အစိုးရ ၀န်ထမ်းအလုပ်ရရှိဖို့ ကျပ်ငွေ ၅ သိန်းလိုအပ်

အစိုးရ ၀န်ထမ်းအလုပ်ရရှိဖို့ ကျပ်ငွေ ၅ သိန်းလိုအပ်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်အစိုးရ အထွေထွေအုပ်ချုပ်ရေးရုံးက ရုံးဝန်ထမ်း ၁၅ ဦးခန့်အတွက် အလုပ်ခေါ်ယူ ထားရာ ဦးရေ ၂၀၀ ကျော် လျှောက်လွှာတင်ထား ပြီး အလုပ်ရရှိဖို့ ကျပ်ငွေ ၅ သိန်းလိုအပ်သည် ဟု ပြောကြသည်။

“ ကျတော်အလုပ်လျှောက်ထားတယ်၊ ပြည်နယ်ထွေအုပ်ရုံးမှာပေါ့၊ ဒါပေမဲ့ ၅ သိန်းလိုအပ်တယ်၊ နိုင်ငံခြားက ညီအကို တွေ ကို ပိုက်ဆံ မှာတာ မရဘူး၊ ဒါပေမဲ့ အင်တာဗျူးတော့ လုပ်ထားပါတယ်” ဟု ဘွဲ့ရလူငယ်တဦးက ပြောသည်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က စပြီး သက်ဆိုင်ရာက အငယ်တန်းစာရေး၊ ရုံးအကူ နှင့် ယာဉ်မောင်းနေရာများအတွက် လျှောက်လွှာခေါ်ယူ ထားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၂ သြဂုတ်အထိ အလုပ်လျှောက်လွှာတင်ထားသူ ၂၀၀ ကျော် ရှိသည်ဟု ဒေသထုတ် Hakha post တွင်လည်းဖော်ပြ ထားသည်။

ယခုကဲ့သို့ ၀န်ထမ်းနေရာခေါ်ယူရခြင်းမှာ ဌာနအတွင်း အထက်တန်းစာရေး ( B C) , စာရေးကြီး ( UD) နေရာများတွင် အငယ်တန်းစာရေးများအား ရာထူးတိုးမြှင့်မှာဖြစ်ပြီး အဆိုပါ လစ်လပ်နေရာ များအတွက် ခေါ်ယူ ထားခြင်းဖြစ်ကြောင်း သိရ သည်။

“ BC က ၅ နေရာ၊ UD က ရ နေရာတွေမှာ အဆင့်လိုက် ရာထူးတိုးမှာဖြစ်တယ်၊ယာဉ်မောင်း ၃ ဦး အပါအဝင်ပေါ့၊  ရာထူး တိုးပြီးတဲ့ LD နေရာတွေ အတွက် ခေါ်ယူတာဖြစ်တယ်” ဟု အလုပ်လျှောက် ထားသူ တဦးက ပြောကြောင်း ဆက် လက် ဖော်ပြသည်။

၀န်ထမ်းရွေးချယ်ရေးတာဝန်ရှိများသည်  LD အတွက် ကြိုတင်လုပ်အားပေးနေသူများကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်တွင် လည်းကောင်း BC အတွက် လျှောက်ထားသူများကို သြဂုတ်လ ၂၂ ရက်တွင် ၄င်း အင်တာဗျူးလုပ်ထားပြီးဖြစ်သည်။

“LD နေရာနဲ့ ယာဉ်မောင်းနေရာအတွက် ပြင်ပကနေ လျှောက်ထားသူတွေကို ဘယ်တော့ အင်တာဗျူးလုပ်မယ်ဆိုတာ မသိရသေးဘူး” ဟု သက်ဆိုင်သူတဦးကပြောသည်။

အသက်သတ်မှတ်ချက်မှာ UD နေရာအတွက် ဘွဲ့ရအဆင့် ( စက်တင်ဘာလ ၁ ရက်အထိ အသက် ၂၅ နှစ် မကျော် လွန်သူ )၊ LD နေရာအတွက် ၁၀ တန်းအောင် ( စက်တင်ဘာ ၁ ရက်အထိ အသက် ၃၀ မကျော်လွန်သူ) ယာဉ်မောင်း အတွက် အလယ်တန်းအဆင့် ( စက်တင်ဘာ ၁ ရက်အထိ အသက် ၂၅ နှစ် မကျော်လွန်သူ)ဖြစ်ရမည်ဟု သတ်မှတ်ထား သည်။

Most read this week