ထိုင်းနိုင်ငံရောက် မြန်မာကလေးများ ကလေးအခွင့်အရေး ဆုံးရှုံးမှုနှင့် ကြံုတွေ့နေရ

ထိုင်းနိုင်ငံရောက် မြန်မာကလေးများ ကလေးအခွင့်အရေး ဆုံးရှုံးမှုနှင့် ကြံုတွေ့နေရ
by -
ဟွန်းဟကောင်း
အမိနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်းနိုင်ငံသို့ ရောက်ရှိလာကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲမှ တချို့သောကလေးများသည် မိဘများ၏ စွန့်ပစ် ခြင်းကို ခံခဲ့ရပြီး ကလေးအခွင့်အရေး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ ...

အမိနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်းနိုင်ငံသို့ ရောက်ရှိလာကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲမှ တချို့သောကလေးများသည် မိဘများ၏ စွန့်ပစ် ခြင်းကို ခံခဲ့ရပြီး ကလေးအခွင့်အရေး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ ရေလုပ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (Stella Maris Seafarers’ Center) မှ ၀န်ထမ်းတစ်ဦးဖြစ်သူ မိသန်းက ပြောသည်။

ဆွန်ခလာမြို့ရှိ ထားဝယ်အမျိုးသမီးတစ်ဦးသည် သူမ၏ ပထမအိမ်ထောင်နှင့် ရထား သည့် ကလေးငယ်နှစ်ဦးကို ခုလက်ရှိပေါင်းသင်းနေသည့် ခင်ပွန်းသည်က အပြစ်အမျိုးမျိုး ရှာပြီး ရိုက်နှက်နှိက်စက်ရာတွင် ၈ နှစ်အရွယ်ရှိသော သားယောကျာ်းလေးမှာ ပခုံးရိုးကျိုး သွားခဲ့ရာမှ မိခင်ဖြစ်သူမှာ ၎င်းတို့မောင်နှမနှစ်ဦးအား သွားချင်တဲ့နေရာကိုသွား၊ ဒီမှာဆက် နေလျှင် အသက်ရှင်လိမ့်မည်မဟုတ်ဟု နှင်ထုတ်လိုက်ခြင်းကြောင့် မောင်နှမနှစ်ဦးမှာ ခြေ ဦးတည့်ရာ လျှောက်သွားရင်း တာဝန်ရှိထိုင်းပြည်သူတို့၏ အကြောင်းကြား ဆက်သွယ်လာ ခြင်းကြောင့် ဧပြီလ ၁၇ ရက်နေ့တွင် ထို်မောင်နှမနှစ်ဦးကို ၎င်းတို့အဖွဲ့အစည်းမှ ခေါ်ယူပြီး စောင့်ရှောက်ထားသည် ဟု မိသန်းက ပြောသည်။

၎င်းက ဆက်ပြောသည်မှာ “ကလေးတွေကိုတော့ လောလောဆယ် ကျွန်မတို့အဖွဲ့အစည်း ကနေပြီးတော့ အမျိုးသမီးနဲ့ကလေး စောင့်ရှောက်ရေးစခန်းမှာ ထားထားတယ်၊ ကောင် လေးကတော့ အရိုက်ခံထားရတာ ပခုံးရိုးတောင် ကျိုးသွားတယ်။ ၄ နှစ်အရွယ် ကောင်မ လေးကလည်း သူ့ပထွေးက ပါးတွေရိုက်ပြီးတော့ နှိက်စက်ထားတယ်၊ အဲဒီမိန်းကလေး ခု အိမ်ထောင်ကျထားတာက ရခိုင် (မွတ်စလင်)၊ အဲဒီမိန်းကလေးကိုလည်း မွတ်စလင်ဘာ သာထဲကို အတင်းဝင်ခိုင်းလို့ အခုမွတ်စလင်ဘာသာဝင်ဖြစ်သွားပြီး၊ လွန်ခဲ့တဲ့ ၂ ရက်က အဲဒီအမျိုးသမီး သူ့ကလေးတွေကို ပြန်လာခေါ်တော့ တာဝန်ယူထားတဲ့သူတွေက ကလေး တွေကို ပြန်ပေးဖို့ အချိန်နည်းနည်းတော့ ယူရမယ်လို့ ပြောထားတယ်” ဟု ဆိုသည်။

ကလေးအခွင့်အရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်အတွင်းရှိ အခြေခံ လူမှုအလွှာ ကော်မတီ (GHRE) မှ အထွေထွေအုပ်ချုပ်ရေးမှူး ဦးထူးချစ်ကတော့ ကလေး ငယ်များသည် အကြောင်းအမျိုးမျိုးနှင့် ၎င်းတို့ဆီသို့ ရောက်ရှိလာကြကာ တချို့သော ကလေးငယ်များမှာ မွေးကတည်းကပင် မိဘနှစ်ပါးကိုယ်တိုင် လာရောက်အပ်နှံထားကြပြီး၊ တချို့ကမူ မိဘနှစ်ပါး သဘောထားမတိုက်ဆိုင်မှုကြောင့် လမ်းခွဲသွားကြရာတွင် ၎င်းတို့၏ သားသမီးများကို ဒီအတိုင်းပင် စွန့်ပစ်ထားခဲ့ကြသည်။ အများစုမှာ ခင်ပွန်းသည်ဆုံးခြင်း သို့မဟုတ် မိမိတို့၏ သားသမီးများကို ကျွေးမွေးထောက်ပံ့ရန် ၀င်ငွေအလုံအလောက် မရှိခြင်းတို့ကြောင့် မကျွေးမွေးနိုင်တော့တဲ့အတွက် မိဘများကိုယ်တိုင် လာရောက်အပ်နှံ သည်များ ဖြစ်သည်ဟု  ပြောသည်။

”ခုလက်ရှိ ကျွန်တော်တို့ဆီမှာ စောင့်ရှောက်ထားတဲ့ ကလေး ၁၃ ယောက်ရှိနတယ်၊ အပြီးပိုင်မွေးစားထားတာ ၅ ယောက်၊ သူတို့ တွေကတော့ လုံးဝမိဘမဲ့ကလေးတွေဖြစ် တယ်၊ အခုဆိုရင် သူတို့ကို ထိုင်းကျောင်းမှာ ထိုင်းစာပေသင်ကြားရေးစနစ်နဲ့ ကျောင်းထား ပေးနိုင်ခဲ့တယ်၊ သူတို့အပြင်ကို နောက်ထပ် ၈ ယောက်ကတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ CCC လို့ ခေါ်တဲ့ (Community Childcare Centre) မှာ ထားပြီးတော့ ပညာသင်ကြား ခွင့်ပေးထားတယ်၊ သူတို့တွေကတော့ မိဘတွေ လာပြန်ခေါ်လို့ရှိရင် အချိန်မရွေး လိုက် သွားခွင့်ရှိတယ်၊ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ အခွင့်အရေးကို မဆုံးရှုံုးစေချင်ဘူး၊ အနာဂတ်လှပဖို့အတွက် အဆင့်မြင့်နည်းပညာတွေ သင်ကြားပေးမယ်၊ အနာဂတ်မှာ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာအောင် ကျွန်တော်တို့က ပံ့ပိုးကူညီပေး သွားမယ်လို့” ဦးထူးချစ်က ရှင်းပြခဲ့သည်။