2009 -2010 စာသင်နှစ်တွင် မွန်ပြည်နယ််၌ ကျောင်းသားအရေအတွက် လျော့ကျသလို အရွယ်ရောက်တဲ့ ကျောင်းသားတွေကလည်း ကျောင်းပြင်ပတွင် ဝမ်းစာရေးအတွက် ရုန်းကန် နေရသည်ဟု သိရသည်။
မွန်ပြည်နယ်ရှိ ကျောင်းအများစုမှာ မနှစ်ကနှင့် နှိုုင်းယှဉ်လျင် ကျောင်းသားအရေအတွက် ၁ဝ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။ ရ တန်း ၈ တန်း ၉ တန်း နှင့် ၁ဝ တန်းမှ ကျောင်းသားအများစုက ကျောင်းမှ ထွက်ကြပြီး နေ့စား အလုပ်သမားအဖြစ့် အလုပ်လုပ်နေကြရသည်ဟု မော်လမြိုင်မြိံု့ရှိ ကျောင်းအုပ်ဆရာမ တစ်ဦးက ပြောသည်။
“ ကျွန်မတို့က ကျောင်းသားတွေမှာ ပိုက်ဆံသိပ်ပြီး မကောက်ဘူး၊ ကျောင်းသုံးစာအုပ်နဲ့ ကျောင်းဝင်ကြေးအတွက်ပဲ ယူတယ်၊ ဒါပေမယ့် ဒီနှစ် ကျောင်းသားအရေအတွက်က အရင်နှစ်ကထက် နည်းတယ်၊ ကျွန်မတို့ ကျောင်းမှာ ကျောင်းသား ၁၄ ရာခိုင်နှုန်းလောက် လျော့တယ်။ အရင်နှစ်က ကျောင်းသားအရေအတွက် ၉၄ဝ ရတယ်၊ ဒီနှစ်တော့ ကျောင်းသားအရေးအတွက် ၈ဝဝ ပဲ ရတယ် “ ဟု ကျောင်းအုပ်ဆရာမ က ဆက်ပြောသည်။
အထက်တန်းကျောင်းသားတစ်ဦး၏ ကျောင်းအပ်ခမှာ ၁ဝဝဝဝ ကျပ်ခန့် ပေးရပြီး အလယ်တန်း နှင့် မူလတန်းကျောင်းအပ်ခမှာ ၃ဝဝဝ ကျပ်ခန့် ကုန်ကျသည် ဟု သိရသည်။ ကျောင်းလခကြေး၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်ကြေး နှင့် အားကစားကြေး အတွက် ၃ဝဝဝ ကျပ်ပေးရပြီး စာအုပ်ကြေးအတွက် ရဝဝဝ ပေးရသည်။
“ဒီနှစ် ကျောင်းသားအရေအတွက် လျော့တာကို ကျွန်မအရမ်းစိတ်မကောင်းဖြစ်မိတယ်၊ တစ်ချို့ ကျောင်းသားတွေက အရမ်းဆင်းရဲကြတယ်၊ သူတို့ မိဘတွေကလည်း ကျောင်းအပ်စရိတ်ကို မထောက်ပံပေးနိုင်ဘူး၊ တစ်ချို့ ကျောင်းသားမိဘတွေက ကျောင်းစရိတ်တတ်နိုင်တယ်၊ ဒါပေမယ့် ကျုုရှင် စရိတ်အတွက် သူတို့ မတတ်နိုင်ပြန်ဘူး” ဟု ကျောင်းအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
မုဒုံမြိုံ့နယ်ရှိ ဆရာမတစ်ဦး၏ အဆိုရ ကလော့သော့ ကျောင်းနှင့် ကွေ့ဝမ်းကျောင်းတို့မှာ ကျောင်းသား ၁ဝ ရာခိုင်နှုန်းခန့် လျော့သွားသည်ဟု သိရသည်။
“ကျွန်မတို့ကျောင်းမှာ ကျောင်းသား ထက်ဝက်လောက်လျော့သွားတယ်၊ မနှစ်က ကျောင်းသား အယောက် ၂၅ဝ ရတယ်၊ ဒီနှစ်မှာ ကျောင်းသား အယောက် ၁ဝဝ လောက်ပဲ ရတယ်” ဟု သံဖြုုဇရပ်မြို့နယ်ရှိ မူလတန်း ကျောင်းဆရာမတစ်ဦးက ပြောသည်။
၂ဝဝ၇ ခုနှစ်ကစပြီး မြန်မာစစ်အစိုးရမှ ကျောင်းသားမိဘများထံ ကျောင်းဝင်ကြေးမယူဘဲ အခမဲ့ပညာသင်စနစ် စတင်ကျင့်သုံးရန် အမိန့်ထုတ်ခဲ့သည်။
“ဒီနှစ်မှာတော့ ကျွန်မသားကို ကျောင်းစရိတ်မတက်နိုင်လို့ ကျောင်းမထားနိုင်တော့ဘူး၊ ဒါကြောင့် သူ့ကို ကျောင်းကနေထွက်ပြီး လယ်ထဲမှာ အလုပ်လုပ်ခိုင်းထားတယ်၊ ကျွန်မတစ်ယာက်ထဲ ကလေးတွေကို ကျောင်းမထားနိုင်တာမဟုတ်ဘူး၊ ကျွန်မသူငယ်ချင်းတို့ကလည်း ဒီအတိုင်းပဲ သူတို့ ကလေးတိုကို ကျောင်းမထားနိုင်လို့ ထိုင်နိုင်ငံမှာ အလုပ်လုပ်နေကြတယ််” ဟု မုဒုံမြို့နယ် မှ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
မြန်မာစစ်အစိုးရမှ အခဲ့မပညာသင်စနစ် စတင်ကျင့်သုံးနေသော်လည်း သူငယ်တန်း တစ်တန်းသာ အခမဲ့ခံစားခွင့်ရပြီး၊ ကျန်သည့်အတန်းများမှာ ပိုက်ဆံပေးပြီး ကျောင်းတက်ရသည်ဟု သိရသည်။
“၂ဝဝ၅ ခုနှစ် ကတည်းက ကျွန်မ နဲ့ ကျွန်မ သူငယ်ချင်းတို့ သုံးယောက် ကျောင်းကနေ ထွက်လာတယ်၊ ကျွန်မတို့ မိဘတွေက ကျွန်မတို့ကို မထောက်ပံ့နိုင်လို့ ကျောင်းကနေထွက်လိုက်ရတယ်၊ အခုကျွန်မက ရွာမှာ ချဲရောင်းပြီး မိသားစုအတွက် ပိုက်ဆံရှာနိုင်ပြီး ကျွန်မညီမလေးတွေအတွက်လည်း ကျောင်းစရိတ်ထောက်ပ့ံနိုင်တယ် “ ဟု မုဒုံမြို့နယ်မှ ချဲရောင်းသမားတစ်ဦးက ပြောသည်။
မွန်ပြည်နယ်ရှိ ပြည်သူအများစုမှာ ရာဘာနှင့် စပါးအပေါ်တွင် မှီခိုအားထားနေရသည်။ ယခုအချိန်မှာ စီးပွားရေးအခြေအနေကျဆင်းနေပြီး အရင်နှစ်က ရာဘာ ၁ ပေါင်လျှင် ၁၄ဝဝ ကျပ်ရှိပြီး ဒီနှစ်မှာတော့ ရာဘာတစ်ပေါင်းလျင် ၆ဝဝ ခန့်ရှိသည်။ စပါးစျေး ကလည်း အရင်နှစ်ကထက် ကျဆင်းနေသည်။
“မနှစ်ကတည်းက ကျွန်တော် ကျောင်းကနေထွက်လာပြီး ထိုင်းနိုင်ငံကို ဝင်လာတယ်၊ သူများတွေ ကျောင်းသားမြင်ရရင် ကျွန်တော်ကျောင်း အရမ်းသွားချင်တယ်၊ ကျွန်တော်မှာ ပိုက်ဆံမရှိတော့ ကျောင်းမတက်နိုင်ဘူး။ ကျွန်တော်မိဘတွေကလည်း ကျွန်တော့်ကို မထောက်ပံနိုင်ဘူး” ဟု ဘန်ကောက်တွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား တစ်ဦးကပြောသည်။