စျေးဆိုင်ခန်းသစ်မှ နေရာကောင်းများကို အာဏာပိုင်နှင့် နီးစပ်သူတို့က ရယူ

စျေးဆိုင်ခန်းသစ်မှ နေရာကောင်းများကို အာဏာပိုင်နှင့် နီးစပ်သူတို့က ရယူ
ယခင်နှစ်တွင် မီးလောင်သွားခဲ့သော မော်လမြိုင်အမှတ် (၁) စျေးကြီး  ခေါ် အောက်စျေးအား အသစ်ပြန်လည် ဆောက်လုပ်ထားသည်မှာ ပြီးစီးလုနီးပြီ ဖြစ်သော်လည်း ဆိုင်ခန်းနေရာကောင်းများကို အာဏာပိုင်နှင့် ...

ယခင်နှစ်တွင် မီးလောင်သွားခဲ့သော မော်လမြိုင်အမှတ် (၁) စျေးကြီး  ခေါ် အောက်စျေးအား အသစ်ပြန်လည် ဆောက်လုပ်ထားသည်မှာ ပြီးစီးလုနီးပြီ ဖြစ်သော်လည်း ဆိုင်ခန်းနေရာကောင်းများကို အာဏာပိုင်နှင့် နီးစပ်သူတို့က ရယူထားမည် ဖြစ်ကြောင်း  သိရသည်။

နေရာကောင်းများဖြစ်သော အရှေ့မျက်နှာစာဆိုင်ခန်းများကို သက်ဆိုင်ရာ စစ်တပ်အာဏာပိုင်တို့နှင့် နီးစပ်သူများ ရယူမည် ဖြစ်ပြီး၊ ကျန်ရှိနေသည့် ဆိုင်ခန်းများကိုသာ ဆိုင်ခန်းမီးလောင်ခံထားရသူများနှင့် ဆိုင်ခန်းဝယ်ချင်သူတို့အား နှိုက်မဲစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

saykyဆိုင်ခန်းမီးလောင်ခံထားရသူများက ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၅၀ ဖြင့် မဲနှိုက်၍ ဝယ်ယူရမည် ဖြစ်ပြီး၊ ၄င်းမှ ကျန်ရှိသည့် ဆိုင်ခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၁၅၀ နှင့် ၃၀၀ အကြား ပြင်ပမှ ဝယ်ချင်သူများအား မဲနှိုက်ရောင်းချမည် ဖြစ်သည်။

“ကောင်းတဲ့နေရာ အရှေ့ဘက်က အခန်းတွေကို စစ်တပ်က လူကြီးတွေ သူတို့နဲ့ နီးတဲလူူတွေက ယူကြမှာတဲ့၊ ကျန်တဲ့ မကောင်းတဲ့ နေရာတွေကိုတော့ မီးလောင်ခံထားရတဲ့သူတွေကို မဲနှိုက်ပြီးရောင်းမယ်၊ ကျတဲ့နေရာမှာ ယူရမယ်ပေါ့၊ နောက်ဆုံးကျန်တာကိုမှ အပြင်က လိုချင်တဲ့လူတွေ ရမှာဖြစ်တယ်” ဟု ၄င်းစျေးအနီးတွင် စျေးရောင်းနေသူတစ်ဦးက ပြောသည်။

ယခုပြန်လည်တည်ဆောက်သည့် ခေတ်မီနှစ်ထပ်စျေးသစ်ကြီးကို ယခင်မီးလောင်သွားသည့် စျေးနေရာတွင် လွန်ခဲ့သည့် မတ်လ ၁၈ ရက်နေ့မှ စပြီး ဧရာဟသာင်္ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ပေးပြီး အာဏာပိုင်များမှ မကြာမီ ဖွင့်ပွဲပြုလုပ်ပေးမည်ဟု သိရသည်။

မော်လမြိုင်မြို့ခံတစ်ဦးက “အခုဆောက်တာ ပြီးခါနီးနေပါပြီး၊ အချောသတ်ဖို့ပဲ ကျန်တော့တယ်၊ စျေးကတော့ နှစ်ထပ်စျေး ဖြစ်တယ်၊ လာမယ့် ၂၀၁၀ ဇန်နဝါရီလမှာ ဖွင့်ပွဲလုပ်နိုင်အောင် အမီဆောက်နေတယ်၊ အဲဒီလမှာ ဖွင့်မယ်လို့ ကျနော်တို့ ကြားတယ််”  ဟု ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်ရှိ အမှတ် (၁) စျေးကြီးမှာ ၂၀၀၈ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၂၄ ခန့် ဆုံးရှုံးခဲ့ရသည်။ ထိုစဉ်က ၄င်းဆိုင်ခန်းတို့၏ ပေါက်စျေးမှာ တစ်ခန်းလျှင် သိန်း ၂၅၀/၃၀၀ ရာခန့်  ရှိသည်ဟု ဆိုင်ရှင်တို့က ပြောသည်။

ယခုတည်ဆောက်ထားသည့် ခေတ်မီစျေးသစ်ကြီးကို ယခင်မီးလောင်ပျက်စီးခဲ့သော ဆိုင်ခန်းထက် အခန်းတိုးချဲ့ဆောက်လုပ်မည် ဖြစ်သည်ဟု သိရသည်။

ဆိုင်ခန်းရရှိရန်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့မှာ မဲနှိုက်ကြမည်ဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်မည်ဖြစ်သည်။

လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ အမီပြီးဖို့အတွက် အခုဆိုရင် အလုပ်သမား ၄၀ လောက်က ဆောက်လုပ်နေတယ်၊ အလုပ်သမားတွေကတော့ တစ်နေ့ကို ၄ ထောင်ပေးတာရှိတယ်၊ ၂ ထောင်ပေးတာရှိတယ်" ဟု ဆိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယခင်စျေး မီးလောင်ပြီးနောက်ပိုင်းတွင် စျေးရောင်းသူများ ရောင်းရန်နေရာ အတည်တကျ မရှိသည့်အတွက် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရသည်။

Most read this week