ဆေးရုံ လူနာ ကုတင် မဆန့်အောင် တုပ်ကွေးရောဂါ အဖြစ်များ

ဆေးရုံ လူနာ ကုတင် မဆန့်အောင် တုပ်ကွေးရောဂါ အဖြစ်များ
by -
ခိုနူမ်းထုန်

မိုးရာသီအတွင်း ဖြစ်ပွားလေ့ရှိသည့် တုပ်ကွေးရောဂါကြောင့် ယခုတလော စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူ့ဆေးရုံ အထူးကု ဆေးခန်းတွင်လူနာ ကုတင် မဆန့်ဖြစ်နေကြောင်း သိရသည်။

” နေ့စဉ် လူနာ အယောက် ၂၀ လောက် ရောက်လာတယ်။   အထူးသဖြင့် ကလေး သူငယ် တွေများတယ်” ဟု သူနာပြုဆရာမ တဦးက ပြောသည်။

ဆေးဝါးမလုံလောက်မှုကြောင့် ရောဂါ ကူးစက်မှု မြန်ဆန်ပြီး အထူးသဖြင့် ၁၀ နှစ်အောက်ကလေးလူငယ်တွေမှာ ဖြစ်ပွား ကြောင်း ကလေးလူနာ ၆ ဦး သေဆုံးပြီဖြစ်ကြောင်း သိရသည်။

” ရောဂါဖြစ်ပွားမှုနှုန်းဟာ ယခင်နှစ်တွေထက် ပိုမိုများပြားတာတော့ အမှန်ပဲ၊ အထူးသဖြင့် နယ်က လာတဲ့ ကလေးလူ နာ တွေ များတယ်” ဟု ဆက်ပြောသည်။

ချင်းပြည်နယ်တွင် အထူးသဖြင့် စစ်ကိုင်းတိုင်းကလေးမြို့အပါအဝင် ချင်းပြည်နယ်တခုလုံးတွင် မိုးရာသီ၌ ကလေး သူငယ် များ တုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိကြောင်း သို့သော် ရောဂါမကျရောက်ခင် သက်ဆိုင်ရာက ကြိုတင်ကာကွယ်ရေး လုပ် ဆောင်မှု မရှိသလောက်ဖြစ်သည်ဟု ပြောကြသည်။

ပြည်သူ့ဆေးရုံအပြင် ကလေး – တာဟန်းရှိ အပြင်ဆေးခန်းများတွင်လည်း တုပ်ကွေးရောဂါ လာရောက်ကုသသူ ကလေး လူနာ များပြားနေကြောင်းလည်း သိရသည်။

Most read this week