မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ဆုံးအဖြစ် ရပ်တည်လျက်သော ချင်းပြည်နယ်၏ ပညာရေးအခြေ အနေ တိုးတက်ကောင်းမွန်လာစေရေးအတွက် လိုအပ်သော အခြေခံအဆောက်အဦး များကို ပြည်နယ်အစိုးရ နှင့် ပြည် ထောင်စုအစိုးရတို့မှ အလေးပေးဆောင်ရွက်ပေးရန် ဗဟိုချင်း(လိုင်) ကျောင်းသားများ သမဂ္ဂ -မြန်မာက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တောင်းဆို လိုက်သည်။
ဗဟိုချင်း(လိုင်) ကျောင်းသားများသမဂ္ဂ-မြန်မာ၏ ပထမအကြိမ်ကျောင်းသားညီလာခံကို ချင်းပြည်နယ် ထန်တလန် မြို့တွင် နိုဝင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ အထိ ကျောင်းသားကျောင်းသူပေါင်း ၁၅၀ ကျော်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီးနောက် နိမ့်ကျနေသော ချင်းပြည်နယ်၏ ပညာရေးအခြေအနေနှင့် ပတ်သက်၍ ကြေညာ ချက်တစ်စောင်ထုတ်ပြန်ကာ ယခုကဲ့သို့ တောင်း ဆိုလိုက်ကြခြင်းဖြစ်သည်။
ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်အနိမ့်ဆုံးအဖြစ် ရပ်တည်နေပြီး၊ အောင်ချက် မြှင့် တင်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦးပြည့်စုံရေး၊ ဆရာအရေအတွက် လုံလောက်စွာရရှိရန် နှင့် ဆရာ များ၏အရည်အသွေးပြည့်မှီရန် ပြည်နယ်အစိုး ရ နှင့် ပြည်ထောင်စုအစိုးရမှ အလေးပေးဆောင်ရွက်ရန် လိုအပ်သည်ဟု ချင်းကျောင်းသားများ ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်အတွင်း ချင်းပြည်နယ်တွင် ၁၀ တန်းစာမေးပွဲဖြေဆိုသူ ၈၇၂၁ ဦးရှိခဲ့ပြီး ယင်း အနက် ရ၀၄ ဦးသာအောင်မြင်ကြသည်။ ယင်းအောင် ချက်ပမာဏသည် ယခင် ၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲ အောင် ချက်ရာခိုင်နှုန်းထက် အဆမတန် ကျဆင်းခဲ့သည်။
ထို့အပြင် တိုင်းရင်းသားစာပေများအား သက်ဆိုင်ရာဒေသအလိုက် ကျောင်းသင်ရိုးတွင် ထည့်သွင်းပြီး လွတ်လပ်စွာ တရား ၀င် သင်ကြားခွင့်ကို အစိုးရမှ အလျင် အမြန် ဖော်ဆောင်ပေးရေး၊ ဒီမိုကရေစီပညာရေး စနစ်အပြည့်အဝကျင့်သုံးရေး ၊ ကျောင်းသားသမဂ္ဂများ လွပ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး၊ လူမျိူးရေး နှင့်
ဘာသာရေး အရခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သည်းခံမှု၊ နားလည်မှု နှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ ပြီး ပြည်သူ တရပ်လုံး၏တောင်း ဆိုမှုကို ထောက်ရှူကာ အချိန်မဆိုင်းဘဲ ဆက်လက်ဆောင်ရွက်ကြိုးပမ်းကြရန် ချင်းကျောင်းသားများမှ အလေးအနက် တိုက်တွန်းတောင်း ဆိုကြောင်း ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။
၃ ရက်တာကျင်းပပြုလုပ်သော အဆိုပါကျောင်းသားညီလာခံတွင် ပညာရေး၊ ချင်းစာပေ၊ လူ့အခွင့် အရေး၊ ကျောင်းသား အခွင့်အရေးနှင့် ယခုလက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်များကို အဓိကဆွေးနွေး ဖလှယ်ခဲ့ကြပြီး ညီလာခံနောက်ဆုံးနေ့ နိုဝင်ဘာလ ၃၀ ရက် မွန်းလွှဲ ၁နာရီခွဲတွင် ထန်တလန်မြို့လမ်းဆုံ၌ ငြိမ်းချမ်းရေး အတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်ဟု သိရသည်။