မတ်လ ၆ ရက်နေ့က ကျောင်းသားတွေ မီးရရှိရန် ဆူပူဆန္ဒပြမှု ဖြစ်ပွားပြီးနောက် မော်လမြိုင် တက္ကသိုလ်ဝန်းကျင် မီးပုံမှှန်ရရှိနေသော်လည်း တခြားဒေသတွင် မီးပုံမှန်မလာသေးကြောင်း ဒေသခံများက ပြောသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပတ်ဝန်းကျင်ရပ်ကွက်များကိုသာ လျှပ်စစ်မီးဌာနက မီးပုံမှန်ပေးနေပြီး တစ်နေ့လျှင် ၁ နာရီခန့်သာ ဌာနချုပ်အနီး ဂွေးကုန်းရပ်ကွက်ကို မီးပေးသည်ဟု မြိို့ခံများက ပြောသည်။
“VIP ရှယ်လိုင်းပဲ အစိုးရမီး ပုံမှန်ပေးတယ်၊ ကျွန်တော်တို့ကတော့ တစ်နေ့ ၁ နာရီပဲရ တယ်၊ ပျော်စရာဆိုတာ တစ်နေ့နေ့ ၂ ခါပဲရှိတယ်၊ မီးနဲ့ ရေလာတဲ့အချိန်ပဲ” ဟု မော်လ မြိုင်မြို့ထဲရှိ ဆေးခန်းဖွင့်ထားသော ဆရာဝန်တစ်ဦးက ပြောသည်။
မီးလာသည့်အချိန်တွင် ပြည်သူများ လက်ခုပ်တီးကာ အရမ်းပျော်နေကြပြီး မီးမလာသည့် အချိန်တွင် မီးစက်အသုံးပြုရသောကြောင့် စိတ်ညစ်နေရသည်ဟု ဆရာဝန်က ပြောသည်။
သိမ်ကုန်းရပ်ကွက်သူတစ်ဦး၏အဆိုအရ “ကျွန်မတို့ ဘက်ကတော့ ည ၁၁ နာရီကနေ နံနက် ၆ နာရီအထိပဲ မီးရတယ်၊ နေ့ခင်းပိုင်း မီးမလာဘူး” ဟု ပြောသည်။ မော်လမြိုင်မြို့ထဲနှင့် အခြားရပ်ကွက်များတွင် မီးပုံမှန်မရသောကြောင့် ဒုက္ခတွေ့နေရသော်လည်း မော်လမြိုင် တက္ကသိုလ်ဝန်ကျင်းတွင် မီးပုံမှန်ရနေသည်။
“ကျောင်းသားတွေ ဆူပူပြီးတဲ့နောက်မှာ တက္ကသိုလ်ဘက်ကတော့ မီးမှန်လာတယ်။ ပြတ် မယ်ဆိုရင် ၅ မိနစ် ၁၀ မိနစ်လောက်ပဲ၊ ဆန္ဒပြပြီးနောက် ကျောင်းသားတွေက ငြိမ်နေ တယ်၊ ကြားတာကတော့ မြို့ နဲ့ တစ်ခြားရပ်ကွက်တွေမှာ မီးသိပ်မရကြဘူး၊ အစိုးရက မပေးနိုင်လို့ ကျွန်တော်ထင်” ဟု မော်လမြိုင်တက္ကသိုလ်ဆရာတစ်ဦးက ပြောသည်။
အမျိုးသမီး အဆောင်ပိုင်ရှင်၏ အပြောအရ “ကျမတို့ဘက်မှာတော့ ဒီကနေ့အထိ မီးမှန်တုန်း ပဲ၊ မော်လမြိုင်တက္ကသိုလ်နဲ့ နီးလို့ပဲ၊ မြို့ထဲမှာ ကျွန်မတို့ မြိုင်သာယာလောက် မကောင်းဘူး၊ တစ်နေ့ တစ်နေ့ ညနေ (၄) နာရီ နဲ့ (၇) နာရီ အကြာမှာ ပျက်လေ့ရှိတယ်၊ ပျက်တာက ပုံမှန်မဟုတ်ဘူး၊ မြို့ထဲမှာတော့ ဒီနေရာထက် ဆိုးနေတယ်” ဟု ပြောသည်။
မီးရရှိရန် ကျောင်းသားများ ဆန္ဒပြပြီးနောက် အဆောင်မှူးတိုင်း တစ်ပတ်အတွင်း မီးစက်ဝယ်ယူရန် ရပ်ကွက်အာဏာပိုင်များက ညွှန်ကြားခဲ့သည်။
“မြန်မာပြည်က သိတဲ့အတိုင်းပဲ၊ တစ်ချို့ လက်မှတ်ထိုးရတာကြောက်ပြီး မီးစက်ဝယ်တာ လည်းရှိတယ်၊ တစ်ချို့ အဆောင်မှာ မီးစက်ရှိပြီးသားပဲ၊ တစ်ချို့ကလည်း မဝယ်ရသေးဘူး၊ ရယက က တစ်ပတ်ပြည့်ရင် လာစစ်မယ်ပြောပြီး ခုထိလာမစစ်ရသေးဘူး” ဟု အမျိုးသား အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ် မုဒုံ၊ သံဖြုုဇရပ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်အတွင်းတွင် လျှပ်စစ်မီးက ပုံ မှန်မရဘဲ၊ အချို့ ဒေသများတွင် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မီးရရှိရန်ကြိုးပမ်းနေကြသည်။
မုဒုံမြို့ရှိ ၁၀ တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသားမိခင်တစ်ဦး၏ ပြောပြချက်အရ လွန်ခဲ့သည့် ၂ လတွင် ၂ ရက်အတွင်း၌ မီးတစ်ကြိမ်သာရရှိပြီး ယခုအခါ မီးမလာသလောက်ဖြစ် နေသည့်အတွက် စာမေးပွဲဖြေရန် ညတိုင်း မီးစက်သုံးနေရသည်ဟု ပြောသည်။
“စာမေးပွဲဖြေချိန်မှာ မီးကမလာတော့ ကျောင်းသားတွေ အခက်အခဲဖြစ်တာပေါ့၊ မော် လမြိုင်က ကျောင်းသားတွွေ မီးရဖို့ လျှပ်စစ်ဓါတ်အားပေးဌာနမှာ သွားတောင်းတာကတော့ ကြားတယ်၊ ကျွန်မလည်းအဲဒီလို ကြားတော့ သားလေးအတွက် နည်းနည်းစိတ်ပူသွားတယ်၊ အဖမ်းခံရရင် ၁၀ တန်းစာမေးပွဲကို ဖြေလို့မရမှာစိုးတယ်” ဟု ၄င်းကျောင်းသားမိခင်က ပြောသည်။
မုဒုံမြို့နယ်ရှိ ရွာ ၈ ရွာကျော်ကျော်သည် ၂၀၀၈ ဇွန်လ ကနေစပြီးတော့ အစိုးရမှ လျှပ်စစ် ဓာတ်အားကို ပေးဝေခဲ့ရာ တစ်လ၊ နှစ်လတာအတွင်း မီးပုံမှန်ရပြီး နောက်ပိုင်းတွင် လုံးဝ နီးပါး ပြတ်တောက်သွားသည်။
“မီးရဖို့ပိုက်ဆံ ၆ သိန်း ရ သိန်းလောက် ကုန်ထားရတယ်၊ အစပိုင်းမှာ မီးလာတာမှန်နေ ရောပဲ၊ အခု တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ နာရီပိုင်းလောက်ပဲရတယ်” ဟု ရွာသား များက ပြောသည်။ သံဖြုဇရပ်မြို့နယ် ဒေသခံများသည် မီးပုံမှန်မရခြင်းကြောင့် မီးစက် ကိုသာ အားထားပြီး အသုံးပြုနေရသည်။ သံဖြုုဇရပ်တွင် တစ်ခါတရံ တစ်ပတ်မှာ တစ်ရက် သာရရှိသည်။ မီးလာချိန်က ည ၁၀ နာရီကနေ နံနက် မိုးလင်းအထိဖြစ်သည်။ မီတာခတစ်ယူနစ်မှာ ၅၀ ကျပ်ပေးရပြီး ထိန်းသိမ်းခ ၅၀၀ ကျပ်ပေးရသည်။
“မီးပုံမှန်မရတော့ အလုပ်လုပ်ရတာက အဆင်မပြေဘူး၊ မီးစက် သုံးရတာများတယ်၊ မီးလာ တဲ့အချိန်က ကိုယ်အိပ်တဲ့ အချိန်ဖြစ်နေတယ်”ဟု သံဖြုုဇရပ်မြို့ရှိ အခွေရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ မီးစက်မဝယ်နိုင်သူအတွက်က လမ်းမီး (အဌားမီး) ကို အသုံပြုကြပြီး တစ်လလျှင် ၃ ထောင်ကျပ်မှ တစ်သောင်းထိ ပေးရသည်။
၄င်းပိုင်ရှင်၏အဆိုအရ “ကျောင်းသားတွေ ဆန္ဒပြတာ ကြားတယ်၊ နောက်တစ်နေ့ သံဖြုု ဇရပ်မှာ မီးပြန်လာတယ်၊ တစ်ရက် နှစ်ရက်ပဲ ရတယ်၊ ကျောင်းသားတွေ အခုလို လုပ်တာ က ကောင်းပါတယ်၊ သူတို့ စာမေးပွဲဖြေရက်မှာ အစိုးရ မီးပေးသင့်တယ်” ဟု ပြောသည်။
လမိုင်းမြို့နယ်ခွဲတွင် ၂၀၀၇ ခုနှစ် ၁၀ လပိုင်းက ဘုန်းကြီးများ၏ ဦးဆောင်မှုဖြင့် ကိုယ့်အား ကိုယ်ကိုး လျှပ်စစ်မီးစနစ်ကို အသုံးပြုကြသည်။ တစ်ယူနစ်လျှင် ဆီတစ်ပုလင်းစနစ်ဖြင့် သတ်မှတ်ထားပြီး လွန်ခဲ့သည့်အောက်တိုဘာလတွင် အစိုးရက လျှပ်စစ်မီးပေးဝေခဲ့သည်။
လမိုင်းဒေသခံ ပြောပြချက်အရ “ဘုရားမီးယူတုန်း ၃ သိန်းလောက်ကုန်တယ်၊ ညနေ ၆ နာရီကနေ ၁၁ ထိလာတယ်၊ အစိုးရမီးကတော့ ၂ သိန်းလောက်ပဲကုန်တယ်၊ မီးကတော့ တစ်နေ့ကို ၂ နာရီလောက်ပဲရတယ်” ဟု ပြောသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်လမ်းတလျှောက် မကြာသေးမီက မီးရရှိထားသော ကျေးရွာများသည် ယနေအထိ မီးမမှန်သေးဟု ၄င်းရွာခံများက ပြောသည်။ “ကျွန်မတို့က တလတစ်ခါ မီးခပေးရတယ်၊ တလ ၂၀၀၀ ကျပ်် ရွာလူကြီးကို ပေးရတယ်။ မီတာခက လတိုင်းပေးရတယ်၊ မီးကမှန်မှန်မလာဘူး၊ လွန်ခဲ့တဲ့ ၅ ရက်စပြီး မီးမရဘူး၊ အခုပြန်ရတယ်” ဟု ၄င်းက ဆက်ပြောသည်။