ချင်းပြည်နယ်အတွင်း ဘိန်းအများဆုံးစိုက်ပျိုးသည့် တွန်းဇံမြို့နယ်တွင် ဘိန်းအစားထိုးစိုက် ပျိုးရေးဖော်ဆောင်ဖို့ ပြည်နယ် အစိုးရက ငွေထုတ်ချေးမှု အစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကနေ စာရင်းကောက်နေကြောင်း သိရသည်။
“ အစိုးရက ယခုလို စီစဉ်ပေးတာ အထူးကျေးဇူးတင်တယ်” ဟု ဒေသခံလူကြီးတဦးက ပြောသည်။
၁. ၅ ကျပ်အတိုးနှုန်းဖြင့် ထုတ်ချေးမယ်ဖြစ်ပြီး ချေးငွေကို ရ နှစ်အတွင်း အကျေပြန်ဆပ် ရန်ဖြစ်ကြောင်း၊ ယနေ့အထိ စာ ရင်းပေးသူ အနည်းဆုံး ၄၀၀၀ ခန့်ရှိနေပြီး တွန်းဇံမြို့ပေါ်တွင် ဘိန်းစိုက်ပျိုးသူ အယောက် ၅၀ ဦးခန့်ရှိကြောင်း သိရ သည်။
“ ချေးငွေထုတ်ပေးမည့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး၊ ယနေ့အထိတော့ စာရင်းပေးနေ ကြတယ်” ဟု မျက် မြင် တ ဦးက ပြောသည်။
အလားတူ ပြည်နယ်အစိုးရသည် ၀ါးဥ တဧက ကျပ်ငွေ ရ သိန်း၊ မြောက်ငိုခင်း (Zawngtah) ခင်းအတွက် တဧက ကျပ်ငွေ ၄ သိန်းနှုန်းဖြင့် ထုတ်ချေးဖို့ စာရင်းကောက်နေကြောင်းလည်း ထပ်မံ သိရသည်။
“ အဲဒါတွေသာ တခါတည်း အစီအစဉ်ရှိရှိနဲ့ အမြန်ဆုံးအကောင်အထည်ဖော်သင့်တယ်” ဟု ကျေး လက်ဒေသခံ တဦး က ပြောသည်။
လက်ရှိ ၀ါးဥ၏ ကာလပေါက်စျေးမှာ အစို တပိသာ ကျပ်ငွေ ၃၀၀၊ အခြောက် တပိသာ ၁၀၀၀ ရှိပြီးမြောက် ငိုသီး ပေါက်စျေး မှာ အပင်ကြီးပြီး အသီးကောင်း လျှင်တပင် ကျပ်ငွေ ၁၀၀၀၀- ၁၅၀၀၀ ဖြင့် စျေးဖြတ် ကြကြောင်း၊ အသီးအားဖြင့် တပိသာလျှင် ကျပ်ငွေ ၁၀၀၀ ရှိကြောင်း သိရသည်။ ပြည်နယ်အစိုးရ သည် ဒေသခံလူထုထံ ယခုကဲ့သို့ ချေးငွေထုတ်ချေးရေး အစီအစဉ်ပြု လုပ်နေသော်လည်း အသေးစိပ်ကို ရှင်းလင်းချပြခြင်း မရှိသေးကြောင်း သိရသည်