၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ
by -
မိလယီထော

မိလယီထော – ၆၄ ကြိမ်မြောက် မွန်တော်လှန်ရေး နေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေ ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်းဖိုက်စခန်း၌ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ရ နာရီတွင် ကျင်းပ ခဲ့သည်။

MRD64th

ယင်းအခမ်းအနားတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်ရင်းဂုဏ်ပြုတပ်ဖွဲ့မှသေနတ် သံ ၂၁ ချက်ဖေါက်ပြီး အခမ်းအနားဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်း၊ အဖွဲ့ဝင်အဖြစ်ဗလဲ့ဒွန်းဖိုက်ကျောင်း ထိုင်ဆရာတော်၊ MNLA အမှတ် ၅ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး M-စိုက်ချမ်း၊ အခမ်းအနားမှူးအဖြစ်ဘုရားသုံး ဆူမြို့နယ်ဥက္ကဌ နိုင်ထောရွတ် တို့ဆောင်ရွက်ခဲ့ပြီး ဒေသခံများနှင့် ကျောင်းသူကျောင်းသားများတက်ရောက်ခဲ့ သည်ကို တွေ့ရှိရသည်။

အမှတ် ၅ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး M-စိုက်ချမ်းက မွန်ပြည်သစ်ပါတီဗဟို၏ ၆၄ ကြိမ်မြောက်မွန်တော်လှန် ရေးနေ့ထုတ်ပြန်ကြေညာချက်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် ပေးပို့သော သဝဏ်လွှာတို့ကို၄င်း၊ အခမ်းအနားမှူး နိုင်ထောရွတ်က တော်လှန်ရေးကာလတလျှောက်ကျဆုံးပါတီဝင်စာရင်း နှင့်ယခုနှစ်တော် လှန်ရေး ဇွဲဆုရရှိသူများစာရင်းကို ဖတ်ကြားခဲ့သည်။

“မွန်အမျိုးသားတို့၏ ရည်မှန်းချက်ပန်းတိုင် မရောက်ရှိသေးမီ (ဝါ) နိုင်ငံရေးအရငြိမ်းချမ်းစွာမဖြေရှင်း နိုင်သေး သဖြင့် မွန်အမျိုးသားတို့၏တော်လှန်ရေးပန်းတိုင် ခရီးပြီးဆုံးသည်အထိ ချီတက်နေရဦးမည် ဖြစ်သည်။ ထို့ကြောင့် မွန်အမျိုးသားတရပ်လုံးနှင့် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့သည် ဇွဲဝီရိယ၊ သတ္တိ၊ ညီညွတ်မှုခိုင်မာစွာဖြင့် ပကတိအခြေအနေကိုသုံးသပ်ပြီး မဟာမိတ်အင်အားစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဒီမိုကရေစီအင်အားစုများ၊နိုင်ငံတကာ နှင့်အတူပူးပေါင်းပါဝင်သွားကြရန် တော်လှန်ရေးနေ့တွင်တိုက်တွန်းလိုပါကြောင်း” စသည်ဖြင့် ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

ထို့အပြင် “မွန်ပြည်သစ်ပါတီအနေဖြင့် ထပ်မံတောင်းဆိုလိုသည်မှာ မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (Mon Affairs Union) ၏ဦးဆောင်မှုဖြင့် မွန်အမျိုးသားတရပ်လုံးညီညွတ်မှုကိုတည်ဆောက် စေလိုကြောင်း၊မွန်အမျိုးသား ရေးရာအဖွဲ့ချုပ် (MAU) အား ၂၀၀၈ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ရာတွင် ပြည်တွင်းမှမွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်အသင်းအဖွဲ့များ၊ တော်လှန်ရေးနယ်မြေတွင် မွန်ပြည်သစ်ပါတီနှင့် လက်အောက်ခံအသင်းအဖွဲ့များ၊ထိုင်းနိုင် ငံရှိ မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ (Mon Unity League) နှင့် အသင်းအဖွဲ့များ၊ အမေရိကန်၊ ကနေဒါ၊ သြစတေလျနှင့် ဥရောပနိုင်ငံရောက် မွန်တိုင်းရင်းသားများ ပါဝင်လျှက်ရှိသည်” ဟု ဖေါ်ပြပါရှိသည်။

MRD3-30မွန်အမျိုးသားရေးရာ (MAU) အနေဖြင့်လည်း အထက်ပါအင်အား ၄ ရပ်မှအမြင်များကိုပေါင်းစုပြီး “ကျွနု်ပ်တို့မွန် အမျိုးသားရေးပန်းတိုင်ဆိုသည်မှာ လွယ်လင့်တကူ ရယူနိုင်သောအရာမဟုတ်ပါ။ သွေးထွက်သံယိုမှုများ၊ မိသားစုခွဲခွါကွေကွင်းမှုများ အခက်အခဲမျိုးစုံကို ဖြတ်သန်းခဲ့ကြရပြီး အောင်မြင်မှုအသီးအပွင့်အတော်အတင့် ရရှိခဲ့သော်လည်း အထွဋ်အထိပ်ပန်းတိုင်သို့ ရောက်ရှိရန်ကိုမူ မွန်တမျိုးသားလုံး၏ ညီညွတ်ခြင်း၊ သည်းခံခြင်း၊ အပြစ်ခွင့်လွှတ်ခြင်းများကို ဖြည့်ဆည်းတည်ဆောက်ရပြီး မွန်အမျိုးသားတိုင်း အမျိုးသားရေးပန်းတိုင်သို့ မိမိတို့နှင့် ထိုက်သင့်သည့် နေရာအတွင်းမှပါဝင်၍ အမျိုးသားရေးတာဝန်ကို ပါဝင်ထမ်းရွက်တာဝန်ယူကြပါစို့” ဟု ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့ (၁၉၊၈၊ ၁၉၄၈) ၌ မွန်လူငယ်တစ်စု ဘားအံမြို့နယ်၊ ဇာသပြင်ရွာရဲစခန်းကို လက်နက်ဝင်ရောက်လုယူသဖြင့် တိုက်ခိုက်မှုစတင်ဖြစ်ပွားသည့်နေ့အားမွန်တော်လှန် ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။

Most read this week