ကလေးသုံးဦးနှင့် ၄င်းမိခင် အသတ်ခံရ

ကလေးသုံးဦးနှင့် ၄င်းမိခင် အသတ်ခံရ
by -
ခတ္တာနန်း
မွန်ပြည်သစ်ပါတီ လက်အောက် ရေးမြစ်ဖျားဒေသရှိ ဖလမ်းရွားအနီးတွင်  အသက် ၂၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် မထွေးသည် ၄င်း၏ကလေး သုံးယောက်နှင့် အတူ ဓါးနှင့်ခုတ်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း....

မွန်ပြည်သစ်ပါတီ လက်အောက် ရေးမြစ်ဖျားဒေသရှိ ဖလမ်းရွားအနီးတွင်  အသက် ၂၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် မထွေးသည် ၄င်း၏ကလေး သုံးယောက်နှင့် အတူ ဓါးနှင့်ခုတ်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

မတ်လ ၂၇ ရက်နေ့ နေ့လည်း ၁၁ နာရီအချိန်တွင် ထိုမိသားစုအား သတ်ခဲ့ကြောင်း လူသတ်သမား မင်းသိုက်စွမ်းကိုယ်တိုင် ဝန်ခံလိုက်သည်။

“အဲဒီအချိန်မှာ မထွေးက သူကလေးငယ်ကို နို့တိုက်နေတယ်၊ မင်းသိုက်စွမ်းက နောက်ကနေ ဓာနဲ့ ၆ ချက်ခုတ်လိုက်တာ နို့တိုက်ကလေးပါထိသွားတယ်၊  ကျန်တဲ့ကလေး ၂ ယောက်ကိုလည်း ပြန်ပြောပြမှာကိုစိုးရိမ်လို့ နှစ်ယောက်စလုံးကိုပါ သတ်လိုက်တယ်” ဟု ဖလမ်းရွာခံတစ်ဦးက ပြောသည်။

ထိုသိ့ု ဓါးဖြင့်ခုတ်ရာတွင် လူကြီးအပြင် ကလေးပါ လည်ပင်ကိုသာ အဓိကခုတ်ထားကြောင်း၊ ထို့နောက် ၄င်း၏ကိုယ်တွင် စွန်းနေသော သွေးများကိုဆေးကြောရန်အတွက် အနီးရှိ ချောင်း၌ ဆေးနေစဉ်တွင် ဖလမ်းရွာခံတို့မှ ဖမ်းစီးရရှိပြီး၊ ဝါဇင်ကျေးရွာရှိ် မွန်ပြည်သစ်ပါတီတပ်သို့ အပ်လိုက်ပြီးနောက် မင်းသိုက်စွမ်းသည်လည်း မိမိသတ်ထား သည်ကို ဝန်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူနဲကျွန််တော်တို့မှာ ဘာရန်ညှိုးမှမရှိပါဘူး၊ ခါတိုင်းလည်း ဒီလိုပဲ အလုပ်ကနေပြန်လာရင် ဆိုင်ကို ဝင်နေကြပဲ၊ အဲဒီနေ့မှာ ကျွန်တော်က ရေမြို့ကိုသွားနေတယ်၊ ကျွန်တော့် ဇနီးက ဖလမ်းချောင်းဝမှာ ကလေးတွေကို သွားခေါ်တော့ သူ့ကို ဆိုင်စောင့်ခိုင်းထားတယ်၊ ပြန်လာတော့ ပိုက်ဆံ ၂ ထောင်ပျောက်နေတယ်၊ အဲဒါ သူ့ကိုမေးတော့ သူကမယူဘူးလိုပြောတယ်၊ နောက်တော့ ကလေးတွေဆီမှာ ၁ ထောင်တွေ့တယ်၊ နောက်ကျွန်တော့်မိန်မက သူ့ကိုပြောတယ် နင်ဒီလို မခိုးမဝှက်နဲ့ဆိုပြီး၊ ဆူလိုက်တော့ စဲဆိုတဲ့စကားလေး ပါသွားရုံနဲ့ အခုလိုလုပ်လိုက်တာပါပဲ” ဟု သေဆုံးသူ၏ ခင်ပွန်း ဦးကွမ်းဗလာက ပြောသည်။

ထိုမင်းသိုက်စွမ်းသည် ရွာတွင်လည်း ထိုသို့ ခိုးဝှက်သည့်အကျင့်ရှိနေသည်။ ၄င်းသည် အသက် ၁၇ နှစ်ကျော်ကျော်သာရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။

“သူ့ကလေးတွေကတော့ အကြီးဆုံးက မိန်းကလေးဖြစ်တယ် အသက်က ၆ နှစ်၊ ကျန်တဲ့နှစ်ယောက်က ယောကျာ်းလေး ၄ နှစ်နဲ့ ၂ နှစ်ဖြစ်တယ်၊ အခုဆိုရင် ဦးကွမ်းဗလာ တစ်ယောက်ထဲပဲ ကျန်နေတယ်” ဟု ဖလမ်းရွားခံတစ်ဦးက ပြောသည်။

ကာယကံရှင် ဦးကွမ်းဗလာသည် “ကျွန်တော့်အနေနဲ့ကတော့ ဒီလူရဲ့မျက်နှာကို လုံးဝမမြင်ချင်တာတော့အမှန်ပဲ ဒီလိုုလူမျိုးရှိနေအုံးမယ်ဆိုရင် ဒီလိုပဲနောက်ထပ် အသတ် ခံနေရအုံးမှာပဲ၊ အခုဆို ကျွန်တော့်မှာ သားသမီးလည်း တစ်ယောက်မှမကျန်တော့ဘူး၊ မိန်းမလည်းဆုံးဆိုတော့ဗျာ ဘာကို ဘယ်လိုလုပ်ရမှန်လည်းမသိတော့ဘူး၊ စိတ်လည်းမကောင်းဘူး၊ ဒေါသလည်းထွက်မိတယ်” ဟု ဆိုသည်။

၎င်းနိုင်သိုက်စွမ်းသည်လည်း ဖလမ်းချောင်းဝရွာသားမှ ရွာသားတစ်ဦးဖြစ်ကြောင်း ၎င်း၏မိဘမှာ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသဖြင့် အဒေါ်နှင့်သာ နေထိုင်နေကြောင်း သိရသည်။

အသတ်ခံရသော ဦးကွမ်းဗလာတို့မိသားစုသည် ထိုဖလမ်းရွာအနီးရှိ် ထန်းရည်ဆိုင်ကို လွန်ခဲ့သည့် နှစ်လလောက်ကပင် စတင်ဖွင့်လှစ်ထားသည်။