ယခုလအတွင်း ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် အစိုးရတပ်စခန်းများ တိုးချဲ့လာနေကြောင်း သတင်း ရရှိသည်။
ဒိုးချောင်းဝ နှင့် ခမောက်ဝရွာတွင် ခမရ ၅၆၃၊ ခဝဲနှင့် ကွမ်းချောင်းဝရွာတွင် ခမရ ၃၄၄ နှင့် နောက်ထပ် ရင်းနှစ်ခု ထပ်တိုးချဲ့မှာဖြစ်ကြောင်း သိရသည်။
“တပ်စခန်းဟောင်းတွေရှိတဲ့ မရိတ်ဝနှင့် ရှင်းလက်ဝ တွင် ခမရ ၅၅ တပ်အင်အား ထပ်ဖြည့်လာတယ်၊ အကြောင်းရင်းတော့ မသိပါ ” ဟု ဒေသခံ တဦးက ပြောသည်။
သို့သော် တချို့ဒေသခံများကမူ နယ်မြေလုံခြံုရေးအတွက် ဖြစ်နိုင်ကြောင်း အဓိက ရခိုင်နှင့် ရိုဟင်ဂျာ ကုလား ပြသနာ ကြောင့် ယခုလို လုံခြုံရေး အတွက် တိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း ဝေဖန်ပြော ဆိုကြသည်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ပလက်ဝမြို့နယ် အထက်ပိုင်း ကုလားချောင်းပေါ်ရှိ ပကာဝ ရွာနှင့် မွေလိုက်ဝရွာ အနီး တွင် လက်နက်ကိုင် ရိုဟင်ဂျာ (၇) ဦးအား ဒေသခံ ရခိုင်လူမျိုးတွေက တွေ့ရှိသဖြင့် နယ်မြေခံ စစ်တပ်ထံ တိုင်ကြားခဲ့ရာ နယ်မြေခံ လုံခြုံရေးစစ်တပ်က ရှာဖွေနေကြောင်း ခူမီး သတင်း ဝေ့ဆိုက်တွင်ဖော်ပြထားသည်။
အဆိုပါ တပ်ရင်းတွေကို ဗျူဟာမှူး နှစ်ဦးက ဦးဆောင်ကြောင်း ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်သည် တပ်စခန်း အများဆုံးရှိသည့် နေရာဖြစ်ကြောင်း သိရသည်။
ပလက်ဝနယ်သည် ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် စီအဲန်အက်ဖ် နှင့် အေအယ်လ်ပီတို့ လှုပ်ရှားရာ နေ ရာဖြစ်သည်။
“ ဒါက ကျတော်တို့ စီအဲန်အက်ဖ် နဲ့ အေအယ်လ်ပီ လက်နက်ကိုင်တွေနဲ့ တိုက်ရိုက်မပါတ် သက်နိုင်ဘူးလို့ ထင်ပါတယ်” ဟု စီအဲန်အေ စစ်ရုံးချုပ်မှ အရာရှိငယ်တဦးက ပြောသည်။
လက်ရှိချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် ချင်းအမျိုးတပ်ဦးမှ ပလက်ဝမြို့ နယ်အတွင်း တပ်စခန်းထားရှိရေးနှင့် ပါတ်သက်ပြီး သဘောတူညီမှု မရသေးကြောင်း ထပ်မံသိရသည်။