တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာကြေး အပိုကောက်ခံ

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာကြေး အပိုကောက်ခံ
by -
မွန်အေဂျင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရအထက်တန်းကျောင်းတွင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ခွင့်လျှောက်လွှာ အပိုငွေများကောက်ခံခဲ့ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

 ဘုရားသုံးဆူမြို့အထက ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား(Photo- ဘုရားသုံးဆူ)
ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း လျှောက်လွှာကြေးတစ်စုံအတွက် မြန်မာငွေ ၂၅၀ဝ- ကျပ်နှုန်းပေးသွင်းကြရသော်လည်း ဘုရားသုံးဆူမြို့နယ်ခွဲတွင် မြန်မာကျပ်ငွေ ရ၀ဝဝ တန်ဖိုးနှင့်ညီမျှ သော ထိုင်းဘတ်ငွေ ၂၅၀ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

“ကျောင်းက ဒီတနင်္ဂနွေနေ့ဆို ကြာအင်းဆိပ်ကြီးကို လျှောက်လွှာသွားတင်ကြတော့မယ်လို့ပြောတယ်၊ မနေ့ကအပြီးပေးသွင်းခဲ့ပြီးပြီ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းလျှောက်လွှာများကို ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့သို့ သွားရောက်ပေးပို့ရသည့် အတွက် လမ်းခရီးဝန်ဆောင်ခစရိတ်ပါ အပိုကြေးငွေကောက်ခံခြင်းဖြစ်သည်ဟုလည်း ပညာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

အဆိုပါလျှောက်လွှာများကို နေပြည်တော်ရုံးအမှတ် ၅၂- မြန်မာနိုင်ငံစာစစ်(ရုံးချုပ်) နှင့် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ရှိ မြန်မာနိုင်ငံစာစစ်အဖွဲ့(ဇွဲကပင်ဆောင်)၌ ယခုလစက်တင်ဘာ ၃ ရက်နေ့မှစတင်ရောင်းချခဲ့ပြီး လျှောက်လွှာပိတ်ရက်မှာ ယခုလ ၂၈ ဖြစ်သည်ဟု သတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သည်။

ဘရားသုံးဆူမြို့ အထကတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားဦးရေ ၈၀ ကျော်ရှိသည်။

Most read this week