အာဆီယံ ဥက္ကဌ ရာထူးအတွက် ဒေသတွင်း ပြောင်းလဲမှုများ အရင်လုပ်ရန် လိုအပ်ကြောင်း

အာဆီယံ ဥက္ကဌ ရာထူးအတွက် ဒေသတွင်း ပြောင်းလဲမှုများ အရင်လုပ်ရန် လိုအပ်ကြောင်း
by -
လွတ်လပ်သော မွန်သတင်းအေဂျင်စီ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ -၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌ ရာထူးကို ရယူလိုပါက နည်းစနစ်ကျသည့် ဒီမိုကရေစီနိုင်ငံအဖြစ် အရင်ဦးဆုံးအကောင် ထည်ဖော် လုပ်ဆောင်ရန် လိုအပ်ကြောင်း ရွေးကောက်ပွဲဝင်/မဝင် မွန်နိုင်ငံရေး ခေါင်းဆောင်များက ပြောသည်။

အာဆီယံ၏ ပဋိညာဏ် စာတမ်းပါအတိုင်း လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ တစိုက်မတ်မတ် လုပ်ဆောင်နေသည့် နိုင်ငံကိုသာလျှင် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ အဖြစ် လက်ခံသင့်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ဒု – ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။
nai-janumon-and-nai-nagwe-thain-300x173
“ဒီမိုကရေစီနိုင်ငံ မဖြစ်သေးဘူး၊ အစိုးရသစ်ကတော့ သူတို့ ဖွဲ့စည်းလို့  ပြီးနေပြီ၊ ဒါပေမဲ့လူ့အခွင့်အရေး ကတော့ ဘာမှ မလုပ်ရသေးဘူး” ဟု သူက ပြောသည်။

မြန်မာနိုင်ငံ အနေနှင့် အာဆီယံ ဥက္ကဌ ရာထူး ရထိုက်သော်လည်း ဒီမိုကရေစီ လမ်းစဉ်အတိုင်းဆက်မ သွားပါက ရနိုင်လိမ့်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) ဥက္ကဌ နိုင်ငွေသိန်း (ခေါ်) နိုင်ဇနူမွန်က ပြောသည်။

“ဒီမိုကရေစီဟာ ပြည်သူရဲ့ လိုအပ်ချက်တခု ဖြစ်တယ်။ အာဆီယံ ဥက္ကဌ ရာထူး ရဖို့ အစိုးရသစ်က နိုင်ငံရဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်” ဟု သူက ပြောသည်။

အင်ဒီနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် မေလ ရ – ၈ ရက်နေ့များက ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် မြန်မာဘက်က  ၂၀၁၄ ခုနှစ်တွင် အလှည့်ကျ ဥက္ကဌ တာဝန်ယူရန် အဆိုပြုခဲ့ပြီး အာဆီယံ ခေါင်းဆောင်များက လက်ခံစဉ်းစားဆဲ ဖြစ်သည်။

လက်ရှိ ဥက္ကဌ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ အနေနှင့် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ် နေသော အစိုးရသစ်ကို ထောက်ခံမှု ပြသကြောင်း အာဆီယံထိပ်သီး ညီလာခံမှ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

Most read this week