မွန်ပြည်သစ်ပါတီ ညီလာခံ၏ ဗဟိုကော်မတီဝင် အားလုံး စရဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြ

မွန်ပြည်သစ်ပါတီ ညီလာခံ၏ ဗဟိုကော်မတီဝင် အားလုံး စရဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြ
by -
မိမွန်စွန်း
မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် မတ်လ  ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ညီလာခံတွင် ဗဟိုကော်မတီဝင် အားလုံး ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြသည်။ မတ်လ (၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်နှင့် စစ်ဘက်ရေးရာ ...

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် မတ်လ  ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ညီလာခံတွင် ဗဟိုကော်မတီဝင် အားလုံး ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြသည်။

မတ်လ (၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်နှင့် စစ်ဘက်ရေးရာ လုံခြံုရေး ညွန်ကြားရေးမှုချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့့်တို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်  တွေ့ဆုံပြီး နောက်ပိုင်းတွင် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် အာလုံးနှင့် တွေ့လိုကြောင်း တောင်းဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်နှင့် နီးစပ်သူတစ်ဦးက “ အခုအကြိမ်ကျင်းပတဲ့ မွန်ပြည်သစ်ပါတီ ညီလာခံမှာ ဗဟိုကော်မတီဝင်အားလုံး တွေ့ဆုံဖို့ ဆွေးနွေးခဲ့တယ်၊ နောက်တစ်လ နှစ်လကြာရင် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဒုတိယ ဥက္ကဌ နိုင်ရဿ အဖွဲ့ဝင်တို့နှင့်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် စည်းရုံးခဲ့သည်ဟု မွန်ပြည်သစ်ပါတီ သတင်းရပ်ကွက်က ဆိုသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားခေါင််းဆောင်များကို ပါဝင်လာရန် စည်းရုံးရေးတာဝန်ယူရသည်ဟု ဒုဗိုလ် ချုပ်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ပါတီဝင်တစ်ဦးက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံခဲ့သည့် အဖွဲ့ဝင်တစ်ဦးနှင့် နီးစပ်သူတစ်ဦး၏ အဆိုအရ  ၂၀၁၀ ရွေးကောက်ပွဲကို မွန်ပြည်သစ်ပါတီီက ပါဝင်ရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တောင်းဆိုခဲ့သော်လည်း  မွန်ပြည်သစ်ပါတီက ငြင်းပယ်ခဲ့ပြီး ၄င်းတိ့ို ရပ်တည်ချက်အတိုင်း လုပ်ဆောင်သွားမည်ဟု သိရသည်။

ဇန်နဝါရီလတွင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌် သတ္တမအကြိမ်မြောက် ပါတီဗဟို ညီလာခံမှ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို  လက်မခံပယ်ချခဲ့ပြီး၊ စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပေးမှသာ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ကြေငြာချက် မထုတ်ပြန်ခဲ့ပေ။

သှုျမ်းသံတော်ဆင့်သတင်း၏ အဆိုအရ ဇန်နဝါရီလ ၁၇- ၁၈ ရက်နေ့တွင် အင်အား ၃၀ ခန့် ပါသည့် “ဝ” ခေါင်းဆောင်များနှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း “ဝ” အဖွဲ့က လက်မခံခဲ့ကြောင်း သိရသည်။