ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဟားခါး ခရိုင် ဌာနဆိုင်ရာ အရာရှိအသီးသီးက ၄င်းတို့၏ လုပ်ငန်း တာဝန်များနှင့် ပတ်သက်ပြီး ပြည်သူလူထုထံ ရှင်းလင်း မှုပြုလုပ်ကြ သည်ဟု သိရသည်။
လုပ်ငန်းရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြပြီး မြို့မိမြို့ဖ၊ ဟားခါးမြို့နယ်မှ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုအသင်းအဖွဲ့မှ ခေါင်းဆောင် များ စုံလင်စွာ တက်ရောက်ကြကြောင်း သိရသည်။
၂၀၁၄ ခုနှစ်အတွင်း သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ နိုင်ငံသားမှတ်ပုံ တင်ပြန်လည်လျှောက်ထား လိုသည့် ပြည် ပရောက် ချင်းပြည်သူများအား ကူညီသွား မည်ဖြစ်ကြောင်း ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန မှူး က ပြောသည်။
ချင်းပြည်နယ်အစိုးရ အတွင်းရေးမှူးက လက်ရှိအစိုးရဟာ လူထုက ဖွဲ့စည်းလိုက်သည့် အစိုးရဖြစ်သည်နှင့် အညီ ဌာန ဆိုင်ရာ ၀န်ထမ်းအားလုံး လူထုက အားကိုးယုံကြည် သည့် အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းဖြစ်ဖို့လိုအပ်ကြောင်း ပြော သည်။
ခရိုင်အုပ်ချုပ်ရေးမှူးက ယနေ့ စည်ပင်ဌာနသည် အစိုးရက ဖွဲ့စည်းလိုက်တဲ့ ပြန်လည်ထူထောင်ရေးကော်မီတီ နှင့် လုပ် ငန်းပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ကြောင်း အလားတူ တခြားဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ တို့ကလည်း ပြန်လည်ထူထောင်ရေးကော်မီတီများနှင့် ပူးပေါင်းဆောင်ရွက် မှသာ လုပ် ငန်းအောင်မြင် မှာဖြစ်ပြီး ပြည် သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မှာဖြစ်ကြောင်း ပြောသည်။
ခရိုင် ရဲမှူး က ဒေသအတွင်း မော်တော်ဆိုင်ကယ် စီးသူ ဦးရေ များပြားလာသည်ဖြစ်ရာ ယာဉ်စည်းကမ်း လိုက်နာသည့် အနေဖြင့် ဆိုင်ကယ် ဦးထုပ် ဆောင်းပေးခြင်း အားဖြင့် ဆိုင်ကယ်တိုက်မှူ ပပျောက်ရေး ကူညီကြဖို့ တိုက်တွန်း ထားသည်။
မြို့နယ်ပညာရေးမှူးက လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပညာရေးဌာနကနေ သစ်ပင်စိုက်ရတာဟာ သစ်ပင်စိုက်နေ့နဲ့ တိုက်ဆိုင်သောကြောင့် စိုက်ရခြင်းဖြစ်ကြောင်း ယင်းအတွက် နားလည်ပေးကြရန် နှင့် ၁၀ တန်းအောင်ချက် ရာနှုန်း မြှင်တင်ဖို့ရာမှာ ၉ တန်း ၁၀ တန်းအဆင့်ကနေ တာဝန်ယူဖို့မဟုတ်ကြောင်း အောက်ခြေ သူငယ်တန်း ဆင့်ကနေ စတင် လုပ်ဆောင်ရမှာဖြစ်ကြောင်းအနာဂါတ်အတွက် ကလေးများ ကျောင်းပညာမသင်မနေရစနစ်ကို အကောင်အ ထည် ဖော်မှာ ဖြစ်ကြောင်းပြောသည်။
ကျန်းမာရေးဌာနမှ တာဝန်ရှိတဦးကလည်း လုပ်ငန်းရှင်းလင်းမှုပြုရာမှာ အထူးသဖြင့် ကျေးလက်ဒေသ ချင်းပြည်သူများဟာ ကျန်းမာရေးအသိပညာပေးဟောပြောမှုတွေကို စိတ်မဝင်စားကြကြောင်း ၅ နှစ်အောက်ကလေး၊ ထိခိုက်ဒါဏ်ရာရရှိသူတွေ အတွက် ၁၀၀ မှာ ၆၀ ကို အခမဲ့ကုသခဲ့ကြောင်း လုပ်ငန်းကို ကျေးလက်ဒေသ ကျန်းမာရေး ၀န်ထမ်း၊ အုပ်ချုပ်ရေးအဖွဲ့ ရှေ့မှောက်တွင် ပေးခဲ့ကြောင်း ကလေးသူငယ်များ ဖက်စုံဖွံ့ဖြိုးရေးအတွက် ယူနီအက်ဖ် ဟာ အလုပ်လုပ်နေသည့် နည်းတူ ကျန်းမာရေး ကဏ္ဍကို ကိုယ့်ဒေသ၊ ကိုယ့်လူအားဖြင့် အောက်ခြေကနေ စတင်နေတာဖြစ်ကြောင်း ပြောသည်။
မြို့နယ်အဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကော်မီတီမှ တာဝန်ရှိကလည်း ဒေသအတွင်း သောက်သုံးရေ၊ လျှပ်စစ်မီး၊ ချောင်းတံတား၊ ကျန်းမာရေး၊ ပညာရေး အကူအညီ ရရှိရေး လျှောက်ထားရာတွင် တိကျမှန်ကန်စွာ လျှောက်ထားရန် တိုက်တွန်းသည်။
ပြည်သူလူထုဖက်မှ မေးမြန်းတင်ပြရာတွင် ဦးထုပ်မပါ၊ အရက်မူးပြီး ဆိုင်ကယ်မောင်းသူကို ထိရောက်စွာ အရေးယူပေးရေး၊ လုပ်ငန်းစီမံချက်များအတွက် ဒေသခံ ကန်ထရိုက် တာများကိုသာ လုပ်ကိုင်စေရန်၊ လူဆိုးသူခိုး အရေးယူဖော်ထုတ်ပေးရေး၊ OB အရက်တရားဝင်တားဆီးပေးရေးတို့ကို တင်ပြဆွေးနွေး ခဲ့ကြသည်။ ထို့အပြင် သစ်မာ တင်ဆောင်ခွင့် ပိတ်ပင်သည့် အပေါ် ရှင်းလင်းပေးရန် တင်ပြကြသည်။
တာဝန်ရှိများဖက်မှ တုံ့ပြန်ရှင်းလင်းရာတွင် လုပ်ငန်းကန်ထရိုက်နှင့် ပတ်သက်ပြီး လုပ်ငန်းကျွမ်းကျင် သူဒေသခံ နည်းပါးခြင်း၊ တောင်းဆိုသည့် စျေးနှုန်းနိမ့်လွန်းခြင်းတို့ကြောင်း တခြားဒေသခံ ပုဂ္ဂိုလ်များကို လုပ်ခွင့်ပြုခြင်းဖြစ်ကြောင်း၊ အိုဘီအရက်ဟာ လိုင်စင်မဲ့ဖြစ်သည့်အတွက် အရေးယူခွင့်ရှိကြောင်း ၊ သစ်မာကိစ္စဟာ ပြည်နယ် ၀န်ကြိး ချုပ်နှင့် ဆွေးနွေး ပြီး ဖြစ်သ လို တအိမ်လျှင် ၁၀ တန် နှုန်း သယ်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။