ကေအန်ယူတပ်မဟာ (၆) က မြန်မာစစ်အစိုးရတပ်ကို ချုံခိုတိုက်ခိုက်

ကေအန်ယူတပ်မဟာ (၆) က မြန်မာစစ်အစိုးရတပ်ကို ချုံခိုတိုက်ခိုက်
ထိုင်းမြန်မာနယ်စပ်အနီး ဘုရားသုံးဆူမြို့နယ် အပလုံးရွာ၏ အနောက်မြောက်ဘက်တွင် တပ်ပြောင်းရန်လာသည့် မြန်မာစစ်အစိုးရတပ်ကို ကေအန်ယူတပ်မဟာ (၆) က ချုံခိုတိုက်ခိုက်ခဲ့ပြီး မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးကျဆုံး ...

ထိုင်းမြန်မာနယ်စပ်အနီး ဘုရားသုံးဆူမြို့နယ် အပလုံးရွာ၏ အနောက်မြောက်ဘက်တွင် တပ်ပြောင်းရန်လာသည့် မြန်မာစစ်အစိုးရတပ်ကို ကေအန်ယူတပ်မဟာ (၆) က ချုံခိုတိုက်ခိုက်ခဲ့ပြီး မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးကျဆုံးကာ စစ်သားတစ်ဦး ဒဏ်ရာခဲ့သည်ဟု သိရသည်။

ယနေနံနက်  ၆ နာရီ မိနတ် ၂၀ ခန့်တွင် ဒုဗိုလ်မှူးကြီးမင်းနိုင်ဦး ဦးစီးသော ခမရ ၃၅၅ ကုုိ ကေအန်ယူတပ်မဟာ (၆) တပ်ခွဲ (၂) က ပြောက်ကျားနည်းဖြင့် ချုံခိုတိုက်ခိုက်ခဲ့ပြီး ကေအန်ယူဘက်မှ ဆုတ်ခွာခဲ့သည်ဟု တပ်မဟာ (၆) မှ ဗိုလ်ကြီးတစ်ဦးက ပြောသည်။

“တိုက်ပွဲက ၅ မိနတ်လောက်ပဲ ကြာသွားတယ်၊ ကေအန်ယူဘက်စပြီးတိုက်တာ ကေအန်ယူဘက် ထိခိုက်တာဘာမရှိဘူး၊ မြန်မာတပ်ဘက်က တစ်ယောက်ကျပြီး တစ်ယောက်ဒဏ်ရာရသွားတယ်” ဟု ဗိုလ်ကြီးက ပြောသသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင်လည်း ချောင်းဆုံကျေးရွာအနီး ကေအန်ယူ တပ်မဟာ ၆ ၏ ချုံခိုတိုက်ခိုက်ခြင်းကြောင့် ခမရ ၃၅၆ မှ လေးဦး ဒဏ်ရာရသွားခဲ့သည်။

ဘုရားသုံးဆူမြို့ မြောက်ဘက်ရှိ မဲ့ကသာကျေးရွာတွင် တပ်စွဲထားသော မြန်မာစစ်အစိုးရ တပ် ခလရ ၂၈၃ ကို ထပ်မံအင်အားဖြည့်ရန် လာရောက်သော ခမရ ၃၅၆ သည် ကေအန်ယူတပ်မဟာ (၆) ၏ ချုံခိုတိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ယနေ့တိုက်ခိုက်ခံရသော ခမရ ၃၅၅ သည်  ခမရ ၃၅၆ ကို တပ်အပြောင်းအလဲလုပ်ရန်အတွက်  ဖြစ်သည်။

“တိုက်ပွဲဖြစ်တဲ့ အသံတွေကို ကျွန်တော်တို့ကြားရတယ်၊ မြန်မာတပ်ဘက်က ၁ တစ်ယောက်ကျပြီး ၂ ယောက်ဒဏ်ရာရသွားတယ်” ဟု တိုက်ပွဲဖြစ်ပွားသည့်ဒေသရှိ မွန်ပြည်သစ်တီပါဝင်တစ်ဦးက ပြောသည်။

ကေအန်ယူတပ်မဟာ (၇) ကို မြန်မာအစိုးရတပ်နှင့် ဒီကေအဘီအေတပ်တို့ သိမ်းယူခဲ့ပြီးနောက် ကေအန်ယူ တပ်မဟာ (၆) အခြေစိုက်ရာ ဘုရားသုံးဆူဒေသတွင် မကြာခဏ တိုက်ပွဲစစ်ဆင်မှုများရှိလာသည်။ ၄င်း ဒေသရှိသည့် ရွာသားတွေကလည်း ထိုင်း-မြန်မာနယ်စပ် ထွက်းပြေးတိမ်းရှောင်လာသူများလည်း ရှိသည်။
-----------------------------------

ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမှုနှင့် စောင့်ကြပ်မှုများ ရှိနေ       Print       E-mail
ငြိမ်းချမ်း   
တနင်္လာနေ့၊ စက်တင်ဘာလ 21 ရက် 2009 ခုနှစ် 19 နာရီ 10 မိနစ်

ဒါကာ (မဇ္ဈိမ)။      ။ ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၌ တက်ကြွလှုပ်ရှားသူ လူငယ်များအား ဖမ်းဆီးခြင်းနှင့် သံဃာတော်များအား အနီးကပ် စောင့်ကြပ်မှုများ ရှိနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ယခုလ ၁၃ ရက်နေ့တွင် တက်ကြွလှုပ်ရှားသူ လူငယ်များဖြစ်သည့် စစ်တွေမြို့ လမ်းမကြီးနေ တူတူချေ၊ မောင်သူ၊ ကုလားချေနှင့် မောင်တောဇာတိဖြစ်ပြီး စစ်တွေတွင် အင်္ဂလိပ်စကားပြောသင်တန်း သင်ပြနေသူ ၂၆ နှစ်အရွယ် ခိုင်ကျော်မိုးတို့ အဖမ်းခံရသည်။

“သူတို့ကို ည ၉ နာရီလောက်မှ ရန်ကုန်က ဆင်းလာတဲ့ အထူးရဲသတင်းတပ်ဖွဲ့၊ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြံုရေး တပ်ဖွဲ့) နဲ့ ရဲတွေက လာပြီးခေါ်သွားတာ။ အခု ဘယ်မှာထားမှန်း မသိသေးဘူး ဖြစ်နေတယ်။ ဦးဇင်းတို့ နောက်ဆုံးရတဲ့ သတင်းကတော့ ရန်ကုန်ကို ခေါ်သွားပြီလို့ ကြားတယ်” ဟု အဖမ်းခံရသူများနှင့်
နီးစပ်သူ သံဃာတော်တပါးက မဇ္စျိမကို မိန့်ဆိုသည်။

အဆိုပါ ရခိုင်လူငယ်များမှာ ယခုလ ၉ ရက်နေ့တွင် ကျရောက်ခဲ့သော ရ၀ ပြည့်နှစ် ဆရာတော် ဦးဥတ္တမ မွေးနေ့တွင် ဆရာတော်၏ အတ္ထုပ္ပတိနှင့် နိုင်ငံရေး နိုးကြားတက်ကြွသည့် အကြောင်းများ ရေးသားထားသော
လက်ကမ်းစာစောင်များ ဖြန့်ဝေမှုနှင့် ဆက်စပ်ဖွယ်ရှိကြောင်း ဦးဇင်းက မိန့်သည်။

ထိုနေ့တွင် စစ်တွေ၌ လက်ကမ်းစာစောင် ဖြန့်ဝေမှုများ ရှိခဲ့သည့်အပြင် လူငယ် ၂၀ ကျော်က ဆရာတော် ဦးဥတ္တမအတွက် ဝတ်ပြုဆုတောင်းပွဲတရပ်ကို စစ်တွေမြို့ ဘုရားကြီးတွင် နနံက် ၅ နာရီခန့်တွင် ပြုလုပ်ခဲ့သည်။

ယခုအဖမ်းအဆီးနှင့် ပတ်သက်၍ စစ်တွေရဲစခန်းသို့ ဆက်သွယ်ကြည့်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဂွတ္တလစ်နေအိမ်၌ ရခိုင်ပြည်နယ် မြေပုံမြို့နေ ၂၀ နှစ်အရွယ် ကိုရဲလင်းထွဋ် အဖမ်းခံခဲ့ရပြီး၊ ယခုလ ၁ ရက်နေ့တွင် ရန်ကုန်ရှိ ရခိုင်လူငယ်
ကိုထွန်းလင်း၊ ကိုဇော်ထွန်းဦး၊ ကိုကျော်ဇောဦး၊ ကိုကျော်ဝင်း၊ ကိုခင်မောင်ဌေးနှင့် ကိုကျော်ဆန်းလှိုင်တို့ကို ရဲက ဖမ်းဆီးခံခဲ့သေးသည်။

ရခိုင်လူငယ်များ ဖမ်းဆီးမှုနှင့်အတူ စစ်တွေရှိ ဘုန်းကြီးကျောင်းများအနီးတွင် စရဖနှင့် ရဲများကို အရပ်ဝတ်များဖြင့် လုံခြံုရေးများ ချထားသလို၊ ဖုန်းလိုင်းများကို စရဖ က ကြားဖြတ်နားထောင်နေသည်။

စစ်တွေ ဆက်သွယ်ရေးရုံးမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက “ဒီလ တလလုံးမှာ စရဖ က အလှည့်ကျ လာပြီးတော့ နားထောင်တာ ရှိတယ်။ တခါတလေတော့ မလာဘူး။ အဓိကကတော့ဗျာ၊ သံဃအရေးအခင်း နှစ်ပတ်လည်နေ့မှာ အရေးအခင်း ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့ သဘောလို့ ထင်ရတယ်” ဟု ပြောသည်။

စစ်တွေ မြို့မကျောင်းမှ သံဃာတော်တပါးကလည်း ယခုလ ၁၄ ရက်နေ့မှစတင်ကာ တယ်လီဖုန်းလိုင်းများ ခိုးနားထောင် ခံရကြောင်း ဆိုသည်။

“ဖုန်းထဲမှာ ပွင့်ပွင့်လင်းလင်း မပြောရဲဘူးဖြစ်နေတယ် ဒကာ။ သူတို့က ကြားကနေ ခိုးနားထောင်တယ်လို့ ယူရတယ်။ အသံတွေက ပုံမှန် မဟုတ်ဘူးလေ” ဟု ယင်းသံဃာက မိန့်ဆိုသည်။

စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများ၏ လိုင်းဖုန်းများသည် အချိန်မရွေး ဆက်သွယ်၍ မရတော့ဘဲ၊ ဖုန်းဆက်၍ ရပြန်သည့်အခါ ကိုယ်ပြောသည့်အသံကို ဖုန်းထဲတွင် ပြန်ကြားနေရကြောင်း သံဃာတော်များက ဆိုသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးဘက်မှ ဘုန်းကြီးကျောင်းများတွင် လိုင်းဖုန်းများ ခိုးနားထောင်ခံနေရသည်။

ရန်ကုန် အင်းစိန် ရွာမကျောင်းမှ သံဃာတပါးက “ဖုန်းခိုးနားထောင်ခံနေရတဲ့ ကိစ္စကို မန္တလေးနဲ့ ပဲခူးဘက်က ဦးဇင်းတို့ သူငယ်ချင်းတွေလည်း ပြောတယ်။ လျှို့ဝှက်ကိစ္စနဲ့ ဖုန်းဆက်စရာရှိရင် လိုင်းဖုန်းတွေကို ရှောင်ပြီးတော့ FEC ၂၀၊ ၅၀ တန် တခါသုံး ကတ်ဖုန်းတွေနဲ့သုံးတာ အကောင်းဆုံးပဲ။ စိတ်အချရဆုံးပဲ” ဟု မိန့်ဆိုသည်။

၂၀၀၇ စက်တင်ဘာလအတွင်းက သံဃာတော်များ၏ ကံဆောင် သပိတ်မှောက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် ကာလအတွင်း သံဃာတော်များအပေါ် ယခုလို စောင့်ကြပ်မှုနှင့် ဖုန်းခိုးနားထောင်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုလ အစောပိုင်းက ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပူးတွဲ၍ ကြေညာချက်ထုတ်ပြန်ကာ စစ်အစိုးရသို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ကြေညာချက်ထဲတွင် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် သံဃာတော်များအား ဖမ်းဆီးနှိပ်စက်ရုံ သာမက ဆက်လက်၍ ဖိနှပ်နေသည်များကို ရပ်တန်းက ရပ်ရန်၊ သံဃာတော်များအပေါ် အမှားအယွင်းများအတွက် ပြန်လည် တောင်းပန်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွှတ်ရန် စစ်အစိုးရကို တောင်းဆိုခဲ့သည်။

Most read this week