ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကြေငြာချက် (၁/ ၂ဝ၁၁) အရ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ / မြို့နယ်အုပ်ချုပ်ရေးမှုး ရာထူး လစ်လပ်နေရာ ၂ဝဝ အတွက် နိုင်ငံတဝှမ်းမှ သတ်မှတ်အရည်အချင်း ပြည့်စုံသူများ လျှောက်ထားကြလေသည်။
အဖြေထွက်ထားတဲ့ ထွေအုပ်အရာရှိ စာမေးပွဲ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကြေငြာချက် (၁/ ၂ဝ၁၁) အရ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ / မြို့နယ်အုပ်ချုပ်ရေးမှုး ရာထူး လစ်လပ်နေရာ ၂ဝဝ အတွက် နိုင်ငံတဝှမ်းမှ သတ်မှတ်အရည်အချင်း ပြည့်စုံသူများ လျှောက်ထားကြလေသည်။
ဖြေဆိုရန် လျှောက်ထားသူ နှစ်သောင်းငါးထောင်အနက် ၈၅ဝဝ ကို ဖြေခွင့်ပြုသည်။ လစ်လစ်ရာထူး နေရာ ၂ဝဝ အတွက် ဖြေဆိုသူ ၈၅ဝဝ ဖြစ်၍ ပမာဏများလွန်းသည်။ သို့သော် ကိစ္စမရှိ။ ထိုသို့သော စိန်ခေါ်မှုသည် ဖြေဆိုသူ ပညာတတ် ဘွဲ့ရတို့အတွက် တုန်လှုပ်စရာ မဟုတ်။ သည်းခံနိုင်ကြသည်။
နေပြည်တော်တွင် တည်းခိုခန်းမရှိ ဟိုတယ်သာရှိပြီး၊ ဟိုတယ်စျေးကြီးလှ၍ စာမေးပွဲ လာဖြေသူများသည် တရက်လျှင် မြန်မာကျပ်ငွေ ၁၅ဝဝ သာပေးရသည့် လူဦးရေ ၆ဝဝဝ တပြိုင်နက် လက်ခံနိုင်သည့် တခုတည်းသော တည်းခိုဆောင် ‘စည်ပင်ရိပ်သာ’ တွင် တည်းခိုရန် ကြိုးစားကြသည်။
ကျောက်မျက်ပြပွဲ အရှိန်မသေသေးခြင်း၊ ခရီးသွားများပြားခြင်းတို့ကြောင့် စည်ပင်ရိပ်သာ၌ အခန်းများပြည့်နေသဖြင့် သောင်ပြင်လွှတ်ခံရသည့်ပမာ ခိုနားရာမရှိ ငုတ်တုပ်မေ့နေကြသည့် ဦးစီးအရာရှိလောင်းလျာများဖြင့် နေပြည်တော် လမ်းမကြီးများမှာ စည်ကားသိုက်မြိုက်နေသည်။
ထိုနေရာ ၅ဝ တွင်လည်း ဘဘကြီးဆိုသူများနှင့် အစပ်အဆက်ရှိကြသူများ၊ ဗိုလ်မှုး၊ ဗိုလ်ကြီး တို့ဖြင့် အစပ်အဆက် ရှိကြသူများက နေရာ ၃ဝ ခန့်ယူထားသေးကြောင်း ရိုးတိုးရိပ်တိတ် ပေါက်ကြားသွားသဖြင့် စည်ပင်ရိပ်သာ အဆောင်ဆောင် အခန်းခန်း များရှိ စာဖြေသူများနှင့် ဘုန်းကြီးကျောင်းများတွင် ခိုကပ်နေကြသော စာဖြေသူများ ဒေါသအမျက် ချောင်းချောင်းထွက် ပေါက်ကွဲကြလေခြင်း ဖြစ်သည်။ |
ထမင်းတခါပြင် တထောင့်ငါးရာကျပ် ဖြစ်သည်။ တခြား အစားအစာများ စျေးသက်သာစွာ စားသောက်လိုက မိုင်အနည်းငယ်ဝေးသော မြို့မစျေးနှင့် ပျဉ်းမနားမြို့သို့ သွားရောက်နိုင်သည်။ သို့သော် မုန့်ဟင်းခါး ၅ဝဝ ဖိုး သွားစားရန် ဆိုင်ကယ် ကယ်ရီခ ၂ဝဝဝ ပေးရမည် ဖြစ်သည်။
သို့သော် အနေ၊ အစား ဆင်းရဲခြင်းမျှဖြင့် ငါတို့၏ ခိုင်ကျဉ်သော စိတ်ဓာတ်ကို မပျက်အံ့ဟု နှလုံးသွင်းထားသည့်အလား ရာထူးဝင်ခွင့် စာမေးပွဲဖြေမည့် ဘွဲ့ရပညာတတ်များသည် စိတ်ပျက်ခြင်း အလျှင်းမရှိဘဲ စာမေးပွဲအတွက် အသီးသီးအသက အားတင်းထားကြလေသည်။
ရာထူးဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ တို့ ဖြေဆိုရမည် ဖြစ်သော်လည်း စာမေးပွဲဖြေသည့်ရက်၌ မြန်မာစာ ဖြေဆိုအပြီးတွင် ထူးဆန်းသည့် အပြုအမူများ သူတို့ထံ၌ မြင်တွေ့လာရသည်။
မြန်မာစာဖြေပြီးသည်နှင့် လျှောက်ထား ဖြေဆိုသူ အများစုသည် အိပ်ရာလိပ်သူလိပ်၊ အထုပ်အပိုးများ ပြင်သူပြင်၊ ကားလက်မှတ်ဖြတ်သူဖြတ် စသဖြင့် နေ့ချင်းတွင်း မိမိတို့နေရပ်သို့ ပြန်ကုန်ကြခြင်း ဖြစ်သည်။ ကျန်ဘာသာများကို ဖြေဆိုခြင်း မပြုကြတော့ရုံသာမက ဒေါသထွက်ခြင်း၊ နာကျဉ်းခြင်း၊ ထမင်းငတ်ခြင်း စသော အမူအရာများ၊ ဒေါသစကားများ၊ လှောင်ပြောင်သည့် ဟာသစကားများ ကိုပါ ပြောဆိုသွားကြလေသည့်အတွက် အားလုံးသော နေပြည်တော်နေ လူသားတို့သည် ယင်းတို့အား အံသြလျှက် ရှိကြချေသည်။
ဖြေဆိုသူ ၈၅ဝဝ အနက်မှ နောက်တရက်တွင် ဖြေဆိုသူ ၈ဝဝ သာ ကျန်ခဲ့လေသည်အထိ နေရပ်ပြန်သွားကြခြင်း အကြောင်းရင်းကား ဤသို့ဖြစ်ကြောင်း သိရလေသည်။
လစ်လပ်နေရာ ၂ဝဝ တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ ၁ဝဝ ကို သီးသန့် ပေးမည်ဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို နေရာ ၅ဝ ပေးမည်ဖြစ်သည်။ ထို့ကြောင့် စာမေးပွဲဝင်ဖြေမည့် အထွေထွေ အုပ်ချုပ်ရေးမှူးအလောင်းအလျာ ၈၅ဝဝ တို့သည် လက်ကျန်နေရာ ၅ဝ အတွက် ဝိုင်းဝန်း ကံစမ်းကြသည့်နှယ် ဖြစ်နေတော့သည်။
ထိုနေရာ ၅ဝ တွင်လည်း ဘဘကြီးဆိုသူများနှင့် အစပ်အဆက်ရှိကြသူများ၊ ဗိုလ်မှုး၊ ဗိုလ်ကြီး တို့ဖြင့် အစပ်အဆက် ရှိကြသူများက နေရာ ၃ဝ ခန့်ယူထားသေးကြောင်း ရိုးတိုးရိပ်တိတ် ပေါက်ကြားသွားသဖြင့် စည်ပင်ရိပ်သာ အဆောင်ဆောင် အခန်းခန်း များရှိ စာဖြေသူများနှင့် ဘုန်းကြီးကျောင်းများတွင် ခိုကပ်နေကြသော စာဖြေသူများ ဒေါသအမျက် ချောင်းချောင်းထွက် ပေါက်ကွဲကြလေခြင်း ဖြစ်သည်။
ချက်ခြင်းလက်ငင်းဆိုသလို အထုပ်အပိုးများပြင်ဆင်ကာ ဖြစ်သည့်နည်းဖြင့် ဖြစ်သလို ပြန်သွားကြလေတော့သည်။