ရာဘာစျေး ယခင်စျေးပြန်ရောက်ရန် မျှော်လင့်နေကြ

ရာဘာစျေး ယခင်စျေးပြန်ရောက်ရန် မျှော်လင့်နေကြ
by -
ရိုင်မရော့
လက်ရှိ ရာဘာစျေး မြင့်တက်သွားခြင်းကြောင့် ရာဘာကို အဓိက မှီခိုနေကြသည့် ဒေသခံတို့က ယခင်စျေးအတိုင်း ပြန်ရောက်ရန် မျှော်လင့်နေကြ ကြောင်း ရာဘာ အရောင်းဝယ် ပြုလုပ်နေသူများမှ သိရ ...

လက်ရှိ ရာဘာစျေး မြင့်တက်သွားခြင်းကြောင့် ရာဘာကို အဓိက မှီခိုနေကြသည့် ဒေသခံတို့က ယခင်စျေးအတိုင်း ပြန်ရောက်ရန် မျှော်လင့်နေကြ ကြောင်း ရာဘာ အရောင်းဝယ် ပြုလုပ်နေသူများမှ သိရသည်။

“လက်ရှိမှာတော့ ရာဘာအပါး တစ်ပေါင်မှာ ရ၀၀ ကျပ်ဖြစ်သွားပြီး၊ အထူ ကတော့ ၄၀၀ ပေါ့။ တဖြည်းဖြည်းတော့ တက်နေတာပဲ၊ အရင်စျေး အ တိုင်းပြန်ရောက်ဖို့တော့ ရာဘာလုပ်သူတွေက မျော်လင့်နေကြတာပဲ” ဟု သံဖြူဇရပ်ရှိ ရာဘာအရောင်းဝယ်ဒိုင်တစ်ဦးက ပြောသည်။

ယခုလဆန်းပိုင်းမှစပြီး ရာဘာစျေး အနည်းငယ်မြင့်တက်သွားပြီး၊ လွန်ခဲ့ သည့်နှစ် အောက်တိုဘာမှစပြီး ကမ္ဘာ့စီးပွားရေးအကျိုးဆက်ကြောင့် ရာ ဘာတစ်ပေါင်လျှင် ၁၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဝန်းကျင်ထိကျသွားသည်။ ရာဘာစျေးသည် ယခုလအတွင်း တစ်ပေါင်လျှင် ရ၀၀ ကျပ်မှ ၈၀၀ နီးပါးတက်သွားသည်။

“အခုမှ တော်တလင်းလလောက်ပဲရှိတယ်၊ ဆိုင်မှာဆိုရင် ပေါက်စျေးတွေ ကိုတော့ ဘယ်သူမှလည်း မဖောက်ရသေးတော့ ဝယ်ဖို့ကလည်း သိပ်မ ဝယ်ကြသေးဘူး၊ ဒါပေမယ့် ကျနော်တို့ဆိုင်မှာပဲ ကုမ္ပဏီကို ဖုန်းဆက် ထားပြီးတော့ နည်းနည်းဝယ်နေတာပဲ” ဟု ၄င်းရာဘာရောင်းဝယ်သူက ဆက်ပြောသည်။

ယခုလိုမိုးရာသီဝင်အတွင်း နှစ်စဉ်လိုလို ရာဘာစျေးမြင့်တက်လေ့ရှိသည့် အတွက် ရာဘာကိုသာအဓိကအား ထားနေကြသည့် ရာဘာခြံလုပ်သား များနှင့် ရာဘာခြံပိုင်ရှင်တို့က ယခင်စျေးနှုန််းအတိုင်ရရှိရန် မျှော််လင့်နေ ကြသည်။

“ကျနော်တို့က ရာဘာကိုပဲ အဓိကထား လုပ်ကိုင်နေကြတယ်၊ အခုလို စျေး တက်နေတော့ ကောင်းတာပေါ့၊ ဒီထက်ပိုတက်ရင် ကောင်းမယ်၊ မနှစ်က စျေးလောက်မရရင်နေပါ တစ်ပေါင် ၁၀၀၀ လောက်ရရင်လည်း အားလုံး အဆင်ပြေကြမယ်” ဟု မုဒုံမြို့နယ်မှ လက်ရှိရာဘာခြံကိုသာ အဓိကလုပ် ကိုင်နေသည့် ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း တနသာင်္ရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ရာဘာအများ ဆုံး စိုက်ပျိုးရာ ဒေသဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း မွန်ပြည် နယ်တွင် ရာဘာစိုက်ပျိုးမြေဧက ၄ သိန်းပြည့်မီရန် လျာထားချက်ရှိသည်ဟု စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

“ကျနော်တို့ရွာမှာ တစ်ပေါင် (၇၈၀) နဲ့ (၈၀၀) ကျပ်ကြားမှာ စျေးကစား နေတယ်၊ အခုလို အစေးခြစ်နားတဲ့ မိုးရာသီမှာ ရာဘာစျေးကောင်းလာ တော့ အစေးပြန်ခြစ်နေကြပြီး” ဟု မုဒုံမှ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ရာဘာစိုက်ပျိုးခြင်းဖြင့် မွန်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး ဒု တိယအနေဖြင့် လယ်ယာစိုက်ပျိုးခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်က မြန်မာ နိုင်ငံ ရာဘာစိုက်ပျိုးမြေဧက ၅၅၈၀၀၀ ရှိသည့်အနက် မွန်ပြည်နယ်၏ စိုက်ဧကသည် ထက်ဝက်ခန့်ရှိသည်။ မွန်ပြည်နယ်အတွင်း စစ်အစိုးရ၏ မြေလွတ်မြေရိုင်းဖော်ထုတ်ရေး စီမံကိန်းကြောင့် ရာဘာစိုက်ပျိုးသူများ လာကာ ရာဘာပျိုးပင်များလည်း စျေးမြင့်တက်လာခဲ့သည်။

“အဝယ်ဒိိုင်တွေပြောတာက ရာဘာစျေးက ဒီထက်ပိုတက်ဖို့ရှိတယ်၊ တစ်ထောင်ထိတော့တက်အုံးမယ်။ ဒါပေမယ့် မနှစ်က စျေးနှုန်းအထိ တက်ဖို့တော့ မဖြစ်နိုင်ဘူးပေါ့” ဟု မော်လမြိုင်ရှိ ရာဘာအဝယ်ဒိုင်မှာ ရာဘာတင်သွင်းနေသူတစ်ဦးက ပြောသည်။

ယခုလို မိုးရာသီအတွင်း ရာဘာနည်းပါးလာသည့်အတွက် အဝယ်ဒိုင်မှ ရာဘာလိုအပ်လာခြင်းကြောင့် အခုလို စျေးတက်သွားသည်။ ဝယ်သူများ လည်း ရာဘာအရည်သွေးကောင်း မကောင်းစစ်ဆေးမှုမရှိဘဲ ရသမျှ လိုက်ဝယ်နေကြသည်ဟု ၄င်းက ဆက်ပြောသည်။

ကမ္ဘာတွင် ရာဘာဝယ်လိုအားအများဆုံုးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံမှထွက်ရှိသောရာဘာများအား တရုတ်နိုုင်ငံ၊ စင်ကာပူနိုင်ငံံသို့ အများဆုံးတင်ပို့ကြောင်း အလားတူ ဂျပန်စျေးကွက်မှ မှာယူမှုရှိကြောင်း လည်း (Weekly eleven) ဂျာနယ်မှာ ဖော်ပြထားသည်။

မွန်ပြည်နယ်သည် ရာဘာပြည်နယ်ဖြစ်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် သုံးနှစ်စီမံကိန်း ၂၀၀၅-၂၀၀၆ မှ ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ဧက လေး သိန်းစိုက်ပျိုးရန် ရည်ရွယ်ထားရာ စီမံကိန်းနှစ်အစ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် စိုက်ဧက ၂၆၈၂၄၃ ရှိနေကာ စီမံကိန်းနှစ် ၂၀၀၈-၂၀၀၉ အပြီးတွင် ဧက ပေါင်း ၄၀၇၈၇၉ ရှိရာ စီမံကိန်းထက် ဧက ရ၈၇၉ ပို၍ စိုက်ပျိုးနိုင်ခဲ့ သည်ဟုလည်း ၄င်းဂျာနယ်မှာ ဖော်ပြထားသည်။

Most read this week