တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစညပါတီဝင်များကိုယ်တိုင်) စည်းရုံးရေး ဆင်းစဉ် စိုက်ပျိုးခဲ့သော မိမိတို့၏ နွေစပါးများ ကောင်းမွန်စွာ ဆက်လက်ရှင်သန်ရန်အ တွက် ကျေးရွာဥက္ကဌများထံ အကြောင်းအမျိုးမျိုးပြ၍ အကူအညီတောင်းနေကြသည်။
ပါတီဝင်များသည် ၄င်းတို့နွေစပါး စိုက်ပျိုးထားသော ကျေးရွာသို့ လစဉ်သွားရောက်စစ်ဆေး ပြီး လိုအပ်ချက်များရှိပါက ကျေးရွာဥက္ကဋ္ဌများကို မှာကြား၍ ဖြည့်ဆည်းစေသည်ဟု မုဒုံမြို့နယ် တောင်ပရွာခံတစ်ဦးက ပြောသည်။
"ကိုယ်တိုင်စိုက်မယ်ဆိုပြီးတော့ ကျွန်တော့်ဆီလာပြီး သူတို့လိုအပ်တဲ့ မြေသြဇာကအစ ကျွန်တော့်ကို ဖြည့်ခိုင်းတယ်၊ ကြာတော့ ကျွန်တော်လဲ မတတ်နိုင်ဘူး၊ သူတို့လာရင် တစ် ခြားနေရာ သွားပြီး ရှောင်နေရတာ၊ ကျွန်တော်မရှိရင် သူတို့ဘာသာ လယ်ထဲသွားပြီး သူ တို့စပါးတွေကို လိုက်ကြည့်ပြီး တစ်ခြားရွာတွေကို ဆက်သွားတယ်" ဟု ကျေးရွာဥက္ကဋ္ဌ တစ်ဦးက ပြောသည်။
တစညပါတီဝင်တို့သည် တစ်လလျှင် သုံးကြိမ်မှ လေးကြိမ်အထိ နွေစပါးကို လစဉ်ပုံမှန် သွားရောက် စစ်ဆေးကြပြီး သွားရောက်စစ်ဆေးစဉ်တွင် အဖွဲ့ဝင် ၅ ဦးမှ ၆ ဦးအထိ ပါဝင်ကြသည်။
တစည ပါတီဝင်များသည် မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် နွေစပါးစိုက်ပျိုးရန် လယ်သမား များအား စည်းရုံးရေးဆင်းရာ မအောင်မြင်၍ ပါတီဝင်များကိုယ်တိုင် နွေစပါးစိုက်ပျိုးပြီး ၂၀၁၀ရွေးကောက်ပွဲအတွက်စည်းရုံးရေးဆင်းခဲ့ကြသည်။
"ကျွန်တော်တို့ကိုစိုက်ခိုင်းသေးတယ်၊ မအောင်မှန်းသိလို့ မစိုက်ဘူး၊ သူတို့ဘာသာ ကျွန်တော်တို့ လယ်ကွက်ထဲမှာ စိုက်ချင်တယ်ဆိုရင် စိုက်ပေ့ါ၊ ကျွန်တော်တို့တော့ မစိုက်နိုင်ဘူး" ဟု ဒိုးမားရွာမှ လယ်သမားတစ်ဦးက ပြောသည်။
ပါတီဝင်များကိုယ်တိုင် စိုက်ပျိုးစဉ် ၄င်းတို့သည် ရွာသားများနှင့် ပြေလည်မှုရရှိအောင် ထိုရွာများတွင် အခိုက်အတန့်အနေဖြင့် နေထိုင်ခဲ့ကြသေးသည်ဟု ၄င်းက ဆက်ပြော သည်။
တစညပါတီဝင်များသည် ဝင်းဖနုံဆည်အနီးပတ်ဝန်းကျင်ရှိ တောင်ပကျေးရွာ၊ ထုံမံကျေး ရွာ၊ ဒိုးမားကျေးရွာနှင့် ကွမ်ကဘွီးကျေးရွာတို့တွင် ၄င်းတို့၏ နွေစပါးများကို စိုက်ပျိုးခဲ့ကြရာ တစ်ရွာလျှင် ၁၀ ဧကနှုန်းဖြင့် စိုက်ပျိုးခဲ့ကြသည်ဟု ဒေသခံများကပြောသည်။
တစည သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့ သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဆလပါတီ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) မှ အမည်ပြောင်းလဲထားသော ပါတီဖြစ်သည်။ ၄င်းပါတီသည် မဆလပါတီ ယခု (တစည) သည် မြန်မာပြည်ကို ၁၉၆၂ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ် နေဝင်းခေါင်းဆောင်သော စစ်တပ်က အုပ်စိုးခဲ့ပြီး ၁၉၈၈ ခုနှစ် ၈လေးလုံးတွင် မြန်မာတစ်ပြည်လုံးကို စစ်အစိုးရက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မဆလပါတီ၏ အခန်းကဏ္ဍ လုံးဝရပ်စဲသွားသည်။