မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံကျေးရွာအပါအဝင် ကျေးရွာအုပ်စု (၉)ရွာတွင် ဇေကမ္ဘာ ကုမ္ပဏီက တာလမ်းဖောက်လုပ်ခြင်းကြောင့် ယခုလအစောပိုင်းတွင် ဒေသခံများက ဆန္ဒပြခဲ့ကြ သည်။
နိတုံကျေးရွာတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် ဇေကမ္ဘာကုမ္မဏီမှ သိမ်းယူထား သည့် လယ်မြေ ၈၀ဝ ဧကကို ၁၅ ပေအထိ မြင့်သည့် တာလမ်းမကြီး ထပ်ဆောက်၍ စိီစဉ်နေ သဖြင့် ဒေသခံများက ဆန္ဒပြခဲ့သည်ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုး ဝေက ပြောသည်။
၎င်းက” ဒီတာလမ်းကြီးဆောက်လုပ်ရင် ကျေးရွာတွေအားလုံးရေနစ်မြုပ်သွားမှာကို စိုးရိမ်ပြီးတော့ ဆရာတော်န ဲ့ ရွာသားတွေက ဒီကိစ္စကိုသက်ဆိုင်ရာသို့ ဘယ်လိုတင်ပြရမ လဲဆိုတာ ကျနော်ကို အကူအညီ လာတောင်းပြီး ဆန္ဒပြဖြစ်ခဲ့တယ်” ဟု ပြောသည်။
ဇေကမ္ဘာကုမ္မဏီက ကျိုက်မရောမှ-နိတုံတောင်-စံပယ်ဂူကျေးရွာအထိ ဖောက်လုပ်ထားသည့် အမြင့်ပေ ၁၀ ပေခန့်ရှိ တာလမ်းမကြီးကို ၁၅ ပေအမြင့်အထိ ထပ်မံဖောက်လုပ်ရန် စီစဉ်နေကြ သည်။
၁၅ ပေအမြင့်ရှိ တာလမ်းဖောက်လုပ်ပါက အနီးတဝိုက်ရှိ ကျေးရွာများတွင် ရေလွှမ်းမိုးခြင်းကို ရင်ဆိုင်ခံရ ဖွယ်ရှိသဖြင့် ဦးနေမျိုးဝေထံ အကူအညီတောင်းခံကာ ကန့်ကွက်ဆန္ဒပြခဲ့သည်ဟု နိတုံဆရာတော်က မိန့်သည်။
ထို့ကြောင့် ကျေးရွားဥက္ကဌ ဦးခင်အောင် ခေါင်းဆောင်၍ ကျိုက်မရောမြို့နယ် နိတုံကျေးရွာ အပါအဝင် ကျေးရွာ ၉ ရွာမှ ဒေသခံ အင်အား ၂၀ဝ ခန့်ဖြင့် နိတုံတောင်ခြေတွင် သွားရောက် ဆန္ဒပြခဲ့သည်။
ဒေသခံများက ”ဘိလပ်မြေစက်ရုံတည်ဆောက်တာကို မကန့်ကွက်ပါဘူး၊ လမ်းဖောက်ရင် ရေကျော်နိုင် အောင် သုံးပေအမြင့်လောက်သာဖောက်စေလိုတယ်” ဟု ရေးသားထားသည့် ပိုစတာကိုကိုယ်စီကိုင် ဆောင်ပြီ ဆန္ဒပြတောင်းဆိုခဲ့သည်ဟု ဆရာတော်က မိန့်သည်။
ယင်းဒေသများ၌ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလတို့တွင် နှစ်စဉ် ရေးကြီးရေလျှံမှုများဖြစ်တတ်ပြီး ရေကြီးမှုက တစ်လနီးပါးကြာလေ့ရှိသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံကျေးရွာ၌ ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္မဏီက ဘိလပ်မြေ စက်ရုံတည် ဆောက်ရန်အတွက် ဒေသခံများ၏ လယ်မြေဧက ၈၀ဝ ကျော်ကို ၂၀၁၀ ခုနှစ်တွင် သိမ်းယူခဲ့သည်။
ယင်း ဘိလပ်မြေစက်ရုံ စီမံကိန်းကြောင့် ဒေသခံများက ဖြစ်လာနိုင်သည့် နစ်နာဆုံးရှုံးမှု အန္တရာယ်နှင့်ပက် သက်ပြီး နိုင်ငံတော် သမ္မတထံသို့တိုင်ကြားစာ အကြိမ်ကြိမ်ပေးပို့တင်ပြခဲ့သည်။