လက်ပံချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းဆရာ ၅ ဦး ဖြုတ်ချခံရ

လက်ပံချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းဆရာ ၅ ဦး ဖြုတ်ချခံရ
by -
ခိုနူမ်းထုန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ပူး သောန်လွေအာ က အထက (ခွဲ) လက်ပံချောင်း ကျောင်း ရွာငှားကျောင်းဆရာ (၅) ဦးကို ပြီးခဲ့သော ဂျွန်လက ၄င်းတို ့အလုပ်မှ ဖြုတ်ချလိုက်သည်ဟု သိရသည်။

“ ဟုတ်တယ်. အထက်တန်းပြ ၃ ဦး၊ လယ်ပြ ၁ ဦးနဲ့ မူပြ တဦးကို ဖြုတ်ချလိုက်တာ။ သူတို့တွေက ကျောင်းသား မိဘအသင်းနဲ့ ကျောင်းကော်မတီ က လက်ပံချောင်းကျောင်း ရဲ့အခြေအနေကို ကြည့်ပြီးတော့ ငှားထားတာ ဖြစ်တယ်။ အရင်နှစ်တွေကလည်း ဒီလိုပဲ ငှားလာခဲ့တာလေ။ ဒီနှစ် သူ ဥက္ကဌလုပ်တဲ့နှစ်မှာ အာဏာကို အသုံးချပြီး ဖြုတ်ချလိုက် တယ်။ ဖြုတ်ချတဲ့အကြောင်းရင်းက သူ့လူ တစ်ဦး ထည့်ချင်တာ အဆင်မပြေတော့ သူများတွေ အပေါ် လုပ်ချလိုက်တာ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ဆက်လက်ပြီးသူက “သူလုပ်သွားတာ လုံးဝမတရားဘူး။ ဥက္ကဌက ကျောင်းကော်မတီမှာ Chairman ဖြစ်တယ်။ ဒီကိစ္စကိုဆွေးနွေးတုံးက ကော်မတီဝင်အားလုံး က ကျောင်းဆရာငှား ဖို့ သဘောတူကြတယ်။ Chairman က vote မရှိ၊ သူတစ်ယောက်တည်းဆိုတော့ ဘယ်လိုမှ သူ မနိုင်နိုင်ဘူး။ အဲတော့ ကျောင်းကော်မီတီနဲ့ ကျောင်းသား မိဘ အသင်းကို ကျော် လွန်ပြီးတော့ သူ့အာဏာကို သုံးလိုက်တယ်။ သူ့လုပ်ရပ်က လုံးဝကိုမတရားတာ” ဟု ပြောသည်။

ဖြုတ်ချခံရသည့် ကျောင်းဆရာ/မ များမှာ အထက်တန်းပြ ဆရာ ပါမန်း၊ ဆရာ ဧမာနူအဲလ် နှင့် ဆရာမ ဒေါ် ထားရင်၊ အလယ်တန်းပြ ဆရာမ နွယ်နွယ်ဦးနှင့် မူလတန်းပြ ဆရာ ဇေယျာလင်း တို့ဖြစ်ပြီး ၄င်းဆရာ/မ များက ကျောင်းသာများ အပေါ် စေတနာ ထားသောအနေဖြင့် လစာမယူပဲ စာသင်ပေးရန်ပြောသော်လည်း ဥက္ကဌက လက်မ ခံကြောင်း၊ ယခုလက်ရှိတွင် အစိုးရခန့် အထက်တန်းပြဆရာ ၃ ဦး သင်တန်း တက်သောကြောင့် ဆရာ/မ အင်အား မလုံလောက်ဖြစ်နေ သည်ဟုလည်း သိရသည်။

လက်ပံချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ပူ သောန်လွေအာ သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် နယ်၊ ကျန်ဖိုင်းမြို့တွင် မွေးဖွာသူဖြစ်ပြီး မြန်မာစစ်သားအဖြစ် (၁၀) နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ ဖူးသူဖြစ်ကြောင်း ဆွေမျိုးများထံမှ ကြားသိရသည်။

၂၀၁၁ ခုနှစ် လက်ပံချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံ သူဖြစ်သည်။ သူ့ရာဇဝင်သိသူများက ဖွဲ့စည်းပုံအရ နိုင်ငံခြားသားက အုပ်ချုပ်ရေးမှူးလုပ်ရန် မဖြစ် နိုင်ကြောင်းများကို မြို့နယ်နှင့် ခရိုင်တာဝန်ရှိသူများထံ နှစ်ကြိမ်သုံးကြိမ် စာရေး တင်ပြသော်လည်း ပြည်ခိုင်ဖြိုးလူဖြစ်သဖြင့် လူကြီးများက ကာကွယ်ပေးထား ပြီး ပြည်သူလူ ထုတောင်းဆိုချက်ကို အရေးမယူပေးနိုင်ကြောင်း ဒေသခံလူကြီး တစ်ဦးက ပြောသည်။

Most read this week