CNF ခေါ်ယူတဲ့ ကွန်ပြူတာတပ်ဆင်ရေး တင်ဒါ Thit Sa Oo Company ရရှိ

CNF ခေါ်ယူတဲ့ ကွန်ပြူတာတပ်ဆင်ရေး တင်ဒါ Thit Sa Oo Company ရရှိ
by -
ခိုနုမ်းထုန်

CNF မှ သြဂုတ်လ ၁၃ ရက်နေ့က ခေါ်ယူသည့် ချင်းပြည်နယ် အထက်တန်းကျောင်းတိုင်းတွင် ကွန်ပြူတာနဲ့အင်တာနက် တပ်ဆင်ပေးရေး တင်ဒါ ကို Company သုံးခုမှ လျှောက်ထားကြရာ ကလေးမြို့ Thit Sa Oo Company က ရရှိသည်ဟု သိရသည်။

ဒိန်းမတ် အစိုးရက စီအဲန်အက်ဖ်မှတဆင့် ချင်းပြည်နယ်အထကကျောင်းအားလုံးအတွက် ကွန်ပြူတာ အင်တာနက် တပ်ဆင် ပေး ရေး အတွက် Denmark Cr ၅ သန်းကို သုံးရစ်ကျဖြင့် ပ့ံပိုးကူညီကြောင်း ပထမအရစ်အတွက် ပေးပို့ငွေ ရရှိထားပြီး ဖြစ်ကြောင်း စီအဲန်အက်ဖ် အထွေထွေအတွင်းရေးမှူးချုပ် (၃) ဒေါက်တာရွှေခါးက ပြောသည်။

“အရစ်ကျ ပ့ံပိုးငွေ အလိုက် လုပ်ငန်းကို အကောင်အထည်ဖော်မှာဖြစ်ပြီးတော့ ဒုတိယအရစ်ကိုတော့ ပထမအရစ် လုပ်ငန်း ပြီးစီးမှ ပြန်လည်အကောင်အထည်ဖော်မှာဖြစ်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရနှင့် ဒေါက်တာရွှေခါးတို့ သြဂုတ်လ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ကြရာ  လုပ်ငန်းကို စက်တင်ဘာလမှ အကောင်အထည်ဖော်ရန်ဖြစ်ပြီး ပထမသုတ်အဖြစ် မိုးရာသီလမ်းပန်းဆက်သွယ်ရေး သွားလာမှုပိုမို အဆင်ပြေသည့် တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့ပေါ် အထက ကျောင်းများ တွင် တပ်ဆင်သွားကြရန် ဆွေးနွေးထားသည်ဟု သိရသည်။

“အထက ကျောင်း တာဝန်ရှိတွေဖက်က အဆင်သင့်ဖြစ်ယင် ကျတော်တို့ဖက်ကတော့ အားလုံးအဆင် သင့်ဖြစ်ပါပြီ၊ နောက်တသုတ်ကိုတော့ နို၀င်ဘာ၊ ဒီဇင်ဘာမှာ တပ်ဆင်နိုင်ဖို့တော့ ကြိုးစားသွားမယ်၊ ဒီလုပ်ငန်းအတွက် သက်ဆိုင်ရာ ပညာရေးဌာနတွေကို ပြည်နယ်အစိုးရက လမ်းညွန်မှု ပေးမှာပါ” ဟု ဆက်ပြောသည်။

ကျောင်းသား ၁  ဦး ကွန်ပြူတာတလုံးနှုန်းဖြင့် တွန်းဇံ အထက အတွက် အလုံး ၃၀၊ တီးတိန်အထက (၁) (၂)အတွက် ၁၃၅ လုံး ၊ ဖလမ်းအထက (၁) ( ၂)အတွက် ၆၈ လုံး၊ ဟားခါး အထက (၁) (၂) (၃)အတွက် အလုံး ၁၄၀၊ ထန်တလန် အထက အတွက် ၄၁ လုံးစီ ဖြန့်ဝေတပ်ဆင်ပေးကြမှာဖြစ်သည်။

ချင်းပြည်နယ်ရှိအထက်တန်းကျောင်း ၃၀ တွင် တပ်ဆင်သွားကြမှာဖြစ်ပြီး လျှပ်စစ်မီးအားနည်းချက်ကြောင့် လိုအပ်သော Generator, ဓါတ်ဆီများကိုလည်း တနေ့ ၄ နာရီစာ အလုံအလောက်ပ့ံပိုးသွားကြမှာဖြစ်သည်ဟု ကြားသိရသည်။