သူပုန်တဦးက ချင်းအမျိုးသမီးသတ်ဖြတ်မှု လူထုရှင်းလင်းပွဲပြုလုပ်

သူပုန်တဦးက ချင်းအမျိုးသမီးသတ်ဖြတ်မှု လူထုရှင်းလင်းပွဲပြုလုပ်
by -
ခိုနူမ်းထုန်

ပြီးခဲ့တဲ့ဇွန် ၁၈ ရက်နေ့တွင် အိန္ဒိယ လူမျိုးစု လက်နက်ကိုင် တဦးဖြစ်သူ မိုးသူ (မြန်မာနာမည်) ဆိုသူက ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်ခွါ ဇာတိ လက်ရှိ စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းတွင်နေ ထိုင်သူ ကလေး (၅) ဦး မိခင် Pi Ting Iang (39) အပေါ် သတ်ဖြတ်မှု ကျုးလွန် စဉ် ဒေါ် ကျင်ငိုက်မန် (မိငယ်)က ၄င်း၏ အမြင်ကို ၂၁ သြဂုတ်လ ၂၀၁၂ နံနက် ၉းဝဝ နာရီ မှ ၁၂းဝဝ နာရီအထိ လူထု ၈၀ ထံ ရှင်းလင်းမှုပြုလုပ်လိုက် သည်ဟု သိရသည်။

မျက်မြင်ဖြစ်သူ မိငယ်၏ ရှင်းလင်းမှုကို ကလေးမြို့ Shin Hong Hotel တွင် အထက် ချင်းတွင်း လူငယ်အဖွဲ့က ဦးဆောင်ပြီး စစ်ကိုင်းတိုင်း တမူး၊ ခမ်းပတ်၊ ကလေးဝ၊ မင်းကင်း၊ ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ်မှ ဒေသခံများ၊ ကလေးမြို့ရှိ လူမှုအသင်းအဖွဲ့များ၊ ကျောင်းသားခေါင်းဆောင်း များ၊ I L O နဲ့ NLD ခေါင်းဆောင်များ ပါ၀င်တက်ရောက်သည်ဟု သိရ သည်။

မိငယ်သည် Moetu, Ting Iang တို့နဲ့အတူ မန္တလေး ကနေ ကလေးမြို့ကို အလာ မုံရွာ မဝင်ခင် လမ်းမှာ Moetu က ကားကို ရပ်ခိုင်းပြီး သေဆုံးသူ ကို တောထဲ ဆွဲခေါ်သွားကာ သတ်လိုက်ကြောင်း ယင်းကိစ္စကို  ဘယ်သူမှ မပြောဘို့၊ တကယ်လို့ ပြောယင် မိသားစုအားလုံးကို သတ်ပစ် မှာ ဖြစ်ကြောင်း ချင်းတွေအား လုံးကို သတ်ပစ်ဖို့ လက်နက်တွေ ရှိကြောင်း စစ်ကိုင်းတိုင်း အစိုးရကိုလည်း ဂရုမစိုက်ကြောင်း  မိငယ်က ရှင်းလင်းပြောပြ သည် ဟု သိရသည်။

မိငယ်သည် ယင်းအမှုကို ကလေးအကျဉ်းထောင်သို့ သွားရောက် သတင်းပို့သော်လည်း  ရဲအရာရှိ စိုးအောင်ကိုယ်တိုင်က တရားခံ မိုးသူကို မဖမ်းဆီး သည့်အပြင် ပုန်းရှောင်ခိုင်းကြောင်း သိရသည်။

သေဆုံးသူ အလောင်းကို နေပြည်တော်မှ တာဝန်ရှိများက လာရောက်သယ်ဆောင်ပြီး ဇူလိုင် ၂ ရက်နေ့တွင် သင်္ဂြိုလ် လိုက် ကြောင်း ဒေသခံ တဦး က ပြောသည်။

Moetu သည် Pi Ting Iang  (ကုန်သည်) အား အဘယ်ကြောင့် သတ်ဖြတ်ကြောင်း အသေးစိပ် မသိရသော်လည်း ငွေကြေးကိစ္စနဲ့ ပါတ်သက်ဘွယ်ရှိ သည်ဟု ချင်းသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ရှင်းလင်းပွဲတွင် NLD မှ ဦး ကျော်တင့်လွင် က ယခုတလော အထက်ချင်းတွင်းဒေသမှာ တိုင်းတပါးသား ကသဲတွေ လက်နက်တွေခိုးသွင်းပြီး လူသတ်မှုတွေကျုးလွန်နေတာက ရခိုင်နဲ့ ဘင်္ဂလီ ရိုဟင်ဂျာဖြစ်ရပ်နဲ့ တူတယ်၊ ဒီကိစ္စက ချင်းနဲ့ ဗမာ လက်တွဲပြီး ဖြေရှင်းသင့်ကြောင်း ပြော သည်။

ZNC မှ တာဝန်ရှိတဦးကလည်း လက်ရှိ အထက်ချင်းတွင်းဒေသမှ ကသဲတွေ နှစ်သောင်းလောက်နေ ထိုင်ကြောင်း သူတို့ဟာ တွန်းဇံမြို့နယ် အတွင်း မှာ ဘိန်းတွေစိုက်ကြကြောင်း ဘိန်းကြောင်း လူငယ်တွေ ပျက်စီးကြကြောင်း အစိုးရနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်နေကြကြောင်း ပြောသည်။

ဆက်လက်ပြီး တာဟန်းလူငယ်ခေါင်းဆောင်ကလည်း မိမိတို့သည် ယင်းအမှုကို စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ပူး နိုးထန်ကပ်နှင့် ဦးခင်မောင်သန်းဆီမှာ တင်ပြထားသော်လည်း တစုံတရာ ထူးခြားမှုမရှိကြောင်း ပြောသည်။

ရှင်းလင်းပွဲတွင် ပါ၀င်သူအားလုံးက အလားတူ ထပ်ဖြစ်ပါက ကွန်ယက်ချိတ်ဆက်ပြီး ပူးပေါင်းကိုင် တွယ်ဖို့ သဘောတူကြ ကြောင်း၊ ရှင်းလင်းမှုကို နေ့ လယ် ၁၂းဝဝနာရီခန့်တွင်ပြီးဆုံးကြောင်း သတင်း ရရှိသည်။

ချင်းပြည်နယ် အထက်ပိုင်း တီးတိန်နှင့် တွန်းဇံမြို ့နယ်အပြင် စစ်ကိုင်းတိုင်း ကလေးမြို ့နယ်များတွင် အိန္ဒိယအရှေ ့မြောက်ဘက် Manipur ပြည်နယ်မှ လက်နက်ကိုင် သူပုန်များဖြစ်ကြသည့် Peoples Liberation Army (PLA) နှင့် United National Liberation Front (UNLF) အဖွဲ ့ဝင်များ သည် ဒေသခံအာဏာပိုင်များရဲ့ ခွင့်ပြုချက်ဖြင့် လှုပ်ရှားသွားလာခွင့်ရခဲ့ကြသည်။

Most read this week