အစိုးရ အဖွဲ့အစည်းများ စည်းရုံးရေး ဆက်တိုက် ဆင်းနေဆဲ

အစိုးရ အဖွဲ့အစည်းများ စည်းရုံးရေး ဆက်တိုက် ဆင်းနေဆဲ
ရေးမြို့နယ်အတွင်း မြန်မာစစ်အစိုးရ အဖွဲ့အစည်းတို့မှ ခြင်ထောင်များ လိုက်လံ ဝေငှပေးခြင်းဖြင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆက်တိုက် ဆင်းနေဆဲဖြစ်ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရ ...

ရေးမြို့နယ်အတွင်း မြန်မာစစ်အစိုးရ အဖွဲ့အစည်းတို့မှ ခြင်ထောင်များ လိုက်လံ ဝေငှပေးခြင်းဖြင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆက်တိုက် ဆင်းနေဆဲဖြစ်ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအပါအဝင် တောင်ပြင်၊ တောင်ဘုံ၊ ကော့ဒွတ်နှင့် ထိုဒေသတဝိုက်ရှိ ကျေးရွာအများစုက ကျန်းမာရေးဌာနမှ ဆရာဝန်၊ ဆရာမများ ဒေသခံတို့အတွက် ခြင်ထောင်များ လိုက်လံဝေငှပေးနေသည်။

“ဆရာဝန်တွေ ဆရာမတွေ ခြင်ထောင်ဝေပေးနေတယ်၊ လိုချင်တဲ့လူ ဘယ်သူမဆို ပေးတယ်၊ အဲဒါကို မယကရုံးမှာသွားယူရမယ်၊ သူတို့ပေးတဲ့ခြင်ထောင်က ကောင်းတယ်၊ ဝယ်ရမယ်ဆိုရင် ၃ ထောင် ၄ ထောင်လောက်ပေးရမယ်” ဟု လမိုင်းမြို့ပေါ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလိုမျိုး ဒေသခံများအား ခြင်ထောင်ဝေငှပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ဒေသခံများ မကြံုစဖူး ယခုလိုလက်ခံရရှိခြင်းဖြင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေခြင်းဖြစ်သည်ဟု ထင်မြင်နေကြကြောင်း ၄င်းအမျိုးသမီးက ဆက်ပြောသည်။

ယခုလို ခြင်ထောင်များ အခမဲ့ဝေငှပေးနေခြင်းဖြင့် ဒေသခံများ အလွန်ပင်ဝမ်မြောက်နေကြကြောင်းလည်း သိရသည်။

“တရွာနဲ့တရွာ ဝေပေးပုံမတူဘူး၊ တချို့ရွာမှာဆိုရင် ဆရာမတွေ ကိုယ်တိုင်းလိုက်ဝေးပေးနေပြီးတော့ တချို့ဆို ရယကရုံးမှာ သွားယူရတယ်” ဟု တောင်ပြင်ရွာခံတစ်ဦးက ပြောသည်။

ထိုသို့လိုက်ဝေရာတွင် ဆရာဝန်များက မရှိဆင်းရဲသားများအတွက် ကျန်းမာရေးလိုအပ်ချက်များဖြည့်ဆည်းပေးရန် အဓိကရည်ရွယ်ပြီး ဝေငှပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ခြင်ထောင်ဖြန့်ဝေရာတွင် ထိုခြင်ထောင်သည် ဆေးစိမ်ထားသည့်ခြင်ထောင်ဖြစ်ကြောင်း၊ ခြောက်လပြည့်ပြီးမှ လျော်ဖွတ်ရန်လိုအပ်ကြောင်း ဆရာဝန်၊ ဆရာမများက ရှင်းပြကြသည်။

“အစိုးရအဖွဲ့အစည်းတွေက နည်းအမျိုးမျိုးနဲ့စည်းရုံးနေတာပဲ၊ ဒီလိုမျိုး ဟိုဟာဝေပေးလိုက် ဒီဟာဝေငှပေးလိုက်လုပ်နေတာဟာ တခါမှ မမြင်ဘူး၊ မတွေ့ဖူးဘူး၊ အလာကာရတာ ဘာတခုမှမရှိခဲ့ဖူးဘူး၊ အခုမှ အခမဲ့ပေးတာတွေရှိလာနေတာ ဒါကို ကြည့်ချင်းအားဖြင့် ပြည်သူတွေကို စည်းရုံးတဲ့နည်းတမျိုးပဲ” ဟု ဒေသခံတစ်ဦးက ဝေဖန်သုံးသပ်လိုက်သည်။

ပြီးခဲ့သည့်လကလည်း ရေးမြို့နယ်မြောက်ဘက်ပိုင်းရှိကျေးရွာတွေဆီမှာ ကျန်းမာရေးဌာနနှင့် မယကတို့ပူးပေါင်းပြီး ခြင်ထောင်ဝေးငှပေးခြင်းဖြင့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပြောကြားကြောင်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ရာတွင် မြန်မာစစ်အစိုးရအဖွဲ့အစည်းဘက်မှ မဲထည့်ပေးရန်လည်း ဒေသခံများကို စည်းရုံးပြောကြားသွားခဲ့သည်။

Most read this week