အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရ၊ လူမှုဖူလှုံရေး ( Food, Civil Supplies & Consumer Affairs Minister ) ၀န်ကြီး Pu John Rotluangliana သည် မြန်မာနိုင်ငံမှ ဆန်များဝယ် ယူနိုင်ရေးအတွက် အောက်တိုဘာလ ၆ရက်နေ့့ မြန်မာပြည်သို့ ထွက်ခွါခဲ့သည်။
၀န်ကြီးသည် အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းမှ တဆင့် ချင်းပြည်နယ် တီးတိန်မြို ့ သို ့ အောက်တိုဘာလ ရရက်နေ့ကရောက်ရှိခဲ့ပြီး မီဇိုရမ်ပြည်နယ်အတွက် (၆)လစာ လိုအပ်မည့်ဆန်များ မြန်မာပြည်မှ ၀ယ်ယူ တင်သွင်း နိုင်ရေး ဆောင်ရွက်မည်ဖြစ် သည်ဟု သိရ သည်။
မီဇိုရမ်ပြည်နယ် စားသုံးကုန်အားလုံး၏ ၆၀ ရာခိုင်နှုန်းကို အိန္ဒိယပြည် Bairabi မှ နှစ်စဉ် ရယူ တင်သွင်းခဲ့ သော် လည်း မီဇိုရမ်ပြည်နယ်သို ့ ဆက်သွယ်ပေးမည့် လက်ရှိ ရထားလမ်းတိုး ချဲ့ပြုပြင်နေစဉ် ပို့ဆောင်ဆက် သွယ်ရေး အခက် အခဲကြောင့် ယခုကဲ့သို ့ မြန်မာနိုင်ငံမှ ဆန်များ ၀ယ်ယူရန် စီစဉ်ခြင်းဖြစ်သည်။
၀န်ကြီးအနေဖြင့် မြန်မာပြည်အတွင်း မည်သည့်နေရာထိ သွားရောက်ပြီး မည်သည့် တာဝန်ရှိသူများနှင့် တွေ ့ဆုံမည်ကို မသိရှိရသေးပေ။ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ တာဝန်ရှိများအနေဖြင့် မြန်မာနိုင်ငံမှ ဆန်တန် ချိန် (၂၀၀၀၀) အား အိန္ဒိယ အစိုးရမှ လစဉ်ဝယ်ယူနိုင်ရေးအတွက် သဘောတူထားသည်များကို အကောင်အထည်ဖေါ်ရန် ဖြစ်ကြောင်း သိရသည်။
ဆန်ကို အိန္ဒိယနိုင်ငံ အရှေ ့မြောက် ပြည်နယ်များဖြစ်ကြသည့် မီဇိုရမ်နှင့် မဏိပူရ ပြည်နယ် နှစ်ပြည်နယ်အတွက် ၀ယ်ယူမည်ဖြစ်ပြီး ပြည်နယ်နှစ်ခု၏ အခြေအနေအပေါ် မူတည်ပြီး ၀ယ်ယူမည့် ပမာဏကို ပြန်လည် စီစစ်သုံးသပ် မည်ဖြစ်ကြောင်း The Financial Express သတင်း တွင် ဖေါ်ပြထားသည်။
မီဇိုရမ်နှင့် မဏိပူရပြည်နယ်များသည် Public Distribution System (PDS) အရ ဆန် တစ်ကီလိုကို ၂၉.၈၁ ရူပီး (ကျပ်ငွေ- ၄၄၇.၁၅) နှုန်း ဖြင့် အိန္ဒိယ ပြည်မမှ ၀ယ်ယူတင်သွင်းနေ ခဲ့ရာ မြန်မာနိုင်ငံမှ စျေးနှုန်းသက်သာ စွာဖြင့် ၀ယ်ယူနိုင်မည် ဟု မျှော်လင့် ထားကြသည်။
မီဇိုရမ်လူထုသည် ဆန်ကို အဓိက စားသုံးနေသည်ဖြစ်ရာ လက်ရှိတွင် ဆန် Quintal ၁၉၀၀၀၀ သာ စုထားကြောင်း၊ ယင်းပမာဏ သည် ပြည်နယ်တစ်ခုလုံးအတွက် (၃) လ စာမျှသာ လုံလောက် မည်ဖြစ် သဖြင့် ယခုကဲ့သို့ ပြည်နယ် အစိုးရက ကြိုတင် စီမံ ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။