မြန်မာနိုင်ငံ၊ ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို ့ပေါ် မြို ့မိမြို ့ဖ များ က လျှပ်စစ်မီး ပုံမှန်ရရှိနိုင်ရန်လူထု လက်မှတ်ရေး ထိုးပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင်လ (၃)ရက်နေ ့ က ပေး ပို ့ ခဲ့ကြောင်း သိရသည်။
“လက်မှတ်ထိုးတဲ့နေရာမှာ လူထုဘယ်လောက်ပါ၀င်တယ်ဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ အဲဒီစာ ကိုပြည်နယ် အစိုးရ၊ သက်ဆိုင်ရာခရိုင်ရုံးနှင့် နိုင်ငံတော်သမ္မတထံ လိပ်မူပြီးပေးပို ့တယ်လို ့ပြော ကြတယ်” ဟု ပခုက္ကူမြို ့ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မီတီအတွင်းရေးမှူး ဆလိုင်း ဘီဇကျိုး က ဆိုသည်။
မတူပီမြို ့ပေါ်တွင် ရပ်ကွက် (၄)ခုရှိသည့်အနက် ရပ်ကွက် (၃) ဖြစ်ကြသည့် ငလား၊ လောင်ဗန်း၊ ခွါဘွေ ရပ်ကွက် ရှိ မြို ့မိမြို ့ဖများက လျှပ်စစ်မီးပုံမှန်ရရှိနိုင်ရေးအတွက် လက်မှတ်ရေးထိုးကြပြီး ယခု ကဲ့သို ့ သမ္မတထံ ပေးပို ့ခြင်းဖြစ်ကြောင်း သိရသည်။
မတူပီမြို ့ပေါ်ရှိ ရပ်ကွက် ၃ ခုတို ့သည် ၄ ရက်အတွင်း တစ်ရက်သာ မီးရရှိနေကြကြောင်း၊ ၄င်းတို ့ ပြသနာကို အစိုးရသစ်မှ ဖြေရှင်းပေးရန် ရည်ရွယ်ကာ ယခုကဲ့သို ့ လက်မှတ်ထိုးပြီး သမ္မတထံ ပေးပို ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးပုံမှန်မရရှိသည့်အတွက် မြို ့ပေါ်လူထုအခက်တွေ ့နေရသည့်အပေါ် ဆလိုင်း ဘီဇကျိုးက ” အင်တာနက် ဆိုင်တို့ လို လုပ်ငန်းတွေ အလုပ် ပျက်ရတယ်၊ အခု ကိစ္စလည်း နွေရာသီမှာဆို ကိစ္စ သိပ်မရှိဘူး၊ ရေကြီးနေတဲ့ မိုးရာသီမှာ အဲလို ဖြစ်နေတာကို မကျေနပ်ကြတာလို ့ ပြောကြတယ်” ဟုဆိုသည်။
သူကဆက်လက်ပြီး” ကျတော်တော့ ဒီလိုလုပ်တာ ကြိုက်တယ်၊ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ် ပိုင်ခွင့်ရှိတာကို ပြသတာပါပဲ. နိုင်ငံ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောင်းလဲနေတာ အောက်ခြေ ၀န်ထမ်းတွေက မပြောင်းလဲချင်တော့ အဲလိုဘဲ အထက်ကို တိုင်ရတာ” ဟုဆိုသည်။
ထိုအပြင် ဆလိုင်း ဘီဇကျိုးက လူထုက ယခုကဲ့သို ့ ပြုလုပ်သည့်အပေါ် ထောက်ခံကြောင်း၊ လူထုအနေဖြင့် မကြောက်မရွံ ့ဘဲ ဆက်လုပ်စေလိုကြောင်း၊ မိမိတို ့ လိုအပ်သည့်ကိစ္စ ကို နိုင်ငံတော် လူကြီးတွေဆီ တင်ပြခြင်းသည် ကြောက်စရာမရှိကြောင်း တိုက်တွန်း ပြောကြား ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရက မတူပီမြို ့ပေါ်အာဏာပိုင်များထံ အချက်အလက် အသေးစိတ် တောင်းခံ လျက်ရှိကြောင်း၊ မည်သို ့မည်ပုံတောင်းခံသည်ကိုမူ မသိရသေးကြောင်း မတူပီမြို ့ပေါ်ရှိ ဒေသခံတစ်ဦးက ဆိုသည်။
မတူပီမြို ့ပေါ်တွင် စကိုဒါအင်ဂျင် ကီလိုဝပ် ၂၅၊ မတူပီအရှေ ့ဘက် ကီလိုဝပ် ၁၀၀ ရှိသည့် နမ်လောင် ရေအားလျှပ်စစ်နှင့် ကီလိုဝပ် ၁၁၀၀၀ ရှိသည့် ဘုံတလာရေအားလျှပ်စစ်ဓါတ်အား များကို အသုံးပြုခဲ့သည်။ သို ့သော် စကိုဒါအင်ဂျင် သည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလကစပြီး စက်ပိုင်းဆိုင်ရာ ချို ့ယွင်းခြင်းကြောင့် ယခုထိအသုံးမပြုနိုင်သေးကြောင်း သိရသည်။
ကီလိုဝပ် ၁၁၀၀၀ ရှိသည့် ဘုံတလာရေးအားလျှပ်စစ်ကို ဖနိုင်ကျေးရွာ၊ ခလရ- ၂၀၄ တပ်ရင်း၊ မတူပီဗျူ ဟာမှူးရုံးစိုက်ရာတပ် စခန်း၊ မတူပီစံဘောင်ရပ်ကွက်နှင့် ခလရ- ၃၀၄ တပ် စခန်းတို ့ တွင် ၂၄ နာရီလျှပ်စစ်မီး ရရှိကြပြီး ကျန်သည့် ရပ်ကွက် (၃)ခုတွင် (၄)ရက်တစ်ကြိမ်သာ လျှစ်စစ် မီး ရရှိကြသောကြောင့် မီးပုံမှန်ရရှိနိုင် ရေးအတွက် လက်မှတ်ရေးထိုးကာ သမ္မတထံပေး ပို ့ ခြင်းဖြစ်ကြောင်း သိရသည်။