နတ်မတောင်အမျိုးသားဥယျာဉ် အမျိုးသမီးဝန်ထမ်းများ လစာတဝက်သာရရှိ

နတ်မတောင်အမျိုးသားဥယျာဉ် အမျိုးသမီးဝန်ထမ်းများ လစာတဝက်သာရရှိ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးရှိ နတ်မတောင် ( ၀ိတိုရိယ ခေါ် ခေါနူူးသုန်) အမျိုးသား ဥယျာဉ်ရှိ၀န်ထမ်း အချို့သည် ခံစားခွင့်လစာ အပြည့်မပေးကြောင်း အမည် မဖော်လိုသူ အဆိုပါ ၀န်ထမ်းတစ်ဦးထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးမှ ဒေသခံဝန်ထမ်း (၇)ဦးကို အပြစ်မရှိဘဲ လစာတဝက်သာ ခံစားစေရန် သတင်းများထွက်ပေါ်ခဲ့ရာ အမျိုးသား ၀န်ထမ်း  (၄) ဦးမှ  အရေးဆို မည် ဟု ကြားသိရသဖြင့် ၄င်းတို့ကို  လစာအပြည့် ခံစားခွင့်ပေးပြီး ကျန် အမျိုး သမီး (၃)ဦးကို မူ နိုင် ငံ တော်မှ ဖြည့် ဆည်းပေးသော ဝေး လံခေါင်း ပါး ဒေသ စရိတ်ကို ခံစားခွင့်မပေးပဲ မူရင်း လစာကိုသာ ယနေ့တိုင် ခံစား စေခဲ့ သည်ဟု ပြောသည်။

DSC3954

” ဒီအမျိုးသမီး ၀န်ထမ်းတွေက အမျိုးသားဝန်ထမ်းတွေလို စောဒက တက်တာတွေ မလုပ်ဘူး၊ ဆိုတော့ မူရင်းလစာ သက်သက်ပဲ ရတယ်၊ လစာ တခုလုံးရဲ့ ထက်ဝက်ပေါ့ ၊ အမျိုးသမီးဆိုပြီး နှိမ်တာလည်း ပါမှာပေါ့ ” ဟု ပြောသည်။

လစာထက်ဝက်ခံစားနေရသော နတ်မတောင် အမျိုးသားဥယာဉ်ရှိ အဆိုပါ အမျိုးသမီးဝန်ထမ်းများမှာ ဒေါ်ဂေမံ (အကြီးတန်း စာရေး)၊ ဒေါ်ဥမ္မာစိန် (အရောင်း-၄)၊ ဒေါ်တမ် ကီးမံ (အငယ်တန်းလက်နှိပ်စက်စာရေး)တို့ ဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးသည်  နတ်မတောင်အမျိုးသားဥယျာဉ်သို့ ၀န်းကျင်/ သားငှက် ညွှန်ကြား ရေးမှူးရုံး မှ ၂၀၁၀ ခုနှစ်တွင် ပြောင်းရွှေ့တာဝန်ကျလာသူဖြစ်ပြီး  အ ထက်လူကြီးများနှင့် ပေါင်းသင်း ဆက်ဆံရေး ပြေလည်နေ သောကြောင့်  ယခုကဲ့သို့ မိမိိစိတ်တိုင်းကျ ချယ်လှယ်နေခြင်းဖြစ်သည်ဟု ပြောကြသည်။

“ငါ အထက်လူကြီးတွေကို  ပိုင်ပြီးသား၊ ခင်ဗျားတို့ ငါ့ကို ဘယ်လိုပဲ တိုင်တိုင် ဂရုမစိုက်ဘူး၊ တိုင်ချင်တဲ့ နေရာတွေ တိုင်ကြပေါ့ လို့ပဲ ဦးတင်မြစိုးက ၀န်ထမ်းတွေ ကို ပြောလေ့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းကိစ္စကို မကျေနပ်ကြသော ဒေသခံဝန်ထမ်းများနှင့် ချင်းပြည်သူလူထုမှ ညွှန်ကြားရေးမှူးချုပ်ထံ အကြိမ်ကြိမ် တိုင်တန်းခဲ့သော််လည်း အရေးယူဆောင်ရွက်ခြင်းမရှိ သည့် အပြင် ယခုလ  ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံ တော်၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ စေလွွှတ်ခြင်းခံရသည်ဟု သိရသည်။

ချင်းပြည်နယ် နတ်မတောင် အမျိုးသား ဥယျာဉ် အကျယ်အဝန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက မင်းတပ်မြို့နယ် အတွင်း ၁၃၃၉၇ဝ ဧက၊ ကန်ပက်လက်မြို့နယ် အတွင်း ၂၉၅၃ဝ ဧကနှင့် မတူပီမြို့ နယ် အတွင်း ၁၂၈ဝဝ ဧက သတ်မှတ်ပြီး စုစုပေါင်း အကျယ်အဝန်း ၂၇၅ ဒသမ ၅ စတုရန်း မိုင်ကျယ် ဝန်းကြောင်း၊ ဥယျာဉ်အတွင်း သတ္တဝါများနှင့် သစ်တော၊ သစ်ပင် များကို ထိန်းသိမ်း ထားရှိ ကြောင်း သိရ သည်။