မွန်ပြည်နယ် မိုးစပါးစိုက်ခင်းအား ဂဏန်းများဖျက်ဆီး

မွန်ပြည်နယ် မိုးစပါးစိုက်ခင်းအား ဂဏန်းများဖျက်ဆီး
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် ပေါင်မြိုနယ်၏ မိုးစပါး စိုက်ခင်းတွင် ယခုနှစ် ခရုနှင့်ပိုးမွှားကျရောက်မှုမရှိသော်လည်း   ပင်လယ်ဂဏန်းများက ဖျက်ဆီး နေကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

“ပေါင်မြို့နယ်စိုက်ဧကအားလုံး၏သုံးပုံတစ်ပုံမှာကြဲခင်းဧကဖြစ်ပြီး ၄င်းဧကများရေနက်ကွင်းနှင့် ပင်လယ်ကမ်း စပ်လယ်မြေများဖြစ်လို့နှစ်စဉ် ကြဲခင်းစိုက်ပျိုးလေ့ရှိတယ်”ဟုပေါင်မြို့နယ် စိုက်ပျိုးရေးဝန်ထမ်း(အငြိမ်းစား) တဦး ကပြောသည်။

စိုက်ခင်းအတွက်ပျိုးခင်းထောင်ကွက်များတွင်ပြီးခဲ့သည်ခုနှစ်များတွင် Golden Apple Snail ခေါ်ခရုမျိုးသစ် တမျိုးဖျက်ဆီးမှုဒဏ်အနည်းငယ်ခံခဲ့ရပြီယခုနှစ်တွင်ပျိုးထောင်ကွက်များကိုအချိန်ပြောင်းလဲမှုနှင့်ကာကွယ်နှိမ် နင်းမှုများထိရောက်စွာဆောင်ရွက်နိုင်၍ ခရုများဖျက်ဆီးမှုဒဏ်ကင်းပြီး ယခုနှစ်ပျိုးခင်းကွက်များမှာ ကောင်းမွန် သည်ဟု ပေါင်မြို့နယ်စိုက်ပျိုး ရေး ဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။

“ရေနက်လယ်နဲ့ ပင်လယ်ကမ်းစပ်နီးတဲ့နေရာတွေမှာ ဒေသမျိုးတွေ၊ကောက်ကြီးမျိုးတွေကြဲလိုက်တော့ စိုက် စ ရိတ်သက်သာတယ်၊နောက်ပြီရေနစ်ဒဏ်ခံနိုင်တယ်၊အပင်နူတုံးမှာပင်လယ်ဂဏန်းဖျက်ဆီးတတ်တယ်၊ လော လောဆယ်မှာစပါးကြဲခင်းအပင်နုတွေဂဏန်းကိုက်တာတော်တော်ခံနေရတယ်”ဟုပေါင်မြို့နယ်အလှပ်ရွာမှလယ် သမားတဦး ကပြောသည်။

အထူးသဖြင့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် အလှပ်ရွာ၊ ဝဲပဒန်ရွာ၊ေ ကာ့ကရင်ရွာ၊ဆင်ရွာ၊ အုန်းနှစ်ပင်ရွာ များမှ ပျိုးခင်း နှင့်ကြဲခင်းတွေမှာ ခရုဖျက်ဆီးဒဏ်မှ ကင်းဝေးသွားပေမယ့်ကြဲခင်းမှာဖေါင်စီး ဂဏန်းခေါ်သည့် လယ်ဖျက် ဂဏန်းများ၏ဖျက်ဆီးဒဏ်ခံနေရသည်။ ဒီရေအတက်အကျနှင့် ပါလာ၍နှိမ်နင်းဖို့ မလွယ်လှဟု ၄င်းဒေသလယ်သ မားများထံမှ သိရသည်။

ထိုနည်းတူစွာမွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကော့မုပွန်၊ဟင်္သာကျွန်းနှင့်ကညှော်၊နတ်မှော်ရွာများတွင် ယခင်နှစ် များက Golden Apple Snail ခရုမျိုးကျရောက်ခဲ့ပြီးယခုနှစ်ပျိုးခင်းကွက်များတွင် အဖျက်အဆီး မရှိဟုချောင်းဆုံး မြို့နယ် စိုက်ပျိုးရေးဦးစီးမှုူးထံမှ သိရှိရသည်။

“ခရုမျိုးကိုကာကွယ်မှုနဲ့နှိမ်နင်းမှုနှစ်နည်းကိုသုံးတယ်။ကာကွယ်နည်းကတော့ပျိုးကွက်ကိုနွေထယ်ရေးခံတယ်၊ စောပြီးပျိုးထောင်လိုက်တယ်၊နှိမ်နင်းတာက ဥတွေအကောင်တွေဖျက်ဆီးပစ်တယ်၊ သြဘာကုမ္ပဏီက Snailcide ခရုသတ် ဆေးမှုန့်ကိုရေနဲ့ရောပြီး အပင်တွေမှာဖျန်းလိုက်တယ်”ဟု ဦးစီးမှူးကပြောသည်။

ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတဦးပြောပြချက်အရ ထိုင်းနိုင်ငံမှပန်းရောင် ခရုသတ်ဆေးမှုန့် တစ် ထုပ်တန်ဖိုး ၆၀ဝဝ ကျပ်ဆေးမှုန့်တမျိုးကိုလယ်ကန်သင်းပေါ်မှာသင်္ဘောရွက်ခင်းပြီး၄င်းဆေးမှုန့် ကိုပုံထားလျှုင် ခရု ကောင်များလာရောက်စားပြီး သေဆုံးကုန်သည် ဟုပြောသည်။

သို့သော်ချောင်းဆုံမြို့နယ်ပင်လယ်ကမ်းစပ်နီးရှိရွာများတွင်စပါးပျိုးခင်းနှင့် ကြဲခင်းများမှာ လယ်ဖျက်ပင်လယ် ဂဏန်း ကျရောက်မှုမရှိသေးဟု သိရသည်။

ပေါင်မြို့နယ်တွင် ၂၀၁၃ခုနှစ် မိုးစပါးစိုက်ဧကပေါင်း (၁၂၆၈၅၄ )စိုက်ပျိုးရန်လျာထာပြီ ပျိုးထောင်မှုအခြေ အနေ များပြီးစီးနေပြီဖြစ်သော်လည်းစိုက်ပျိုးပြီးစီးမှုမှာဧက တစ်သောင်းကျော်စိုက်ပျိုးပြီးစီးသည်ဟုစီမံကိန်း ဝန်ထမ်းတ ဦးက ပြော သည်။

မွန်ပြည်နယ်အတွင်းရှိမြို့နယ်(၁၀)မြို့နယ်သည်အများအားဖြင့်ပင်လယ်ကမ်းရိုးတန်းတလျှောက်တွင်တည်ရှိနေသလိုလယ်မြေများသည်လည်းပင်လယ်ကမ်းစပ်တလျှေက်တွင်ဧကများစွာတည်ရှိနေသည်။သို့သော်ပင်လယ် ကမ်းရိုးတန်းတွင်မတည်ရှိ သည့်မြို့နယ်မှာကျိုက္မရောမြို့နယ်ဖြစ်ပြီး ၄င်းမြို့နယ်ရှိလယ်မြေမျာသည်လည်း ပင် လယ်ကမ်းခြေနှင့် အလှမ်းကွာဝေးနေ၍ ပင်လယ်ဂဏန်းဖျက်ဆီးမှုမှလွတ်ကင်းသည်ဟု သိရသည်။

Most read this week