိပ် ကျောင်းသင်ခန်းစာ၏ အစိတ်အပိုင်းတခု အနေနှင့် ယခုနှစ် ဧပြီလဆန်းတွင် ဆရာနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ၁ဝ ရက်ကြာခရီး လာရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။)

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ထဲ ကျမတို့ ဒိန်းမတ် ကျောင်းသားအုပ်စု ဆရာတွေနဲ့အတူ ဝင်လာတော့ နေတောင် အတော်မြင့်နေပါပြီ။ လွန်ခဲ့တဲ့ ရက်တွေအတွင်း ကျမတို့တွေ့ဆုံဆွေးနွေးခဲ့သမျှ ပြောဆိုဆွေးနွေးကြဖို့ပါ။

Regimets-fotografer

 

မိနစ် ၃ဝ လောက်ကြာတော့ ပြူတင်းပေါက် တံခါးမှန်တွေ မှာ စတစ်ကာ အမည်းတွေ တပ်ထားတဲ့ ကားတစင်း ကျမတို့ ထိုင်နေတဲ့ ဝိုင်းနား လာရပ် လိုက်ပါတယ်။ မိနစ် အနည်းငယ်လောက် စောင့်ကြည့်ပြီး  မောင်းထွက် သွားပါတယ်။ ၁ဝ မိနစ်လောက်ကြာတော့ လူတယောက်က အိမ်ဒေါင့် တဒေါင့်က ကွယ်ပြီး အဝေးရိုက် မှန်ဘီလူးတပ် ကင်မရာ တလုံးနဲ့ ကျမတို့ အဖွဲ့ကို ဓာတ်ပုံတွေ ရိုက်ယူနေပါတော့တယ်။

ကျမတို့လည်း မြက်ခင်းပေါ် ဝိုင်းထိုင်လိုက်ကြပြီး မှတ်စု စာအုပ်တွေကို ထုတ်၊ အပူဒဏ်ကို အမှုမထားဘဲ စတင်ဆွေးနွေးကြပါတယ်။
 
ကျမက ဒိန်းမတ်ကျောင်းသား ၁၁ ယောက်အုပ်စုနဲ့ ပါလာတာပါ။ ဆရာနှစ်ယောက်လည်း ပါပါတယ်။ ဒီဆရာတွေက ကျမတို့ကို နိုင်ငံတကာ နိုင်ငံရေး ဘာသာရပ် သင်ပေးနေတဲ့ ဒိန်းမတ် အထက်တန်းကျောင်းက ဆရာတွေပါ။ အတန်းထဲမှာ  မြန်မာပြည်အကြောင်း နိုင်ငံရေး ဘာသာရပ် အမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးဖြစ်တဲ့ ပိတ်ဆို့ အရေးယူမှု၊ ပြည်ပမီဒီယာ၊ စစ်အစိုးရ၊ နိုင်ငံရေး ပါတီများ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စတာတွေကို လေ့လာ သင်ယူခဲ့ကြရပါတယ်။
 
အခုတော့ စာသင်ခန်းထဲက ကျောင်းစာတွေကို ၁ဝ ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း လက်တွေ့အခြေအနေနဲ့ တိုက်ဆိုက်လေ့လာခွင့် ရပါတော့မယ်။ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ရဲ့ ဖိနှိပ်မှုမျိုးစုံကို ခံခဲ့ရတဲ့၊ ၂ဝဝ၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့၊ စစ်တပ်အုပ်စိုးမှုကို ဆန့်ကျင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး၊ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာ လမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အထိန်းသိမ်းခံမှ ပြန်လည် လွတ်မြောက်လာခြင်း ဆိုတဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ခေါင်းကြီးသတင်းတွေ ဖြစ်ပေါ်စေခဲ့တဲ့ နိုင်ငံကို ကိုယ်ပိုင်အတွေ့အကြံုတွေ ရယူဖို့ ကျမတို့ ရောက်လာပါပြီ။
 
ကျမတို့အရပ် ကိုပင်ဟေဂင်မှာတော့ အခုလိုပန်းခြံထဲထိုင်ရင်း ကျောင်းသင်ခန်းစာတွေ ကြည့်တာဟာ လူတွေကို သမင်လည်ပြန် လှည့်ကြည့်စေရလောက်အောင် ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အစိုးရက Yangon လို့ စာလုံးပေါင်း ပြောင်းထားတဲ့ ရန်ကုန်မှာတော့ မှတ်စုစာအုပ်တွေထဲ လက်ရေးသော့နဲ့ မှတ်စုထုတ်နေတာဟာ လူတွေ အာရုံစိုက်စရာ ဖြစ်နေပါတယ်။
 
မိနစ် ၃ဝ လောက်ကြာတော့ ပြူတင်းပေါက်တံခါးမှန်တွေမှာ စတစ်ကာအမည်းတွေ တပ်ထားတဲ့ ကားတစင်း ကျမတို့ထိုင်နေတဲ့ ဝိုင်းနား လာရပ်လိုက်ပါတယ်။ မိနစ်အနည်းငယ်လောက် စောင့်ကြည့်ပြီး မောင်းထွက်သွားပါတယ်။ ၁ဝ မိနစ်လောက်ကြာတော့ လူတယောက်က အိမ်ဒေါင့်တဒေါင့်ကကွယ်ပြီး အဝေးရိုက်မှန်ဘီလူးတပ် ကင်မရာတလုံးနဲ့ ကျမတို့အဖွဲ့ကို ဓာတ်ပုံတွေ ရိုက်ယူနေပါတော့တယ်။ ကျမတို့ လှမ်းကြည့်လိုက်တိုင်း ဒီကင်မရာက ပျောက်ပျောက်သွားပါတယ်။
 
အဖြစ်အပျက်က ရယ်စရာကောင်းပေမယ့် ကျမလည်း နည်းနည်းတော့ လန့်လာပါတယ်။ အစိုးရက ကျမတို့ကို ဓာတ်ပုံရိုက် မှတ်တမ်း တင်နေတာလားလို့လည်း တွေးမိလာပါတယ်။ ကျမတို့ ပန်းခြံထဲက ထွက်ရင်ကော ပါလာသမျှကို ရှာမှာလား။ မှတ်စုစာအုပ်ထဲ မှတ်ထားတဲ့ ကျမတို့နဲ့တွေ့ဆုံခဲ့တဲ့ သူတွေရဲ့ နာမည်တွေကိုရော ရှာမှာလား စသဖြင့် တွေးပူလာမိပါတယ်။
 
ခဏနေတော့ မျက်နှာပေါက်ဆိုးဆိုးနဲ့ လူနှစ်ယောက် ကျမတို့အုပ်စုနား ကပ်လာပြီး၊ နောက်မှာ လာရပ်ကာ ကျမတို့မှတ်စုစာအုပ်တွေကို ကြည့်နေပါတယ်။ ကံကောင်းတာက ကျမတို့မှတ်စုစာအုပ်တွေကို ဒိန်းမတ်ဘာသာနဲ့ ရေးထားတာပါ။ ကျမတို့ ပြောဆိုဆွေးနွေးခဲ့တာတွေကိုလည်း ဒီလိုပဲ ရေးထားတာပါ။ ပြီးတော့ ခပ်လှမ်းလှမ်းမှာ သူတို့ ထိုင်နေကြပါတယ်။ ဘာမှမပြောဘဲ ဒီအတိုင်းထိုင်နေပြီး ကျမတို့ပြောသမျှကိုသာ နားထောင်နေကြပါတယ်။ ဒါပေမဲ့ ကျမတို့ကလည်း ဘယ်နာမည်ကိုမှ ထုတ်မပြောမိအောင် သတိထား နေနေကြပါတယ်။
 
အထက်တန်းနဲ့ တက္ကသိုလ် မတက်ခင်အကြား အကြိုသင်တန်းမှာ ကျမတို့ကို နိုင်ငံတကာ နိုင်ငံရေးဘာသာရပ် သင်ပေးနေတဲ့ ကျမတို့ကျောင်းက ဆရာတွေကတော့ သတိထားနေကြဖို့ ကျမတို့ကို သတိပေးနေကြပါတယ်။
 
အပြံုးတွေဝေနေတဲ့ ရွှေရောင်တဝင်းဝင်းနဲ့ မြန်မာပြည်ကို ကျမတို့ ရောက်ကတည်းက ရန်ကုန်မှာကော၊ မန္တလေးမှာပါ လူတွေအားလုံး ဖော်ဖော်ရွေရွေ၊ ခင်ခင်မင်မင် ရှိကြတာကိုသာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့မှာ အကြောက်တရားကိုယ်စီ ရှိနေကြပြီး၊ ဒီစိတ်ကပဲ လူတော်တော်များများရဲ့ နေ့စဉ်ဘဝတွေကို အနှောင့်အယှက် ပေးနေပါတော့တယ်။
 
အကိုကြီးကတော့ တကယ့်ကို အမှန်ပဲ ကျမတို့ကို စောင့်ကြည့်နေပါပြီ။
 
ဒီမလာခင် ကျမတို့လည်း ဒီခရီးအတွက် သေချာပြင်ဆင် လုပ်ကိုင်လာခဲ့ကြတာပါပဲ။ ဒါပေမဲ့ မြန်မာပြည်ရောက်မှ ပြည်သူတွေရဲ့ ဒုက္ခကို ကျမတို့ တကယ်နားလည်လာတော့တာပါ။ စစ်အာဏာပိုင်တွေက လူတွေကို ဒုက္ခတွေ အများကြီး ပေးနေတာကိုး။ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား ၂ဝ၇၃ ဦး ရှိနေပါတယ်။ မီဒီယာတွေကို ဆင်ဆာဖြတ်နေပါတယ်။ နိုင်ငံရေး လှုပ်ရှားမှု မှန်သမျှ၊ နိုင်ငံရေး အကြောင်း ပြောတာတောင် စောင့်ကြည့်ခံရနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အစိုးရကို လူမြင်ကွင်းမှာ လူသိရှင်ကြား ဝေဖန်ပြောဆိုမိရင်တော့ ထောင်ဒဏ် နှစ်ရှည်ကျပြီး အကြီးအကျယ် ဒုက္ခရောက်နိုင်ပါတယ်။
 
ဒါ .. တကယ့် ပြဿနာကြီးပါ။ အခုလို စောင့်ကြည့် ထောက်လှမ်းနေတယ်ဆိုတာ လူတွေကို ကြောက်ရွံ့ ထိတ်လန့်စေပါတယ်။ လမ်းထောင့်တိုင်းမှာ သတင်းပေးတွေ ထားကြည့်နိုင်လောက်အောင် မလုပ်နိုင်တဲ့ အကန့်အသတ်တွေ သူတို့မှာ ရှိပေမယ့် ဒါ .. လူတွေကို တကယ်ပဲ ထိခိုက်စေပါတယ်။
 
ဒီလို နေ့စဉ်နဲ့အမျှ စောင့်ကြည့်ထောက်လှမ်းခံနေရတဲ့ အောက်မှာ နေရတာ ဘယ်လောက် အနေခက်တယ် ဆိုတာ တက်ကြွလှုပ်ရှားသူ လူငယ် တဦးကလည်း ကျမတို့ကို ပြောပြခဲ့ပါတယ်။
 
`သာမန်လူတွေကတော့ အခုလို စောင့်ကြည့်ခံရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လည်း ဒီလိုပဲ စိတ်ထဲမှာ ခံစားနေရတာပါပဲ။ ကိုယ့်အိမ်ထဲ ဘယ်သူက ကိုယ့်ကို စောင့်ကြည့်နေတယ်ဆိုတာတောင် မသိဘဲ သံသယနဲ့ ထိတ်လန့်နေရတဲ့ ဘဝပါ။ သူတို့က လူ့အခွင့်အရေးအကြောင်းလည်း မပြောရဲဘူး။ ကိုယ့်ကို စောင့်ကြည့်နေတာ မဟုတ်ဘဲနဲ့ စောင့်ကြည့်ခံနေရတယ်လို့ ထင်နေတော့တာပဲ။ သာမန်လူတွေကို ဒီလိုစောင့်မကြည့်ပါဘူး´ လို့ အမည်မဖော်လိုတဲ့ အဲဒီ တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

ဒီလို စိတ်ထဲမှာ မလုံမခြံုဖြစ်နေတော့ အတင်းအဖျင်းတွေနဲ့ ကောလာဟလတွေကိုပဲ ထွက်ပေါ်လာစေပါတယ်။ မန္တလေးရောက်တုန်း နှုတ်ခမ်းမွှေးညီအကိုရဲ့ ပွဲကို ကျမတို့ သွားကြည့်ကြပါတယ်။ ဒီညီအကို ၃ ယောက်က အစိုးရဆန့်ကျင်ရေး ပြက်လုံးတွေပြက်ပြီး ကပြဖျော်ဖြေလာတာ နှစ်ပေါင်း ၄ဝ ကျော်ပါပြီ။ သူတို့ထဲက တယောက်ဖြစ်တဲ့ လူရွှင်တော် ပါပါလေးကလည်း နိုင်ငံရေး အကျဉ်းသားဟောင်းပါ။ သူတို့ကို အစိုးရက ၁၉၉၆ မှာ ပွဲကခွင့် ပိတ်ပင်ခဲ့ပါတယ်။ လူမြင်ကွင်းမှာ ကခွင့် မရှိတော့ပါဘူး။ ဒီတော့ အိမ်မှာပဲ သူတို့ ကရပါတော့တယ်။
 

`ကျမထင်တာ မြန်မာပြည်လူထု အတွက် ပြဿနာကြီး တခုက စိတ်ထဲ မလုံမခြံုဖြစ်နေတာပဲ။ ဒီလို စိတ်ထဲ မသန့်တော့ တယောက်နဲ့တယောက် ဆက်ဆံရာမှာ လည်း အဆင်မပြေတော့ဘူး။ အခုလို စိတ်မသန့် မလုံမခြံု ဖြစ်နေရင် ဝန်တိုစိတ် ပေါ်လာတာပဲ။ တခါ မလုံခြံုတဲ့ စိတ်ကြောင့် အကြောက်လွန်ရောဂါလည်း ရလာနိုင်သေးတယ်´

သူတို့ရည်ရွယ်ချက်က မြန်မာပြည်အစိုးရဟာ မကောင်းကြောင်း ကမ္ဘာလှည့် ခရီးသည်တွေက တဆင့် ကမ္ဘာကို သတင်းဖြန့်ဖို့ ပါပဲ။ မြန်မာလူမျိုး အချင်းချင်း ပြောဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။
 
`သတင်းထောက်တွေနဲ့ မီဒီယာတွေက လွတ်လွတ် လပ်လပ် ပြောခွင့် မရဘူး။ ဒီတော့ ကျနော်တို့က ကမ္ဘာလှည့် ခရီးသည်တွေက တဆင့် သတင်းဖြန့်ရတာပေါ့´ လို့ ညီအကို ၃ ယောက်ထဲမှာ တယောက်ဖြစ်တဲ့ ကိုလူမော်က ပြောပြပါတယ်။ `ဒီလိုပွဲကတော့ ကျနော်တို့က ခဲတလုံးနဲ့ ငှက်နှစ်ကောင် ပစ်နိုင်တာဗျ။ ပိုက်ဆံလည်း ရတယ်၊ ကိုယ့်ရည်မှန်းချက်လည်း အောင်မြင်တယ်´ လို့ သူက ဆိုပါတယ်။
 
ပွဲကအပြန် တည်းခိုရာ ဧည့်ရိပ်သာကိုအသွား အငှားကားမောင်းသူနဲ့ ကျမ စကားပြောဖြစ်ပါတယ်။ သူက ဒီညီအကိုထဲက တယောက် အခု သိပ်မကတော့တဲ့အကြောင်း ပြောပြပါတယ်။ ဒီလူက သူတို့အိမ်မှာကတဲ့ပွဲ အပိတ်မခံရအောင် အစိုးရနဲ့ နားလည်မှုယူထားတာလို့ သူက ပြောပါတယ်။
 
အငှားကားပေါ် တလှုပ်လှုပ်နဲ့ သွားနေတုန်း ကားမောင်းသူက ဆက်ပြောပြနေပါတယ်။ ဒီညီအကိုထဲက တယောက်က အစိုးရကို ကြောက်တယ်။ ဒီတော့ သူက သူတို့ကို နိုင်ငံရေး မေးခွန်းတွေ မေးလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ နာမည်တွေကို အစိုးရကို ပေးပါမယ်လို့ ကတိပေးထားတာ။ သူတို့ မြန်မာပြည်ကပြန်ရင် အစိုးရမကောင်းကြောင်း မရေးနိုင်အောင် လုပ်ထားတာလို့ သူက ဆက်ပြောပါတယ်။
 
ဒါ .. အကြေက်လွန်ရောဂါပဲ ဖြစ်ပါတယ်။ ဒီလူရွှင်တော်တွေကို ကျမတို့ နိုင်ငံရေးမေးခွန်းတွေ သူတို့ဖျော်ဖြေနေတုန်း မေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ကျမတို့ဆီလာပြီး မေးလား စမ်းလား လုပ်တာမရှိပါဘူး။ ဒီအဖြစ်အပျက်ကလေးက လူတွေ ဘယ်လောက်တောင် အယုံအကြည်မဲ့နေကြတယ်၊ သံသယပွားနေကြတယ်ဆိုတာ ပြနေပါတယ်။
 
ရန်ကုန်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့လည်း ကျမတို့ရဲ့ ဒီ အတွေ့အကြံုလေးကို ပြန်ပြောပြပြီး ဆွေးနွေးဖြစ်ပါတယ်။
 
`ကျမထင်တာ မြန်မာပြည်လူထုအတွက် ပြဿနာကြီးတခုက စိတ်ထဲ မလုံမခြံုဖြစ်နေတာပဲ။ ဒီလို စိတ်ထဲမသန့်တော့ တယောက်နဲ့တယောက် ဆက်ဆံရာမှာလည်း အဆင်မပြေတော့ဘူး။ အခုလို စိတ်မသန့် မလုံမခြံုဖြစ်နေရင် ဝန်တိုစိတ် ပေါ်လာတာပဲ။ တခါ မလုံခြံုတဲ့ စိတ်ကြောင့် အကြောက်လွန်ရောဂါလည်း ရလာနိုင်သေးတယ်´ လို့ ဒေါ်စုက ရှင်းပြပါတယ်။
 
အငှားကားမောင်းသူ ပြောပြခဲ့တဲ့ သူ့အထင်သူ့စိတ်ကူးမှာ အဲဒီဝန်တိုစိတ်ကြောင့်ပဲ ပေါ်ထွက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ နှုတ်ခမ်းမွှေးညီအကိုက စားဝတ်နေရေးအတွက် ပွဲကနေခြင်းသာဖြစ်ပြီး၊ အလားတူပဲ အငှားကားမောင်းသူကလည်း ကားမောင်းနေတာပဲ ဖြစ်ပါသည်တဲ့။

နောက်ထပ် ဒီလိုရှင်းပြခဲ့သူကတော့ ပြည်တွင်းသတင်းစာတစောင်မှ သတင်းထောက် တယောက်ပါ။ သူ့ကို လုံခြံုစိတ်ချရတဲ့ အိမ်ခေါင်မိုးတခုပေါ် တွေ့ဆုံခဲ့ရတာပါ။
 
`မြန်မာပြည်ထဲ ဘယ်နေရာရောက်ရောက် ကောလာဟလနဲ့ တွေ့မှာပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ တယောက်နဲ့တယောက် လွတ်လွတ်လပ်လပ် သတင်းဖလှယ်လို့မှ မရတာ၊ ဒီလိုပေါ့´ လို့ သူက ဆိုပါတယ်။
 
နှုတ်ခမ်းမွှေး ညီအကိုအပေါ်ထားတဲ့ ဒီလိုစိတ်မျိုးတွေကြောင့် အရာရာကို ဒီလိုပဲ ရှုမြင်နေပါတော့တယ်။ နိုင်ငံရေးလှုပ်ရှားမှုလေး တခုခုလောက်၊ နိုင်ငံရေးအမြင်သဘောထားလေး တခုခုလောက် မပါလိုက်နဲ့ တခါထဲ ပိတ်တော့တာ ဖြစ်ပါတယ်။ တက္ကသိုလ်တွေကိုလည်း အရမ်းတင်းကျပ်ထားတယ်။ ခဏခဏလည်း အပိတ်ခံကြရတယ်။ ဒီလိုအကြာကြီး နောက်ဆုံးပိတ်ခဲ့တာ ၂ဝဝ၇ ခုနှစ် အရေးအခင်းအတွင်းကပါ။ ဒီစည်းကမ်းတွေကို မလိုက်နာ ချိုးဖောက်ခဲ့ရင် ခံရမယ့် ဆင်းရဲဒုက္ခက မသေးပါ။ နိုင်ငံရေးလုပ်ခဲ့ရင် ညှဉ်းပန်းနှိပ်စက်ခံရမယ်။ အခြေအနေဆိုးလှတဲ့ ထောင်ထဲမှာ ၁ဝ နှစ်ကနေ နှစ် ၆ဝ လောက်အထိ သွားနေရမယ်လို့ မြန်မာတက်ကြွလှုပ်ရှားသူ တယောက်က ကျမကို ပြောပြခဲ့ပါတယ်။
 
ဒီလိုခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ သူတို့အလုပ်တွေကို ဆက်လုပ်နေတာပါပဲ။ မြေအောက်လျှိုးသွားရတာပဲ ရှိပါတယ်။ အခုတော့ လှုပ်ရှားမှု မှန်သမျှဟာ မြေအောက်လုပ်ငန်းအသွင်နဲ့ လုပ်နေကြတာပါ။ ပြည်တွင်းကရော ပြည်ပကပါ အဖွဲ့အစည်းအတော်များများ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါလာရင်တော့ ပုန်းလျှိုးကွယ်လျှိုးပဲ လုပ်ကြရပါတယ်။
 
သူတို့လုံခြံုရေးကြောင့် ဒီအဖွဲ့အစည်းတွေရဲ့ နာမည်တွေကို ဒီနေရာမှာ ထုတ်ပြောလို့ မဖြစ်ဘူးဆိုတာ ပြောနေစရာတောင် မလိုပါ။ ဒီလိုအဖွဲ့အစည်းတွေဟာ အလုပ်လုပ်ရာမှာ သိပ်သတိထားရတယ်လို့ ရန်ကုန်က သံရုံးတရုံးရဲ့ နိုင်ငံခြားသံတမန်တယောက်က ပြောပါတယ်။
 
`အန်ဂျီအိုတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ သံရုံးတွေဟာ သူတို့လုပ်ရမယ့် အလုပ်နဲ့ သူတို့ မြန်မာပြည်တွင်း ဆက်နေခွင့်ရဖို့ အကြားမှာ အတော် ချိန်ဆလုပ်နေရတာ´ လို့ သူက ပြောပြပါတယ်။
 
ကျမတို့စိတ်ထဲ ပေါ်လာတဲ့ မေးခွန်းတခုက မြန်မာလူမျိုးတွေ ဘာ့လို့ စစ်အစိုးရအတွက် သတင်းပေးတွေ၊ သူလျှိုတွေ လုပ်ပေးနေကြတာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
 
မြန်မာလူငယ်တက်ကြွလှုပ်ရှားသူ တယောက်က သူ့အမြင်ကို အခုလို ပြောပြလာပါတယ်။
 

`ကျနော်တို့ရဲ့ ဒီ်မိုကရေစီအသစ် ဆိုတာက တကယ့် ဒီမိုကရေစီ အစစ် မဟုတ်ဘူးဗျ။ လူတိုင်း သိနေတာ ပါပဲ။ ဒီဗိုလ်ချုပ်တွေပဲ ဆိုတာ။ ဘာနဲ့တူလဲဆိုတော့ လက်ဖက်ခြောက်အသစ် မထည့်ဘဲ ရေနွေး ထပ်ထည့် သလိုပေါ့´

`လူတွေက အာဏာလိုချင်လို့ သတင်းပေးလုပ်ကြတာ။ သူတို့က အစိုးရနဲ့ အပေးအယူ လုပ်နိုင်တယ်။ ဥပမာဆိုပါတော့ တရားဝင် မဟုတ်ပေမယ့် လောင်းကစားဝိုင်း ထောင်လို့ရတယ်။ သတင်းပေးဖြစ်ရင် အလုပ်အတွက်လည်း အာမခံချက် ရှိတယ်။ ကျေးလက်မှာ အလုပ်ရဖို့ ခက်တယ်လေ´ လို့ သူက ရှင်းပြပါတယ်။
 
ကျမ နောက်ထပ် တက်ကြွလှုပ်ရှားသူ တယောက်ကို မေးမိပါတယ်။ ဒီလိုလုပ်တာ သူတို့ လိပ်ပြာသန့်ရဲ့လား၊ ဒီလိုလုပ်တာ မကောင်းဘူးလို့ကော မထင်ကြဘူးလားလို့။

ဒီတော့သူက ဂျော့ချ်အော်ဝဲလ်ရဲ့ မြန်မာပြည်နေ့များဆိုတဲ့ စာအုပ်ကို ကိုးကားပြီး ပြန်ပြောပါတယ်။ လူတွေစိတ်ထဲမှာ မကောင်းမှုတခုခု လုပ်ပြီးရင် ကောင်းမှုတခုခု ပြန်လုပ်လိုက်၊ ဒါဆို အပြစ်တွေ ကျေတယ်လို့ ထင်နေကြကြောင်း ပြန်ရှင်းပြပါတယ်။
 
ကျမတို့ကတော့ ဥရောပနိုင်ငံတခုကလာတဲ့ အပြင်က ကျောင်းသားတွေ။ ကိုယ့်နိုင််ငံမှာ လွတ်လပ်တဲ့ ဒီမိုကရေစီတို့၊ စစ်မှန်တဲ့ ဒီမိုကရေစီတို့ အလွယ်တကူရနေကြတာဆိုတော့ စိတ်ထဲ သိပ်အလေးအနက် မရှိသလိုပါဘဲ။ ကျမတို့ကို နွေးနွေးထွေးထွေး၊ ဖော်ဖော်ရွေရွေ ဆီးကြိုခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ထဲက အကြောက်တရားကို ဘယ်လိုများ ပျောက်အောင် လုပ်ရပါ့မလဲလို့ တွေးနေမိပါတယ်။
 
အနည်းဆုံး မီဒီယာထဲမှာတော့ အကောင်းဘက်ကို ရှေးရှုတဲ့ အပြောင်းအလဲတွေအကြောင်း ပြောဆိုနေကြတာ တွေ့နေရပါတယ်။ ကျမတို့မလာခင် မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေအကြောင်း ဖတ်ခဲ့မှတ်ခဲ့ရပါတယ်။ အရပ်သားအစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခဲ့ကြပြီးပါ

ပြီ။ စစ်အစိုးရကလည်း ဒီအစိုးရကို တရားဝင် အာဏာလွှဲပြောင်းပေးပြီးပါပြီ။ ဒါက တရားဝင် ကြေညာထားတဲ့ သတင်းပါ။
 
ဒီတော့ အခုအစိုးရသစ်က အရင်က စောင့်ကြည့်ထောက်လှမ်းမှုမျိုးကို အခု နည်းနည်း လျှော့လိုက်ပြီလား၊ ဆင်ဆာဖြတ်တာ ပိတ်တာတွေ မလုပ်တော့ဘူးလား၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်ပြီလား။
 
ရလာတဲ့ ထင်မြင်ယူဆချက်တွေက အမျိုးမျိုးပါ။ တချို့က ဒီအစိုးရသစ်ကို အပြောင်းအလဲလို့ မြင်တယ်။ တချို့လည်း နည်းနည်းပါးပါး တိုးတက်မှုရှိတယ်လို့ မြင်တယ်။ ဒါပေမဲ့ ကျမတို့ တွေ့ခဲ့တဲ့ လူအတော်များများကတော့ နှုတ်ခမ်းမွွှေး ညီအကို ကိုလူမော်နဲ့ အမြင်တူကြတာ များပါတယ်။ သူက `ကျနော်တို့ရဲ့ ဒီ်မိုကရေစီအသစ်ဆိုတာက တကယ့် ဒီမိုကရေစီအစစ် မဟုတ်ဘူးဗျ။ လူတိုင်း သိနေတာပါပဲ။ ဒီဗိုလ်ချုပ်တွေပဲဆိုတာ။ ဘာနဲ့တူလဲဆိုတော့ လက်ဖက်ခြောက်အသစ် မထည့်ဘဲ ရေနွေးထပ်ထည့်သလိုပေါ့´ လို့ ဆိုပါတယ်။
 
ဒါမျိုးက ခါးသက်သက်အရသာပဲ ရမှာပါ။
 
ဗိုလ်ချုပ်ကြီးတွေအကြောင်း ကောင်းကောင်းသိနေတဲ့ အိမ်ချုပ်အကြိမ်ကြိမ် ကျခံခဲ့ရတဲ့  ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေစိုးမိုးမှု ရှိစေရေးကိုပဲ တောင်းဆိုနေပါတယ်။
 
`ပိုကောင်းတဲ့ နိုင်ငံရေးစနစ်တရပ် ရှိလာရင် အဆင်ပြေသွားမယ်လို့ ကျမ ထင်ပါတယ်။ ပြစ်မှုတခုခုကို တကယ်မကျူးလွန်ရင် အဖမ်းမခံရဘူးဆိုတာ သိနေရင် ဘယ်သူမှ ကိုယ့်အိမ်နီးချင်းကို မယုံသင်္ကာဖြစ်နေမှာ မဟုတ်ဘူး´ လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဒါကလည်း အမြင်သဘောထားတချို့ကိုပဲ ပြောင်းလဲစေလိမ့်မယ်လို့ ပြောပြပါတယ်။
 
တကယ်စစ်မှန်တဲ့ အပြောင်းအလဲအတွက် အချိန်ယူရဦးမှာပါ၊ ကြောက်စိတ်ဟာ လူထုရဲ့ လူမှုရေး ယဉ်ကျေးမှု စံတန်ဖိုးတွေနဲ့လည်း သက်ဆိုင်တယ်လို့ သူယုံကြည်ကြောင်းပါ ပြောပါတယ်။ ဒါတွေကတော့ အချိန်အတော်ကြာမှ ပြောင်းလဲသွားနိုင်မှာပါ။
 
`တကယ်အပြောင်းအလဲ ကြီးကြီးမားမား ပေါ်ဖို့ဆိုရင်တော့ အချိန်ယူရမယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုခိုင်မာဖို့ အမြစ်တွယ်ဖို့ ဆိုတာလည်း အချိန်ယူရမယ်´ လို့ သူက ဆိုပါတယ်။

နှေးကောင်းနှေးပေမယ့် အပြောင်းအလဲကြီးတခု ဖြစ်တော့မယ်ဆိုတာတော့ ကျမတို့ သိနေကြပါပြီ။ လူငယ်တွေဟာ လူငယ်အုပ်စုလေးတွေအဖြစ် စုစည်းမိလာနေကြပါတယ်။ လူသားချင်းစာနာတဲ့ လူမှုအထောက်အကူပြု လုပ်ငန်းတွေ လျှို့ဝှက်နိုင်ငံရေး အလုပ်တွေကို ဒီအုပ်စုလေးတွေက လုပ်ကြပါတယ်။ ဒီအုပ်စုတွေထဲက တခုရဲ့ လူငယ်ခေါင်းဆောင် တယောက်က ကျမတို့နဲ့ တွေ့ဆုံတုန်း ပြောတာက သူတို့အရင် မျိုးဆက်တွေက စစ်အစိုးရက ပြစ်ဒဏ်ကြီးကြီးမားမား ချခဲ့လို့ နိုင်ငံရေးစကား မပြောကြတော့ကြောင်းနဲ့ သူတို့ကတော့ လူထုအခြေပြု လုပ်ငန်းတွေလုပ်ရင်း နိုင်ငံရေးလုပ်ရတာ အန္တရာယ်မများလှတာကို သိလာကြောင်း ပြောပြပါတယ်။ သူဆိုလိုတာက လူငယ်အုပ်စု အများအပြားအကြား လျှို့ဝှက်ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြတာကို ဆိုလိုတာပါ။
 
ကျမတို့လည်း ပြန်ချိန်တန်ပါပြီ။ ၁ဝ ရက်လုံးလုံး နိုင်ငံရေးအရ တက်ကြွလှလူတွေ၊ သတင်းထောက်တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ ကျောင်းဆရာတွေ၊ သံဃာတော်တွေ၊ ပြီးတော့ အမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရခဲ့ပါတယ်၊ ဆွေးနွေးပြောဆိုခွင့်ရခဲ့ပါတယ်။
 
စောင့်ကြည့်ထောက်လှမ်းတာတွေကို ကျမတို့လည်း ကိုယ်တိုင်ကြံုခဲ့ရပြီ။ ကျမတို့ တွေ့ခဲ့တဲ့ မြန်မာလူမျိုးတွေ ပြောတာ ကြားခဲ့ရသလို၊ ကိုယ်တိုင်မျက်စိနဲ့လည်း တပ်အပ်မြင်ခဲ့ရပြီ။ ပန်းခြံထဲမှာ၊ လေဆိပ်မှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပပ် ဌာနချုပ်ရုံးရှေ့မှာ၊ ကျမတို့ကို ပြောင်ပဲ ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ရန်ကုန်ကနေ မန္တလေးအသွား ရထားပေါ်မှာလည်း အခုလို ကြံုခဲ့ရတယ်။ ခုနလေးတင် တွေ့ခဲ့ရတဲ့ အမျိုးသမီးတယောက်ရဲ့ အီးမေးလ်လိပ်စာကို မှတ်စုစာအုပ်ထုတ် မှတ်လိုက်တာနဲ့ပဲ ချက်ချင်းဆိုသလို ရှပ်အကျီင်္အဖြူဝတ်ထားတဲ့ လူတယောက် အနားရောက်လာပြီး ဘယ်သွားမလို့လဲ မေးကာ သူ့မှတ်စုစာအုပ်ထုတ် ရေးမှတ်နေတာကိုလည်း ကြံုခဲ့ရပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီးကတည်းက ကျမတို့ခြေလှမ်းလှမ်းသမျှ အကုန်စောင့်ကြည့် မှတ်တမ်းတင်နေပြီဆိုတာက ထင်ရှားလှပါတယ်။ တယောက်ယောက်ကို အန္တရာယ်မဖြစ်စေဘဲ တွေ့ဆုံဖို့ဆိုရာမှာ မဖြစ်နိုင်တော့ကြောင်းလည်း သိလာခဲ့ပါတယ်။
 
အန်တီနဲ့ တွေ့အပြီး နောက်တရက်မှာပဲ ကျမတို့ဆရာဆီ အမျိုးသမီးတယောက်က ခရီးသွားအေဂျင်စီကပါလို့ ဆိုပြီး ဖုံးဆက်လာပါတယ်။ သူက ကျမတို့အဖွဲ့ မြန်မာပြည်က ဘယ်နေ့ပြန်မယ်၊ ဘယ်အချိန်ထွက်မယ်၊ လေယာဉ်နဲ့လား စသဖြင့် မေးလာပါတယ်။ ပြီးတော့ ဘာမှမပြောဘဲ ဖုန်းချလိုက်ပါတယ်။ အခုအဖြစ်အပျက်ဟာ ကျမတို့ခရီးစဉ်အတွင်း ကြံုခဲ့ရသမျှ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေထဲက တခုပါ။
 
ဒီလို စောင့်ကြည့်ထောက်လှမ်းခံရမှုကတော့ မြန်မာပြည်ကမထွက်ခင် နောက်ဆုံးမိနစ်အထိ ဖြစ်ပါတယ်။ ဒိန်းမတ်ဆီ ထွက်ခွါဖို့ ရန်ကုန်လေဆိပ် ရွေ့ရှားလှေကားပေါ် တက်သွားနေတုန်းမှာပဲ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားသူ တယောက်က ကျမတို့ကို ဓာတ်ပုံရိုက်ဖို့ အဆင်သင့်ဖြစ်နေတာကိုပါ တွေ့ရပါတယ်။ ကျမတို့နိုင်ငံကူးစာအုပ်တွေ အစစ်ဆေးခံနေတုန်း ကျမတို့အားလုံး တဦးချင်းကို စိမ်ပြေနပြေ ဓာတ်ပုံရိုက်ခွင့် သူ ရပါတယ်။
 
ဒါပေမဲ့ ဘယ်သူကမှ ကျမတို့ ထွက်ခွါတာကို မတားပါဘူး။ ကျမတို့အိတ်တွေကိုလည်း ဘယ်သူကမှ လာမစစ်ကြပါဘူး။
 
နောက်ဆုံး ကျမတို့အားလုံး လေယာဉ်ပေါ် ရောက်ကြပါတယ်။ အစိုးရကို ကျမတို့ ဘာသတင်းအချက်အလက်မှ ပေးစရာ မလိုတော့ပါ။ မကြာခင် လွတ်လွတ်လပ်လပ်လည်း စကားပြောနိုင်တော့မှာမို့ ကျမတို့အားလုံး ပျော်နေကြပါတယ်။
 
တယောက်ယောက်က စောင့်ကြည့်နေတာကို အမြဲခံစားနေရတဲ့ ကမ္ဘာလောကထဲက ထွက်လာရတာကိုက ကျမတို့အတွက် ထူးဆန်းတဲ့ ခံစားချက်တမျိုးကို ဖြစ်ပေါ်စေပါတယ်။ ကျမတို့ရဲ့ မြန်မာလူမျိုး မိတ်ဆွေတွေ အကြောင်းကိုလည်း စဉ်းစားနေမိပါတယ်။ အခုလို အကိုကြီးက တချိန်လုံး စောင့်မကြည့်နေတော့မယ့် နိုင်ငံထဲမှာ နေခွင့်ရရေးဆိုတဲ့ သူတို့ရည်မှန်းချက်ကို တနေ့ရောက်ပါ့မလား။ ဒါမှမဟုတ် အစိုးရကို ဝေဖန်ပြောဆိုမိလို့ ထောင်ထဲပဲ ရောက်သွားကြမလား။ မတွေးတတ်တော့ပါ။
 
ကျမတို့ ဘာတွေ လုပ်ပေးနိုင်ပါသလဲ။ ကျမတို့ဟာ တခြားတကမ္ဘာကနေ လာကြတဲ့ ကျောင်းသူငယ်တွေပဲ ဖြစ်ပါတယ်။ ကျမတို့ရဲ့ မိတ်ဆွေတွေ ရုန်းကန် တိုက်ပွဲဝင်နေကြတဲ့ လွတ်လပ်မျှတတဲ့ လူ့အဖွဲ့အစည်းတခု ပေါ်ပေါက်ရေးမှာ ကျမတို့လည်း တခန်းတဏ္ဍ ပါဝင်ဖြည့်ဆီး ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတော့တယ်။

Most read this week