လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး “ပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ”ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဤ အခြေခံဥပဒေ အခန်း ၃ ။တောင်သူလယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန် ဝတ်တရားများ ...
လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး “ပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ”ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဤ အခြေခံဥပဒေ အခန်း ၃ ။တောင်သူလယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန် ဝတ်တရားများ၊ ပုဒ်မ- ၃ဝ။ ။
(၁) နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။
(၂) ဤအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မြေယာပိုင်ဆိုင်ခွင့်စနစ်များကို စည်းမျဉ်းတကျ ဖြစ်စေရန်သော်၎င်း၊ လွှဲပြောင်းရန်သော်၎င်း၊ ဖျက်သိမ်းရန်သော်၎င်း၊ နိုင်ငံတော်၌ အခွင့်အရေးရှိရမည်။ သို့တည်းမဟုတ် မည်သည့်မြေယာကိုမဆိုလည်း သိမ်းယူပြီးလျှင်၊ ထိုမြေယာကို စုပေါင်းစိုက်ပျိုးရေးအတွက်ဖြစ်စေ၊ သမဝါယမ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ လယ်သီးစားသမားများ သို့ဖြစ်စေ၊ ဝေငှပေး ရန် အခွင့်အရေး ရှိရမည်။
(၃) မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာ အမြောက်အမြား ပိုင်ဆိုင်နိုင်သော အခွင့်အရေးမရှိစေရ။ တဦးတည်းပိုင် ဖြစ်သော မြေယာ၏အများဆုံး မြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ် ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။ ဟုပြဋ္ဌာန်းထားသည်။
“လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေတွေ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အများ သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ ” ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့ သူအမေ ကြောက်တတ်တဲ့ အမျိုးဟာမို့ ” |
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက လယ်ယာမြေအများစုကို တောင်သူလယ်သမား မဟုတ်သော ငွေရှင်ကြေးရှင်များ လက်ထဲသို့ လယ်ယာများရောက်နေခြင်းကြောင့် တောင်သူလယ်သမားများ အများထုကြီးသည် သီးစားခ ကြီးမားလွန်း၍ လယ်ယာကို စွဲစွဲမြဲမြဲ မလုပ်ကိုင်နိုင်ခြင်း၊ လက်ငုတ်လယ်ယာ လက်မဲ့ဖြစ်ရခြင်း၊ ကြွေးမြီတင်ခြင်း စသည့် ပြဿနာမြောက်များစွာနှင့် တွေ့ကြံု ရင်ဆိုင်ခဲ့ကြရသည်။ ထို့ကြောင့် “လယ်လုပ်သူသာ လယ်ပိုင်ရမည်”ဟူသော သဘောတရား ပေါ်ထွက်လာခဲ့သည်။လယ်ယာ မလုပ်သူတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေများကို သိမ်းယူ၍ လယ်လုပ်ခွင့် မရသူတို့အား ဝေပေးရန်အတွက် ”၁၉၄၈ ခုနှစ်တွင် သီးစားချထားရေး ဥပဒေနှင့် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။
၁၉၄၈ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ၁၉၅ဝ တွင် သန်လျင်မြို့၌စတင်ကျင့်သုံးရာတွင် အခက်အခဲများ ကြံုတွေ့ကာ ချွတ်ယွင်းချက်များ တွေ့ရှိခဲ့ရသည်။ ထိုကြောင့် ၎င်းချွတ်ယွင်းချက်များကို ပြုပြင်ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ် ရေး အက်ဥပဒေကို အသစ်တဖန် ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၃ ခုနှစ် သီးစားချထားရေး ဥပဒေ ကိုလည်းပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံတွင် (၁) ၁၉၃၉ ခုနှစ် သီးစားအက်ဥပဒေ (၂) ၁၉၄၆ ခုနှစ် သီးစား အက်ဥပဒေ (၃) ၁၉၄၈ ခုနှစ် သီးစားချထားရေး အက်ဥပဒေ (၄)၁၉၅၃ ခုနှစ် သီးစားချထားရေးအက် ဥပဒေ ဟူ၍ သီးစား ဥပဒေများ ပေါ်ပေါက်လာခဲ့ပြီးနောက်ဆုံး တော်လှန်ရေးကောင်စီ လက်ထက် ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ဤဥပဒေကို ပြီးပြည့်စုံပြီဟု မယူဆသည့်အတွက် ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကိုထပ်မံပြဋ္ဌာန်းခဲ့ပြန်သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေတွေ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အများ သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ ” ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့ သူအမေ ကြောက်တတ်တဲ့ အမျိုးဟာမို့ ”ဟုစာချိုးခဲ့သည့် အဖိုးသခင် ကိုယ်တော်မှိုင်းကို တိုင်တည်ရပါတော့မည်။
မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေနှင့် ပတ်သက်၍ ”လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ ဥပဒေအမှတ် ၄၄)ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤ ၁၉၄၈ ခုနှစ်အက်ဥပဒေ ပုဒ်မ -၃ တွင် ” မည်သည့် အလုပ်ရှင်မဆို သူရင်းငှား တယောက်ကို ငှားသည်ရှိသော် ထိုသူရင်းငှားအား -
အလုပ်သမား တဦး၏အနိမ့်ဆုံး လစာမှာ (တလ ၁၂,ဝဝဝ/ကျပ်) ဖြစ်ကာ အစိုးရ ဝန်ထမ်း တဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၃ဝ,ဝဝဝ/ကျပ်) ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပေသည်။ |
(က) တတုံးထွန်ထက် ပိုမိုသည့် လုပ်ခွင်ကို ချထားလုပ်ကိုင်စေခြင်းမပြုရ။
(ခ) လယ်ယာထွန်ယက်ခြင်း မပြုသည့် အချိန်တွင် ခိုင်းနွားတရှဉ်း ထိန်းကျောင်းကျွေးမွေးရန် တာဝန်ထက် ပိုသော တာဝန်ကို ချထားခြင်း မပြုရ၊
ဤဥပဒေ ပုဒ်မ -၄ တွင်” (၁)(က) ကျီဝင် သူရင်းငှား တဦး၏ အခကြေးငွေမှာ ထိုသူ၏ လုပ်ခွင်မှ ထွက်သည့် သီးနှံ၏ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ဖြစ်စေရမည်။ ထို့ပြင် အလုပ်ရှင်က ထိုသူရင်းငှားအား ငှားရမ်းသည့် အချိန်ကာလပတ်လုံး ကျွေးမွေးထားရမည်။ (ခ) ကျီဝင် သူရင်းငှားမှ အပ အခြားသူရင်းငှားများ ပုတ်ပြတ် လယ်ယာအလုပ်သမားများ နေ့စားလယ်ယာ အလုပ်သမားများအတွက် အခကြေးငွေကို နိုင်ငံတော်သမ္မတက ကျီဝင်သူရင်းငှားများ၏ နှုန်းနှင့် နှိုှုင်းယှဉ်ပြီး သင့်တော်သည့်နှုန်းကို ကန့်သတ်ပေးရမည်။ သို့သော် တနှစ်ပတ်လုံး လုပ်ကိုင်ရသည့် သူရင်းငှားများကို ပိုမို၍ ငှားရမ်းစေခြင်းငှာ နှုန်းများကို နိုင်ငံတော် သမ္မတ က ပြုပြင်ပေးနိုင်သည်။” ဟုဖော်ပြထားသည် ကိုတွေ့ရသည်။
အနည်းဆုံး အခကြေးငွေ အက် ဥပဒေ (၁၉၄၉ ခုနှစ်၊ ဥပဒေအမှတ် ၆၆)ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်တို့၌ လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်လောက်သော အခကြေးငွေကို ရရှိစေရန် ရည်ရွယ်၍ ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ဤဥပဒေ ပုဒ်မ (၂) (၁) တွင် ”အလုပ်သမား” ဆိုသော စကားရပ်တွင် အလုပ်ရှင်နှင့် ပဋိဉာဉ်ပြုလုပ်ခဲ့သူ၊ သို့တည်းမဟုတ် ပဋိဉာဉ်အရ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သူကို ဆိုလိုသည်။
(က) အလုပ်ရှင်၏ စီးပွားရေး လုပ်ငန်းအတွက် မဟုတ်ဘဲ အခြားကိစ္စအတွက် ခေတ္တခဏ ခိုင်းစေခြင်း ခံရသူ၊
(ခ) အစိုးရ ဌာနကဖြစ်စေ၊ အစိုးရ ကိုယ်စားလှယ်ကဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း မှတပါး အခြား ကိစ္စအတွက် နိုင်ငံတော် အစိုးရက ခိုင်းစေခြင်းခံရသူ၊ ထို့ပြင်
(ဂ) ၁၉၄၈ ခုနှစ် လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် သက်ဆိုင်သော အလုပ်သမား။ ဟူ၍ ဖော်ပြပါရှိပါသည်။
အနည်းဆုံး အခကြေးငွေ ကောင်စီများ ဖွဲ့စည်းခြင်း၊ ထိုကောင်စီများ၏ အရာရှိများနှင့် ကောင်စီများ ၏ ဆောင်ရွက်မှုများကို ပဌမ ဇယား (ပုဒ်မ ၈) တွင်လည်းကောင်း၊ စုံစမ်းရေးကော်မရှင် အဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့၏ အရာရှိများနှင့် ကော်မရှင်အဖွဲ့များ၏ ဆောင်ရွက်မှုများကို ဒုတိယဇယား (ပုဒ်မ ၉) တွင် လည်းကောင်း ဖော်ပြထားသည်။ ဒုတိယဇယား အပိုဒ် (၁) တွင် ” စုံစမ်းရေး အဖွဲ့တွင် နိုင်ငံတော် သမ္မတက ခန့်ထားသူများ ပါဝင်ရမည်။ထိုသူများသည်-
(က) အလုပ်ရှင် အလုပ်သမားတို့နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်များအနက် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် သုံးဦးထက် မပိုသော သူများ။
(ခ) အလုပ်ရှင် ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။
(ဂ) အလုပ်သမား ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။”
ဟူ၍ ဖော်ပြထားသည်။
ပြဋ္ဌာန်း ဥပဒေများ၏ အခွင့်အရေးများကို မုချမသွေ အလုပ်သမား လယ်သမားများ ခံစားကြရပေမည်။ သို့သော်ခေတ်အဆက်ဆက် အစိုးရများက ဥပဒေသည် ဥပဒေပြဋ္ဌာန်းသူများ အတွက်သာ ပြဋ္ဌာန်းခြင်း ဖြစ်သည့်အလား ကြွေးကြော်လာခဲ့ကြသည်မှာ ယခုလောလောလတ်လတ် နအဖ စစ်အစိုးရလက်ထက်ထိပင် ဖြစ်သည်။ လက်တွေ့ ဖြစ်ပျက်နေသည်များကို တစေ့တစောင်းဖော်ပြရလျှင် မြန်မာနိုင်ငံရှိ အလုပ်သမား တဦး၏အနိမ့်ဆုံး လစာမှာ (တလ ၁၂,ဝဝဝ/ကျပ်) ဖြစ်ကာ အစိုးရ ဝန်ထမ်း တဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၃ဝ,ဝဝဝ/ကျပ်) ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပေသည်။ လုံးဝ ငြင်းမရပါ။
ဦးဌေးဦး (လယ်ဆည် ဝန်ကြီး) က တခွန်းတည်း ဖြေကြားသည်မှာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည် ဟူ၍သာ |
အထက်ပါ ဥပဒေများအပြင် နောက်ဆုံး လက်ရှိတည်ဆဲ ဥပဒေဖြစ်သည့် ၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေ နှင့် ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ များ၌ သီးစားခကို ငွေဖြင့်သာ ပေးရမည်။(၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၄ (၃) ဟု ဖော်ပြထားသည်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ပုဒ်မ ၃ (၁) (က) တွင် ”လယ်ယာမြေကိုသော်၎င်း၊ လယ်ယာမြေ လုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ၊ နွားနှင့်ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာတန်ဆာပလာ၊ အခြားသက်ရှိ သက်မဲ့ ကိရိယာတန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေမှ ထွက်သောပစ္စည်းများကိုသော်၎င်း၊ ဝရမ်းကပ်ခြင်း၊သိမ်းဆည်းခြင်း မပြုရ။” (ခ) တွင် “လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်၎င်း ၊ လယ်ယာမြေထဲသို့ မဝင်ရ ဟုသော်၎င်း တားဆီးခြင်းမပြုရ။” ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားပါသည်။
တရားဥပဒေ ကိုလေးစားလိုက်နာပြီး တရားဥပဒေပါ အခွင့်အရေး များကို လယ်သမား ၊ အလုပ်သမားများ ရရှိခံစားခွင့် ရှိပါသလား။ ယခုကျင်းပခဲ့သော ပြည်သူ့လွှတ်တော် (၉ -၃ - ၂ဝ၁၁) နေ့တွင် ဦးအောင်ခင် (ပုဇွန်တောင်၊မဲဆန္ဒနယ်) နှင့် ဦးရဲထွန်း (သီပေါ မဲဆန္ဒနယ်) တို့ “လယ်သမားများ ၏ လယ်မြေများကို လျော်ကြေးငွေဖြင့်သိမ်းယူခြင်း၊ စက်ရုံတည်ဆောက်ရန် သိမ်းယူခြင်း ကိစ္စများကို ဖြေရှင်းပေးရန်ရှိမရှိ” မေးခွန်းနှင့် “ကုမ္ပဏီများ၏ လျော်ကြေးအနည်းငယ်ပေး သိမ်းယူမှု၊ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်သာရှိ၊ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် မရှိခြင်း၊ လယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အာမခံချက်ပေးရန် ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခြင်း ရှိမရှိ” မေးခွန်းများကို မေးမြန်းခဲ့ ကြသည်ကို တွေ့ရှိရပါသည်။ ဦးဌေးဦး (လယ်ဆည် ဝန်ကြီး) က တခွန်းတည်း ဖြေကြားသည်မှာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည် ဟူ၍သာဖြစ်သည်။ ဤစကား ကို ကြားရရုံ ဖြင့် စည်းမဲ့ကမ်းမဲ့ နိုင်ငံနှင့်အဝှမ်း လယ်သမားများထံမှ လယ်မြေများကို မတရားသိမ်းဆည်း ထားခြင်းကြောင့် အိုင်အယ်အိုက ပါဝင်ဆောင်ရွက်နေရသည်ကို နိုင်ငံတကာ မှာ သက်သေခံ အထောက်အထားများ ရောက်ရှိနေပါလျက်သားနှင့် အလိမ်အညာ လည်ဆယ် ဖြေကြားခဲ့သော ကြောင့် အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါသည်။ လည်ဆယ် ဝန်ကြီး ဦးဌေးဦးကြောင့် ပြည်သူ့လွှတ်တော် တခုလုံး ပြည်သူလူထုကို လိမ်ညာနေကြောင်း မတော်မတရား ဥပဒေတွေ ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း သိနေကြပေပြီ။
အလုပ်သမား၊ လယ်သမား တည်းဟူသော မြင်းမိုရ်တောင်ကြီးကို မဖြစ်စလောက် လွှတ်တော်များက ဇီးစေ့နှင့် ပေါက်၍ ရွေ့နိုင်ပါမည်လော။
ဦးမျိုး (ဥပဒေ)