မြန်မာနှင့် ဆက်ဆံရေးကောင်းရန် အမေရိကန် ကြိုးစားရန်ရှိ

မြန်မာနှင့် ဆက်ဆံရေးကောင်းရန် အမေရိကန် ကြိုးစားရန်ရှိ
by -
လာရီဂျေဂင်
အမေရိကန်နှင့် မြန်မာ စစ်အစိုးရအကြား နှောင့်နေးနေသော စေ့စပ်ညှိနှှိုင်းရေး မူဝါဒကို ပြန်လည်၍ အားဖြည့်ရန် အမေရိကန် အဆင့်မြင့် သံတမန်တဦး မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဟု မျှော်လင့်ရ ...

ဘန်ကောက် (မဇ္ဈိမ) ။     ။ အမေရိကန်နှင့် မြန်မာ စစ်အစိုးရအကြား နှောင့်နေးနေသော စေ့စပ်ညှိနှှိုင်းရေး မူဝါဒကို ပြန်လည်၍ အားဖြည့်ရန် အမေရိကန် အဆင့်မြင့် သံတမန်တဦး မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဟု မျှော်လင့်ရကြောင်း နေပြည်တော်ရှိ အစိုးရ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည့် ခရီးစဉ်အပြီး အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် အတွင်းရေးမှူး ကာ့တ်ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည် ဖြစ်ကြောင်း စစ်အစိုးရ အရာရှိများက နေပြည်တော်တွင် ပြောကြားခဲ့သည်။ သို့သော် အမေရိကန် အရာရှိများကမူ ကောလာဟလ ဟု ဆိုကာ ပယ်ချလိုက်သည်။

မစ္စတာကမ်းဘဲလ်၏ လက်ထောက် စကော့ မာဆီယယ်က သူရော၊ မစ္စတာကမ်းဘဲလ်ပါ လာမည့်တပတ်အတွင်း မြန်မာပြည်သို့ လာရောက်ရန် အစီအစဉ်မရှိကြောင်း မဇ္စျိမကို ပြောကြားသည်။ စကော့မာဆီယယ်က ပြောကြားရာတွင် ၎င်းတို့အနေနှင့် မြန်မာနိုင်ငံသို့ သွားရောက်ရန် စဉ်းစားနေဆဲဖြစ်ကြောင်းနှင့် အသေးစိတ် အစီအစဉ် မရေးဆွဲရသေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

၎င်းတို့သည် မြန်မာနိုင်ငံသို့ သွားရောက်ရန် အထူးပင် စိတ်အားထက်သန်နေပြီး ထိုအကြောင်းကိုလည်း မြန်မာဘက်နှင့် ရက်သတ်မှတ်ရန် ဆွေးနွေးနေဆဲဖြစ်ကြောင်းနှင့် ယခုထိ ရက်အတိအကျ မသတ်မှတ်သေးကြောင်း ပြောသည်။

သို့သော် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက  အမေရိကန် သံတမန်များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး  အမေရိကန် သံတမန်များ ထပ်မံလာရောက်လိုသည့် ဆန္ဒ ပြင်းပြနေပုံရကြောင်းနှင့် လာရောက်လည်ပတ်မည့် ခရီးစဉ်အတွက် စီစဉ်မှှုများ ပြုလုပ်ထားကြောင်း စစ်အစိုးရ အရာရှိများက ပြောခဲ့သည်။

ရက်အတိအကျ သတ်မှတ်ပြီးလျှင် ၎င်းခရီးစဉ်သည် အမေရိကန် အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က စစ်အစိုးရအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒအပြောင်းအလဲကို ပြီးခဲ့သည့်နှစ်က ကြေငြာပြီး နောက်ပိုင်းတွင် အမေရိကန် သံတမန်၏ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပေလိမ့်မည်။ မစ္စက် ကလင်တန် ကြေငြာခဲ့သည် မြန်မာနိုင်ငံအပေါ် မူဝါဒအပြောင်းအလဲတွင် စီးပွားရေး ပိတ်ဆို့အရေးယူမှှုကို ဆက်လက်ထားရှိပြီး မြန်မာစစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှှိုင်းရေး မူများ ပါဝင်သည်။

ဒေါက်တာ ကမ်းဘဲလ်သည် ပြစ်ဒဏ်ချခံထားရသော  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ စစ်အစိုးရဘက်မှ အဓိကကျသော ဗိုလ်ချုပ်များနှင့်လည်း တွေ့ဆုံခွင့် ရရှိရန် မျှော်လင့်ထားသည်ဟု သိရသည်။

ပထမအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်က မစ္စတာ ကမ်းဘဲလ်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခွင့် မရခဲ့ပေ။ ယခုအကြိမ်တွင်မူ ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံဆွေးနွေးရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းထံမှ သတင်းများအရ သိရသည်။ လာမည့် ရွေးကောက်ပွဲအား အသိအမှတ်ပြုရေး၊ မပြုရေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ငြင်းဆန်မှှု စသည့် အကြောင်းအရာများအား စစ်အစိုးရနှင့်ရော၊ အတိုက်အခံများနှင့်ပါ အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။

မာဆီယယ်က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အလွန်ခက်ခဲသော အခြေအနေသို ့တွန်းပို့ထားသဖြင့် အထူးစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန် အစိုးရက စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာနိုင်ငံတဝှန်းရှိ အကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိစေရန် လုပ်ဆောင်ထားသဖြင့် စစ်အစိုးရ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် အသိအမှတ်ပြုခြင်း ခံရလိမ့်မည် မဟုတ်ကြောင်း လွန်ခဲ့သော ရက်သတ္တပတ်များက အမေရိကန် သံတမန်များနှင့် အစိုးရအရာရှိများက ထုတ်ပြန်ခဲ့ကြသည့် ကြေညာချက်များတွင် ဖော်ပြထားခဲ့သည်။  

ပြီးခဲ့သည့် သောကြာနေ့က ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ဆိုင်ရာ လုံခြံုရေး အစည်းအဝေးတွင် မာဆီယက်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေများသည် မြန်မာ့နိုင်ငံရေးတွင် နောက်သို့ တလှမ်းဆုတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် အဓိက အတိုက်အခံပါတီအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိစေရန် အကျပ်ကိုင်ခြင်းသည် အမျိုးသားရေး ပြန်လည်ရင်ကြားစေ့ရေးနှင့် ဆန့်ကျင်သော လမ်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူလက မစ္စတာ ကမ်းဘဲလ်သည် အမေရိကန် သမ္မတ၏ အာရှဒေသ လာရောက်လည်ပတ်ရေး အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်မှှုဖြစ်သည့် ၎င်း၏ အာရှတိုက် ခရီးစဉ်အတွင်း မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ရန် အစီအစဉ် ရေးဆွဲထားခဲ့သော်လည်း သတ်မှတ်ရက် ရောက်ခါနီးတွင် အကြောင်းပြချက် မပေးဘဲ ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့သည်ဟု စစ်အစိုးရ အရာရှိများက ပြောခဲ့သည်။

ထင်မြင်ချက်များထဲမှ အဓိက ထင်မြင်ချက်တခုမှာ အမေရိကန် သံတမန်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဆီနိတ်တာ အမတ် မစ္စတာ ဂျင်ဝက်ဘ်ကဲ့သို့ အကျပ်ရိုက်စေမည့် အခြေအနေအား ရှောင်လွှဲလို၍ ဖြစ်နိုင်သည်ဟု ဆိုသည်။ မစ္စတာ ဂျင်ဝက်ဘ်သည် နာမကျန်းဖြစ်နေသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ယက်တောအား စစ်အစိုးရ၏ ပြစ်ဒဏ်ချမှတ်ခံရမှှုမှ စေ့စပ်ညှိနှိုင်း ကယ်ထုတ်ပေးခဲ့ရသူ ဖြစ်သည်။

ဂျွန်ယက်တောသည် ရန်ကုန်မြို့ရှိ အင်းယားကန်ကို ကူးဖြတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တရားမဝင် ခိုးဝင်ရောက်ခဲ့သဖြင့် ပြစ်ဒဏ် ချမှတ်ထားခြင်း ခံရသူ ဖြစ်သည်။ ထိုကဲ့သို့ မစ္စတာ ယက်တော တရားမဝင် ဝင်ရောက်ခဲ့သဖြင့် နေအိမ်ပိုင်ရှင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ဥပဒေများကို ချိုးဖောက်ရာ ရောက်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သည် လများအတွင်းက အမေရိကန်နိုင်ငံသား မြန်မာပြည်ဖွား မြန်မာ့ဒီမိုကရေစီအရေး လှှုပ်ရှားသူ ကိုညီညီအောင်၏ အမှှုကိစ္စအား ရင်ဆိုင်ဖြေရှင်းနေခဲ့ရသည်။ ကိုညီညီအောင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ရန်ကုန်လေဆိပ်၌ စစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

သူသည် ၁၉၈၈ ခုနှစ် မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့သည်။ အမေရိကန်သံရုံးမှ အရာရှိများသည် ၎င်းထံသို့ မကြာခဏ သွားရောက်တွေ့ဆုံခဲ့ရသည်။ ထိုရက်သတ္တပတ်များသည် ကိုညီညီအောင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် အမေရိကန် ကွန်ဂရက်မှ အရှိန်မြှင့် ကြိုးစားနေချိန်ဖြစ်သည်။ မစ္စတာ ကမ်းဘဲလ်သည် ယက်တောကဲ့သို့ အကျပ်ရိုက်စေမည့် အခြေအနေအား ရှောင်လွှဲလို၍ ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသူ အမေရိကန် သံတမန်ဟောင်းတဦးက ပြောကြားသည်။

ကမ်းဘဲလ်က သူ၏ ခရီးစဉ်ကို ဖျက်သိမ်းအပြီး တပတ်အကြာတွင် စစ်အစိုးရသည် ကိုညီညီအောင်အား အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီး အမေရိကန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်ရန် ခွင့်ပြုခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ချစ်ကြည်ရေးအတွက် ကိုညီညီအောင်အား သတ်မှတ်ရက်ထက် စောလျင်စွာ လွှတ်ပေးလိုက်သည်ဟု စစ်အစိုးရပိုင် သတင်းစာများထဲတွင် ဖော်ပြခဲ့သည်။

အမေရိကန် သံတမန်တဦးက ပြောကြားရာတွင် မြန်မာစစ်ဗိုလ်ချုပ်များဘက်မှ လိုလိုလားလား တွေ့ဆုံဆွေးနွေးလိုကြောင်း အချက်ပြလိုက်သဖြင့် မစ္စတာ ကမ်းဘဲလ် ခရီးစဉ်အား ပြန်လည်စီစဉ်ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူ၏ မြန်မာနိုင်ငံသို့ နောက်ဆုံးခရီးစဉ်သည် အားရစရာ ကောင်းသည့် ရလဒ်များ ထွက်ပေါ်ခဲ့ခြင်း မရှိသဖြင့် စစ်အစိုးရဘက်မှ ထပ်မံ တွေ့ဆုံဆွေးနွေးလိုနေခြင်း ဖြစ်သည်။

အမေရိကန် သံတမန်၏ ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရ၏ တဖက်သတ်ဆန်သော ရွေးကောက်ပွဲ ဥပဒေများကြောင့် ပါတီအား ပြန်လည်မှတ်ပုံတင်နိုင်ရန် မဖြစ်နိုင်တော့သဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ထားခါစ အချိန်ဖြစ်၍ အရေးကြီးသော အခြေအနေနှင့် တိုက်ဆိုင်နေသည်။ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြစ်ဒဏ်ကျခံနေရသူများသည် ပါတီတွင် ပါဝင်နိုင်ခွင့် မရှိသဖြင့် ထိုဥပဒေအရဆိုလျှင် လောလောဆယ် နေအိမ်တွင် ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ပစ်မှသာ ပါတီအား မှတ်ပုံတင်ခွင့် ရှိပေလိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်သည် အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများမှ ဝေဖန်မှှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ လက်ရှိ တည်ဆဲ နိုင်ငံရေးပါတီများသည် နောက်လ အစောပိုင်းထိသာ မှတ်ပုံတင်ခွင့် ရှိသည်။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာများနှင့် အဆက်အသွယ်ရှိသည့် ဥရောပ အဆင့်မြင့် သံတမန်တဦးကမူ ယခုဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယ အကြီးဆုံး မှားယွင်းမှှု တခုဖြစ်ကြောင်း မဇ္စျိမသို့ ဝေဖန်ပြောကြားခဲ့သည်။ သူက ယခုဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပျောက်ကွယ်သွားစေနိုင်သည်ဟု ဆက်လက်၍ ဝေဖန်ပြောကြားခဲ့သည်။

ဗြိတိန်နှင့် အိုင်ယာလန်မှလွှဲ၍ ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် ၂၅ နိုင်ငံမှ အကဲခတ်များကလည်း ထိုသံတမန်ကဲ့သို့ ထင်မြင်ချက်မျိုး ရှိနေသည်ဟု ဘန်ကောက်ရှိ ဥရောပ သံတမန်များက ပြောကြသည်။

အမေရိကန်နိုင်ငံမှ တန်းတူအရာရှိများနှင့် ဆွေးနွေးခဲ့ကြသော အာရှသံတမန်များ၏ ပြောပြချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မချင့်မရဲ ဖြစ်နေကြသည့် အမေရိကန်မှ အဆင့်မြင့် အရာရှိများလည်း ရှိနေကြောင်း သိရသည်။  

သို့သော် မစ္စတာ ကမ်းဘဲလ်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စရပ်များပေါ်တွင် ပိုမိုပျော့ပြောင်းစွာ ရပ်တည်ရေးအတွက် စည်းရုံးသိမ်းသွင်းရန် ရည်ရွယ်ခြင်း ဟုတ်မဟုတ်တော့ မသေချာပေ။ ဆွေးနွေးနိုင်စရာ အကြောင်းရှိသည့် ကိစ္စရပ်တခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ယခုအခြေအနေမျိုး၌ ၎င်း၏ နိုင်ငံရေးလက်တံကို အပြည့်ထုတ်မပြရေးပင် ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တည်ဆဲမှတ်ပုံတင်ထားသည့် အနေအထားအား ဆက်လက်၍ တည်မြဲနေစေရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားနိုင်သေးသည်။

ထိုသို့ လျှောက်လွှာတင်နိုင်ရန်အတွက် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေနှင့်  ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ အမည်စာရင်းသာ တင်သွင်းရန် လိုမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ၂ဝဝ၈ ခုနှစ် အခြေခံ ဥပေဒအား လက်ခံကြောင်း ကြေညာရန် မလိုသကဲ့သို့ လတ်တလော ပြစ်ဒဏ်ကျခံနေရသည့် ပါတီဝင်များအား ထုတ်ပယ်ပစ်ရန်လည်း လိုလိမ့်မည် မဟုတ်ပေ။

ပါတီအား မှတ်ပုံတင်မှှုအား လက်ခံပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီဝင်များ၏ အမည်စာရင်းကို ပေးရန်အတွက် ရက်ပေါင်း ၉ဝ ရရှိပေလိမ့်မည်။ ထို့နောက် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လတ်တလော အကျဉ်းကျခံနေရသည့် ပါတီဝင်များ ပါဝင်နေသဖြင့် ဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပါတီအား စိန်ခေါ်မှှု ပြုရပေလိမ့်မည်။ ထိုအချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပမာဏခြေလှမ်းတရပ် လှမ်းလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်ပြီး စစ်အစိုးရအား တရားရုံးတွင် ရင်ဆိုင်နိုင်ရန် အခွင့်အရေးတရပ် ရဦးမည် ဖြစ်သည်ဟု ဥပဒေရေးရာ ကျွမ်းကျင်သူ မြန်မာတဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ပါတီကို ဖျက်သိမ်းလိုပါက ရက်ပေါင်း ၉ဝ အပြီးတွင် ဆုံးဖြတ်ချက်ချ ဖျက်သိမ်းနိုင်သလို တခြားတဖက်တွင်လည်း လတ်တလော အကျဉ်းကျခံနေရသူများ၏ အမည်စာရင်းကိုပါ တင်သွင်းခြင်းဖြင့် စစ်အစိုးရအား ထိပ်တိုက်ရင်ဆိုင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား ဖျက်သိမ်းကြောင်း စစ်အစိုးရကိုယ်တိုင် ကြေညာရသည်အထိ ဖြစ်သွားစေရန် အကျပ်ကိုင်နိုင်လိမ့်မည်ဖြစ်သည်။

မစ္စတာ ကမ်းဘဲလ်သည် ရွေးကောက်ပွဲ၌ တရားမျှတမှှုနှင့် လွတ်လပ်မှှု မရှိမည်ကို အမေရိကန်က စိုးရိမ်ကြောင်း စစ်အစိုးရအား သတိပေးပြောကြားမည်ကတော့ သေချာနေပေသည်။ အကယ်၍ နိုင်ငံရေးကစားရန် အနေအထားတရပ်ရှိပါက အမေရိကန် သံတမန်သည် အပြည့်အဝ အသုံးချကာ ကစားသွားပေလိမ့်မည်။ တရားဝင် အရပ်သားအစိုးရ ပေါ်ထွက်လာမည့်အကြောင်း ပြသချင်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း ရွေးကောက်ပွဲအပေါ် ကမ္ဘာမှ မယုံကြည်မှှုများ၊ ဆန့်ကျင်မှှုများ တိုးပွားလာလိမ့်မည်ကို စိုးရိမ်နေပေလိမ့်မည်။ အာရှနိုင်ငံများသည်လည်း စစ်အစိုးရ၏ ရွေးကောက်ပွဲအပေါ်တွင် စိုးရိမ်မှှုများ ရှိနေပေသည်။

လွယ်ကူသည့် အဖြေကတော့ ရှိလိမ့်မည် မဟုတ်ချေ။ မည်သည့်အလျှော့ပေးမှှုမဆို စစ်အစိုးရအား အလွယ်တကူ ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ချေ။ ဒေါက်တာ ကမ်းဘဲလ်၏ ခရီးစဉ်သည် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန်အတွက် ဝါရှင်တန်အစိုးရ၏ အားထုတ်ကြိုးပမ်းလိုမှှုကို ထင်ရှားစေသည်။ သို့သော် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းခြင်းသည် လွယ်ကူချောမောလိမ့်မည်တော့ မဟုတ်ကြောင်း မာဆီယက်က မဇ္စျိမကို ပြီးခဲ့သည့် နိုဝင်ဘာလက ဘန်ကောက်တွင် ပြောကြားခဲ့ဖူးသည်။ မကြာသေးခင်ကလည်း သူ၏ ထင်မြင်ချက်ဖြစ်သည့် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းသည် ကြာရှည်ကာ ခက်ခဲလိမ့်မည်ဟူသော ခန့်မှန်းချက်သည် မှန်ကန်ခဲ့သဖြင့် ကံဆိုးခဲ့ကြောင်း ပြောကြားခဲ့သည်။

Most read this week