မွန်အမျိုးသားနေ့တွင် ကမာဝက်ကျေးရွာ၌ မီးလောင်၍ သိန်းထောင်ကျော်ခန့် ဆုံးရှုံးခဲ့ရ

မွန်အမျိုးသားနေ့တွင် ကမာဝက်ကျေးရွာ၌ မီးလောင်၍ သိန်းထောင်ကျော်ခန့် ဆုံးရှုံးခဲ့ရ
by -
ကွန်းဟဒေ့
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ကမာဝက်ကျေးရွာရှိ ကာလတန်ဖိုး သိန်းထောင်ကျော်ခန့် တန်ဖိုးရှိသော နေအိမ် ၃ အိမ်ကျော်ခန့်် ၂၀၀၉ ခုနှစ် ၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ ညနေ ၃ နာရီခန့်တွင် မီးလောင်ပျက်ဆီးခဲ့ရသည်။ ယင်းမီးလောင်မှုသည် မွန်အဆိုကျော် (ပဥ္စဝ႘) ပွန်ကျဝီ၏ နေအိမ်မှ စတင်ခြင်းဖြစ် ...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ကမာဝက်ကျေးရွာရှိ ကာလတန်ဖိုး သိန်းထောင်ကျော်ခန့် တန်ဖိုးရှိသော နေအိမ် ၃ အိမ်ကျော်ခန့်် ၂၀၀၉ ခုနှစ် ၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ ညနေ ၃ နာရီခန့်တွင် မီးလောင်ပျက်ဆီးခဲ့ရသည်။

ယင်းမီးလောင်မှုသည် မွန်အဆိုကျော် (ပဥ္စဝ႘) ပွန်ကျဝီ၏ နေအိမ်မှ စတင်ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။ အိမ်ရှင်မှ ယတြာချေရန်အတွက် ဖယောင်းတိုင်မီးထွန်းထားပြီး ငြိမ်းရန် သတိမေ့ရာ ဖယောင်းတိုင်မီးမှ အနီးရှိစောင်ကို မီးစွဲကူးရာမှ စတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

"ယတြာချေဖို့အတွက် သူတို့အိမ်မှာဖယောင်းတိုင် ထွန်းထားတာ၊ နောက်ပြီး ဖယောင်း တိုင်ထွန်းထားတဲ့သူကအပြင်ထွက်သွားတယ်၊ အိမ်မှာကျန်ခဲ့တဲ့သူတွေကိုလည်း ဖယောင်း တိုင်ထွန်းထားမှန်း ပြောမသွားဘူး၊ အဲဒါကြောင့်မို့ ဖယောင်းတိုင်မီးက အနားမှာ ရှိတဲ့ စောင်ကို စွဲသွားတာ၊ စစချင်းတော့ သူတို့ဘာသာ သတ်လို့နိုင်တယ်ထင်ပြီး သူများ အကူ အညီမယူဘူး၊ သူတို့မနိုင်တဲ့အခါကျမှ အိမ်နီးချင်းကိုခေါ်တော့ မီးကတော်တော် အရှိန်ရ လာနေပြီ" ဟု ကမာဝက်ရွာသားတစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားနေသောအချိန်တွင် ကမာဝက်ကျေးရွာပိုင်မှ မီးသတ်ကားများသည် ရွာလယ်ရှိ ဘုန်းကြီးကျောင်းတွင် ရှိနေသည်။ မီးလောင်သည်ဟု သတင်း ကြားသောအခါ ကျောင်းမှ သံဃာတော်များသည် မီးသတ်ကားဖြင့် သွားရောက်ငြိမ်းသတ်ပေးကြပြီး ရွာသားများလည်း လာရောက်ဝိုင်းဝန်းငြိမ်းသတ်ပေးကြသည်။

ရွာသားများမှ နာရီဝက်ကျော်ခန့် ငြိမ်းသတ်အပြီးတွင် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစိုးရ မီးသတ်ကား ၁၀ စီးခန့် ရောက်ရှိလာပြီး ဝိုင်းဝန်းငြိမ်းသတ်ပေးရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားသည်ဟု ရွာသားတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းခဲ့သော နေအိမ် ၃ လုံးမှာ နှစ်လုံးမှာ နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး ကျန်တစ်လုံး သစ်သားနှစ်ထပ်အိမ် ဖြစ်သည်။

ကမာဝက်ရွာသားများ၏ အဆိုအရ ပထမဆုံး မီးစတင်လောင်ကျွမ်းသော အိမ်ရှင်အား အာဏာပိုင်မှ ထောင်ဒဏ် ၃ နှစ်ဖြင့် အရေးယူမည်ဟု ၄င်း တို့ထံမှ ကြားသိရသည်။

လွန်ခဲ့သော ၁၃၆၁ ခုနှစ်တွင်လည်း ကမာဝက်ရွာတွင် မီးလောင်မှု ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်တွင် ရွာတွင် မီးသတ်ကားမရှိသောကြောင့်လည်းကောင်း၊ အစိုးရပိုင် မီးသတ်ကားများသည်လည်း အချိန်မီ မလာခဲ့သောကြောင့် အိမ်ခြေ ၃၃၀ ခန့် မီးလာင်ကျွမ်းခဲ့ရသည်။ ၄င်းအန္တရာယ်ကို စိုးရိမ်သောကြောင့် ရွာသားများသည် ကိုယ့်အားကိုယ်ကိုး ရန်ပုံငွေရှာ၍ လွန်ခဲ့သော ၂ နှစ်ကျော်ခန့်တွင် မီးသတ်ကားကြီးတစ်စီးနှင့် မီးသတ်ကားငယ် နှစ်စီးကို ဝယ်ယူနိုင်ခဲ့သည်။

ဤအကြိမ်တွင် အကယ်၍ ကျေးရွာပိုင်မီးသတ်ကားသာ မရှိလျှင် လွန်ခဲ့သော ၁၃၆၁ ခုနှစ်ကဲ့သို့ ပင် ဆုံးရုံးမှုများ ဖြစ်နိုင်သည်ဟု ရွာသားအချို့က ပြောသည်။

Most read this week