စီအဲန်အက်ဖ်က မီဇိုရမ်ရောက်ချင်းပြည်သူများထံ လူထုတွေ့ဆုံမှူပြုလုပ်

စီအဲန်အက်ဖ်က မီဇိုရမ်ရောက်ချင်းပြည်သူများထံ လူထုတွေ့ဆုံမှူပြုလုပ်
by -
ခိုနူမ်းထုန်

ဇူလိုင် ၁၅ ရက်နေ့ စီအဲန်အက်ဖ်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုနဲ့ ပါတ်သက်ပြီး မီဇိုရမ် ပြည်ရောက် ချင်းပြည်သူ များနှင့် တွေ့ဆုံရှင်းလင်းမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

စီအဲန်အက်ဖ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ် (၁) ပူး ပေါလ်ဆီထာ နှင့် အတူ စစ် ဖက်ရေးရာ ကော်မီတီအ တွင်း ရေးမှူး ပူး ဆော်လမွန်တို့ပါ၀င်ပြီး ချင်းဘာ သာရေးခေါင်းဆောင် များနှင့် ချင်းပြည်သူစုစုပေါင်း ၆၀ ကျော် တက် ရောက် ကြောင်း သိရသည်။

“ သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ကျတော်တို့ စီအဲန်အက်ဖ်အကြား နှစ်ကြိမ်တွေ့ဆုံပြီး သဘောတူညီချက် ရထားတဲ့ အ ချက် များအပေါ် ရှင်းလင်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်” ဟု ပူးဆော်လမွန်က ပြောသည်။

စီအဲန်အက်ဖ်နှင့် ဦးသိန်းစိန်းအစိုးရတို့သည် ယခုနှစ် ဇန္နဝါရီလ တွင် ပြည်နယ်အစိုးရနှင့် တကြိမ်၊ မေလ အတွင်း ပြည် ထောင်စုအစိုးရနှင့် တကြိမ် ချင်းပြည်နယ်ဟားခါးမြို့ တွင် တွေ့ ဆုံခဲ့ကြကြောင်း သိရသည်။

“ စီအဲန်အက်ဖ်နဲ့ ပြည်ထောင်စုအစိုးရတို့ သဘောတူညီချက်တွေကို ယခု လို ချင်းပြည်သူတွေ ထံ လုပ်တာက ပွင့်လင်းမှု တခုလို့မြင်တယ်၊ တကယ့်ငြိမ်းချမ်းရေးရရှိပြီး ချင်းပြည်သူတွေ လိုချင်တဲ့ အစိုးရမျိုးဖြစ်လာတဲ့အထိ ဖြစ်လာဖို့ ကျတော် တို့ အတောင့်တဆုံးပါ” ဟု တက်ရောက်သူ တဦးက ပြောသည်။

တွေ့ဆုံးဆွေးနွေးပွဲကို နံနက် ၁၂းဝဝ နာရီမှ ညနေ ၄း ၃၀ ခန့်အထိ ပြုလုပ်ကြပြီး မီဇိုရမ်ရောက် Carson Church မှ လက်ဖက်ရည်၊ မုန့်ဖြင့် နွေးထွေးစွာ ကြိုဆိုဧည့်ခံကြကြောင်း သိရသည်။

စီအဲန်အက်ဖ်နှင့် အစိုးရတို့သည် လာမည့် စက်တင်ဘာလတွင် ပြန်လည်ဆွေးနွေး ဖွယ် ရှိကြောင်း လည်း ထပ်မံ သိရသည်။

Most read this week