ပလက်ဝမြို ့တွင်လျှပ်စစ်မီးရရှိသည့် အချိန်တိုးပေးရန်် နိုင်ငံတော်သမ္မတထံ လက်မှတ် ထိုး ပေးပို ့

ပလက်ဝမြို ့တွင်လျှပ်စစ်မီးရရှိသည့် အချိန်တိုးပေးရန်် နိုင်ငံတော်သမ္မတထံ လက်မှတ် ထိုး ပေးပို ့
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို ့တွင် တနေ ့ (၃)နာရီအတွင်း ပုံမှန် လျှပ်စစ်မီး ရရှိရေး အတွက် ဒေသခံလူထု (၂၇၉) များမှလက် မှတ်ရေးထိုးကြပြီး နိုင်ငံတော် သမ္မတ ဦး သိန်းစိန် ထံပေးပို ့ကြောင်းသိရသည်။

လျှပ်စစ်မီး တနေ ့လျင် တစ်နာရီခွဲသာ ရရှိကြောင်း၊ ယင်းသို ့တစ်နာရီခွဲမျှသာ လျှပ်စစ် ဖြန် ့ ဖြူးရေးဌာနမှ ဖြန် ့ဖြူးပေးသော လျှပ်စစ်မီးသည် မည်သည့် ကဏ္ဍတွင်ပင် အသုံးပြု၍ လုံ လောက်ခြင်းမရှိကြောင်း Khumi Media Group facebook တွင်ဖေါ်ပြထားသည်။

မနေ ့က Khumi Media Group facebook တွင် အဆိုးစွန်ဆုံးအနေဖြင့် ဖျော်ဖြေရေးကဏ္ဍဖြစ် သည့် တီဗွီကြည့်ရန်ပင် အဆင်မပြေနိုင်ကြောင်း၊ ယင်းအပေါ် ဒေသခံလူထုများ မကြေမနပ်ဖြစ်နေ ကြကြောင်း ဖေါ်ပြထားသည်။

ယင်းအခြေအနေများကို ဖြေရှင်းပေးနိုင်ရန်နှင့် တနေ ့လျင်အနည်းဆုံး (၃)နာရီခန် ့ လျှပ်စစ််မီး ရရှိ ရေးအတွက် ဒေသခံ လူထုများစုစည်း၍ လက်မှတ် ထိုးကြခြင်းဖြစ်ကြောင်း၊ ယင်းသို ့လက်မှတ်ထိုး ခဲ့သည့်စာကို ဇူလိုင်လ (၁၈)နေ ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်ထံပေးပို ့ခဲ့ကြောင်း  သိရသည်။

၄င်းစာကို ချင်းပြည်နယ်အစိုးရအဖွဲ ့၊ ၀န်ကြီးချုပ် ဦးဟုန်းငိုင်နှင့် နေပြည်တော်ရှိ အမှတ် (၂) လျှပ်စစ်ဓါတ် အားဖြန် ့ဖြူးရေးဝန်ကြီးဌာနတို ့ကို လိပ် မူပြီး ပေးပို ့ခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် ချင်းပြညနယ်သည် လမ်းပန်းဆက်သွယ်ရေးအခက်ခဲဆုံးပြည်နယ် ဖြစ်သည်နှင့်အညီ စားဝတ်နေရေးနှင့် လျှပ်စစ်မီးရရှိမှု အညံ့ဆုံးဖြစ်သည်။

၂၀၁၁ခုနှစ် United Nations Development Programme (UNDP) ကပြုလုပ်သည့် စစ်တမ်းအရ မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် (၁၄)ခုရှိ သည့်အနက် ချင်းပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ် ဖြစ်ကြောင်း ဖေါ်ပြထားသည်။ ၄င်းစစ်တမ်းအရ ချင်းပြည်နယ်၏ ဆင်းရဲမွဲတေမှုနှုန်းသည် ရ၃.၃ ရာခိုင်နှုန်းရှိကြောင်း ဖေါ်ပြထားသည်။

ထို ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်၊ ဥက္ကဌလည်းဖြစ်၊ ရန်ကုန်တိုင်း ကော့မှူးမြို ့နယ် ပြည်သူ ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမအကြိမ်ပြည်သူ ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ ့တွင် ချင်းပြည်နယ်၏ ဆင်းရဲမွဲတေမှုနှုန်းသည် အာရှဖွံ ့ဖြိုးရေး ရဲ ့ ကိန်းဂဏန်းအရ ရ၃.၃ ရာခိုင်နှုန်းရှိကြောင်း ဆွေးနွေးခဲ့သည်။

Most read this week