ချင်းပြည်နယ်အထက်တန်းကျောင်းတိုင်းတွင် ကွန်ပျုတာ တပ်ဆင်တော့မည်

ချင်းပြည်နယ်အထက်တန်းကျောင်းတိုင်းတွင် ကွန်ပျုတာ တပ်ဆင်တော့မည်
by -
ခိုနူမ်းထုန်

ဒိန်းမတ်အစိုးရမှ ချင်းပြည်နယ်ရှိ အစိုးရအထက်တန်းကျောင်းတိုင်းတွင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်ရန် တရားဝင် လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် နှင့် စီအဲန်အက်ဖ် ပါတီအထွေထွေ အတွင်းရေးမှူးချုပ် (၃) ဒေါက်တာရွှေခါးတို့မှ ဘန်ကောက်မြို့တွင် နှစ်ဖက်လက်မှတ်ထိုး လိုက်ခြင်းဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော်နိုင်မည်ဟု သိရသည်။

တန်ဖိုးအားဖြင့် ဒိန်းမတ် ငွေ Cr. 5000000 ( USD 800000) ထောက်ပ့ံမည်ဖြစ်ပြီး အစိုးရနှင့် စီအဲန်အက်ဖ် အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း စီအဲန်အက်ဖ်၏ လူထုတွေ့ဆုံပွဲ အတွက်လည်း ပါ၀င် မည်ဖြစ်သည်ဟု ဒေါက်တာရွှေခါးက ပြောသည်။

“အထက်တန်းကျောင်းတန်း ၁၅ ဦးမှာ ကွန်ပျူတာ တလုံးကျစီ အသုံးပြုနိုင်ဖို့ ခန့်မှန်းထားပါတယ်၊ ၈ တန်းကနေ ၁၀ တန်းအထိ ကွန်ပြူတာ သင်ပြနိုင်မယ့်ဆရာတွေရှိပေမဲ့ ကွန်ပြူတာ အင်တာနက်မရှိဘူးပေါ့၊ အဲဒါတွေအတွက် တပ်ဆင်နိုင် ဖို့ကြိုးစားထားတာပါ” ဟု ပြောသည်။

ထို့အပြင် လျှပ်စစ်မီးအားနည်းချက်ကြောင့် လိုအပ်သော Generator, ဓါတ်ဆီများကိုလည်း တနေ့ ၄ နာရီစာအလုံအ လောက်ပ့ံပိုးသွားကြ မှာဖြစ်သည်ဟု ကြားသိရသည်။

ချင်းပြည်နယ်ရှိအထက်တန်းကျောင်း ၃၀ တွင် တပ်ဆင်သွားကြမှာဖြစ်ကြောင်း ယခုနှစ်အတွင်း ဖွင့်လှစ်ထား သည့် အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲများ မပါ၀င်သေးကြောင်း ထပ်မံသိရသည်။

“ အထူးအထူးကို ၀မ်းသာတယ်ဗျာ၊ သင်စရာမြင်စရာ စာအုပ်စာပေတွေ မရှိတဲ့ ချင်းပြည်နယ်အထက်တန်း ကျောင်းတွေမှာ အင်တာနက်တွေတပ်ဆင်နိုင်ယင် ကျောင်းဆရာက အစ ကျောင်းသားတွေလည်း အသိပညာဗဟုသုတတွေ တိုးပွားလာ မှာပေါ့” ဟု လိုင်လင်းပီအထက်တန်းကျောင်းဆရာ တဦးက ပြောသည်။

ကွန်ပျူတာ အင်တာနက် ထိန်းသိမ်းရေးအတွက် စီမံခန့်ခွဲရေး ကော်မီတီကို ချင်းပြည်နယ်အစိုးရမှ တဦး စီအဲန်အက်ဖ် လိုင်စင်ရုံးမှ တဦး၊ ကျောင်းဆရာများမှ တဦး၊ ကျောင်းသားမိဘများဖက်မှ တဦး၊ ရပ်မိရပ်ဖမှ တဦး  စသဖြင့် ဖွဲ့စည်းသွား မည်ဖြစ်သည်ဟု သိရသည်။

Most read this week