မွန်အမျိုးသားပညာရေးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော ဆယ်တန်းလွန် Post-Ten သင်တန်းပြီးမြောက်ခြင်းအခမ်း အနားကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူအနီး၊ စံခလပူရီမြို့ရှိ Sangkhlia Inn ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မွန်ပြည်သစ်ပါတီဝင်အချို့၊ နယ်စပ်အခြေစိုက် မွန်လူထုအခြေပြုအဖွဲ့အစည်းများ၊နိုင်ငံခြားအလှူရှင် များ အင်အား ၁၀ဝ နီးပါး တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
အခမ်းအနားသဘာပတိ နိုင်ရွှေသိန်းက “ကျနော်တို့ ကျောင်းသား တွေ ၁၀ တန်းအောင်ပြီး ဒီအတိုင်းပဲ တက္က သိုလ်တွေဆက် တက်ရင် အင်္ဂလိပ်စာအရည် အသွေး ညံ့မှာဖြစ် တာမို့ Post-Ten ၂ နှစ်သင်တန်းကို ဖွင့်လှစ်ပြီး အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာပါ” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ သည်။
၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲပြီးတဲ့နောက် ၂၀ဝဝ ပြည့်နှစ်မှစတင်၍ ဆယ်တန်းလွန် Post-Ten ကျောင်းကို မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးကော်မတီက စတင်အကောင် အထည် ဖော်ခဲ့သည်ဟု သိရသည်။
မွန်အမျိုးသားပညာရေးကော်မတီဝင် အထက်တန်း ကျောင်းအုပ်ဆရာမကြီး မိလဝီဟံက “ကျမတို့မွန်အမျိုး သားတွေမှာ ပညာတတ်တွေ၊ ပညာရှင်တွေအလွန်နည်းပါးနေပါတယ်၊ အင်္ဂလိပ်စာ အရည်အသွေးမြှင့်ဖို့ကိုလည်း ကျမတို့ဆီမှာ လုံလောက်တဲ့အချိန်တွေ မပေးနိုင်ကြပါဘူး၊ ဒါကြောင့် တတ်နိုင်သမျှ ကျမတို့မွန်ပညာရေးကော်မတီ အနေနဲ့ ဒီလိုသင်တန်းတွေ ဆက်လက်ဖွင့်လှစ် သွားနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ထားပါတယ်” ဟု ပြောသည်။
အဆိုပါ ဆယ်တန်းလွန် ၂ နှစ်သင်တန်းကို နိုင်ငံခြားသားများကျောင်းဆရာများ ဦးစီးသင်ကြားပေးခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် အရေး၊ အဖတ်၊ သဒ္ဒါ၊ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အခြေအ တင်ဆွေးနွေးခြင်း၊စနစ် တကျတင်ပြခြင်း၊ ပရောဂျက်ရေးသားခြင်းနှင့် အခြားနိုင်ငံခြားတက္ကသိုလ်များသို့ ဆက်လက်ပညာသင်ကြား နိုင်ရန် အဆက်အသွယ်ရယူခြင်းတို့အား လေ့ကျင့်သင်ကြားပေး ခဲ့ကြောင်း ကျောင်းသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
မွန်အမျိုးသားပညာရေးကော်မတီက နှစ်စဉ်ဆယ်တန်းလွန်ကျောင်းသားဦးရေ ၂၀ ဦးခန့် စခန်းသွင်း၍အခမဲ့လေ့ကျင့် သင်ကြားပေးခဲ့သည်။
မွန်အမျိုးသားပညာရေးကော်မတီလက်အောက်တွင် အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး ၁၀ တန်းစာမေးပွဲများကို အစိုးရစာစစ်ဌာနများတွင် ဖြေဆိုခွင့်ရှိသည်။
၁၉၇၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် မွန်မူလတန်းကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင် အထက်တန်းကျောင်းများကို ဆက်လက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။