မြစ်ကြီးနားမြို့ မီးလောင်မှု တစ်ခုကြောင့် ကျပ်သိန်း ၂၃၀ ဆုံးရှုံး

မြစ်ကြီးနားမြို့ မီးလောင်မှု တစ်ခုကြောင့် ကျပ်သိန်း ၂၃၀ ဆုံးရှုံး
by -
ဆိုင်းဂျာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ဈေးကြီးဘက်ရှိ မင်းရပ် ရပ်ကွက်တွင် ယနေ့မနက် ၃ နာရီခန့်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျပ်ငွေသိန်း ၂၃၀ ခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြော ...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ဈေးကြီးဘက်ရှိ မင်းရပ် ရပ်ကွက်တွင် ယနေ့မနက် ၃ နာရီခန့်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျပ်ငွေသိန်း ၂၃၀ ခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

မြစ်ကြီးနား ဈေးကြီး၊ ကချင်ပြည်နယ်။ ပုံ - ကချင်သတင်းဌာနရတနာမွေ့ယာ အရောင်းဆိုင်မှ လျှပ်စစ် မီးအားမြင့်စက်မှ မီးအားမြှင့် တက်လာရာမှ စတင် လောင်ကျွမ်းမှုဖြစ်ရာ အိမ် သုံးအိမ် လောင်ကျွမ်းခဲ့သည်ဟု မီးသတ်မှ ပြောသည်။

“ကျတော်တို့ရဲမှာ အမှုဖွင့်ထားပြီး ဆက်လုပ်နေပါတယ်” ဟု မီးသတ် အရာရှိတစ်ဦး ပြောသည်။

အိမ်နှစ်အိမ် လောင်ကျွမ်းအပြီးမှ မီးသတ်ကား ၄ စီး ရောက်ရှိလာပြီး ငြှိမ်းသတ်ခဲ့သည်။ မီးလောင်မှု ဖြစ်ပွားသည့် တိုက်တန်းတစ်လျှောက် ပလတ်စတိတ်ဆိုင်နှင့် အခြား အရောင်းဆိုင်ခန်းများ ပါသွားခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦး ပြောသည်။

ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ပေါ် မီးလောင်မှု ယခုအကြိမ်နှင့် သုံးကြိမ်တိတိ ဖြစ်ပွားခဲ့သည်။

ဧပြီလက လောင်စာဆီဆိုင်မီးလောင်မှုတွင် အထပ်(၃)ထပ်ရှိ ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်မှ အိမ်ရှင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ထို့နောက်ရက်ပိုင်းတွင်ပင် အခြားလောင်စာဆီ သိုလှောင်ထားသည့် ကုန်စုံဆိုင် တစ်ဆိုင်မှ မီးစတင် လောင်ကျွမ်းရာ အနီးရှိ ပဒုမ္မာအလှကုန် စတိုးဆိုင်ပါ မီးလောင်ပျက်စီးခဲ့သည်။

Most read this week