နွားကုန်သည်များကို ငွေကြေးတောင်းခံသော မြန်မာစစ်သား ၂ ဦး အိန္ဒိယတပ်က ဖမ်းဆီး

နွားကုန်သည်များကို ငွေကြေးတောင်းခံသော မြန်မာစစ်သား ၂ ဦး အိန္ဒိယတပ်က ဖမ်းဆီး
by -
ခိုနူမ်းထုန်

အိန္ဒိယ-မြန်မာနယ်စပ်တွင် ချင်းလူမျိူး နွားကုန်သည်များ၏ နွားများကို ဖမ်းဆီးပြီး အဆမ တန်ငွေကြေး တောင်း ခံခဲ့သော မြန်မာစစ်သား ၂ ဦးကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် အခြေစိုက် အာသံစစ်တပ်က ဇွန်လ ၃ ရက်နေ့ က ဖမ်းဆီးခဲ့သည်ဟုသိရသည်။

အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်သို့ ရောင်းဝယ်ရန် ချင်းပြည်နယ်မှတဆင့်နွား ၆ ကောင်မောင်းလာ ကြ သော နွားကုန်သည် ၂ ဦးကို ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ် အခြေစိုက် ခလရ ၃၀၄ မှ တပ်သား မြင့်နိုင်(၃၄) နှင့် ဇော်ဦး (၃၅) တို့က ဇွန်လ ၃ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ်တွင် ဖမ်းဆီးခဲ့ပြီး နွားတ ကောင်လျင် ကျပ်ငွေ ငါးသောင်းနှုန်းဖြင့် ကျပ်ငွေ ၃ သိန်း တောင်းခံခဲ့သည်။

ထို့နောက် နွားပိုင်ရှင်များသည် မြန်မာစစ်သား ၂ ဦးက တောင်းခံသော ငွေကြေးပေးဆောင် ရန်ငွေအလုံ လောက်ပါ မလာသောကြောင့် တဖက် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ရှိ အသိများ ထံ ချေးငှားပြီးပေးဆောင် မည်ဟုပြောဆို ကာ ကျန်ဖိုင်းမြို့ကို သွားရောက်ကာ ဒေသ တွင်း အခြေစိုက် အာသံစစ်တပ်ထံ အကြောင်း ကြားပြီး အာသံစစ် တပ်က မြန်မာတပ်သား ၂ ဦးကို အေကေ ၄၇ တလက် နှင့်အတူ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ကျန်ဖိုင်းမြို့ ရဲစခန်းမှုးကပြောသည်။

“ အဲဒီစစ်သား ၂ ယောက်က မီဇိုရမ်ပြည်နယ်ဘက်ခြမ်း Ngur ကျေးရွာပိုက်နက် တောင်ယာ ခင်းတခုမှာ ဆောက် ထားတဲ့ တဲ လေးမှာ ငွေစောင့်ပြီးနေနေကြတာလေ၊ နွားကုန်သည်တွေက အိန္ဒိယစစ်သားတွေကို အကြောင်းကြားပြီး သွားဖမ်းလိုက်ကြတာပါ’’ ဟု ကျန်ဖိုင်းရဲစခန်းမှုး ကပြောသည်။

အာသံစစ်သားများက မြန်မာစစ်သား ၂ ဦးကို ကျန်ဖိုင်းမြို့ ရဲလက်ထဲသို့ အပ်နှံလိုက်ပြီး တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ အတင်းအဓမ္မငွေးကြေးကောက်ခံမှုဖြင့် ကျန်ဖိုင်းရဲများက အမှုဖွင့်ထားလိုက်ပြီး ကျန်ဖိုင်းအချူပ် ထဲတွင် ထိမ်းသိန်းထားလိုက်သည်ဟုသိရသည်။

ယခုကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်းများဘက်က ယင်းအမှုကို မြန်မာဘက်သို့ လွှဲပြောင်းပေးရန် တောင်း ဆိုနေကြသည်ဟုလည်းသိရသည်။ သို့သော်လည်း မီဇိုရမ် အာဏာပိုင်များက မည်ကဲ့သို့ ဆက်လက်လုပ်ဆောင် ကြမည်ကိုမူ မသိရသေးကြောင်း ကျန်ဖိုင်းရဲစခန်းမှုးကဆက်ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်တွင် အခြေစိုက်ထားကြသော မြန်မာစစ်သားများသည် တဖက်မီဇိုရမ် ပြည် နယ်သို့ ရောင်းဝယ်ရန် မောင်းလာကြသော နွားကုန်သည်များကို မကြာခဏ ဖမ်းလေ့ရှိပြီးအဆမတန် ငွေကြေး တောင်းခံလေ့ရှိကြသည်။

Most read this week