ချင်း NGO များ နှင့် US Consul General တွေ့ဆုံ

ချင်း NGO များ နှင့် US Consul General တွေ့ဆုံ
by -
ခိုနူမ်းထုန်

ချင်းဒုက္ခသည် (Chin Refugee) ကိစ္စများနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့ရှိ ချင်း NGO အချို့နှင့် United State Consul General, Dean R.Thampson တို့သည် ယမန်နေ့ Tourist Lodge တွင် တွေ့ ဆုံခဲ့သည်။

meeting-with-US-Consul

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မီဇိုရမ်ပြည်နယ် အတွင်း ချင်းဒုက္ခသည် (Chin Refugee) ကိစ္စမှအပ နယူဒေလီ နှင့် ချင်းပြည်နယ်အတွင်း ရှိနေဆဲဖြစ်သော ချင်းအရေး များကိုလည်း ဆွေးနွေးခဲ့ကြပြီး အမေး၊ အဖြေ အမျိုးမျိုးပြု လုပ်ခဲ့ပြီးနောက် US Consul မှ မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ ချင်းလူမျိုးများသည် အခက်အခဲ အမျိုးမျိုးကြောင့် မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာရခြင်းဖြစ်ကြောင်း နှင့် အိန္ဒိယအရှေ့မြောက်ဒေသတွင် UNHCR ရုံးမရှိသောကြောင့် ဒုက္ခ အမျိုးမျိုးရင်ဆိုင်နေရခြင်းဖြစ်သည်။ Geneva တွင် ဒုက္ခသည် ကိစ္စနဲ့ပတ်သက်ပြီးထပ် မှန်တွေ့ဆုံမည့်ဆွေးနွေးပွဲတွင် US က ချင်းဒုက္ခ သည်များ နေထိုင်ခွင့် Visa (restriction) ကိစ္စနဲ့ ပတ်သက်ပြီး အရင် ထက်ပိုပြီး တွန်းအားပေးဖို့ လိုအပ်ကြောင်း ပြောသည်။

“မီဇိုရမ်ပြည်နယ်အတွင်း ချင်းအရေးကိစ္စနဲ့ပတ်သက်ပြီး အဖမ်းဆီးခံနေရခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခြင်း (Discrimination)၊ ချင်းလူမျိုးများအတွက် အခွင့်အရေးမရှိခြင်း၊ အိန္ဒိယနိုင်ငံသားမဟုတ်ပဲ နှစ်ပေါင်းများစွာ နေထိုင်ရပေမဲ့ ချင်းလူမျိုးများသည် နှစ်စဉ်နှစ်တိုင်း ပိုပိုများလာသည်” ဟု Human Rights Law Network (HRLN) မှ တင်ပြခဲ့သည်။

“ချင်း နှင့် မီဇိုလူမျိုးများသည် သမိုင်းအရ ဆွေမျိုးများဖြစ်ကြသည့်အားလျှော်စွာ ပိုပြီးစည်းလုံးမှုရှိအောင် မီဇိုရမ်ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအသီးသီးမှ လုပ်ဆောင်သွားဖို့အရေးကြီးကြောင်း” Zo Indigenous Forum, Director C.Lalremruata က ပြောသည်။

ဆက်လက်ပြီး ချင်းအမျိုးသား ကောင်စီ (Chin National Council) မှ “ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့သာမဟုတ်ပဲ Information and Development အထွေထွေ ကိစ္စများမှာလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် တင်ပြခဲ့ကြောင်း” ထပ်မှန်သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် NGO အသီးသီးဖြစ်ကြသော ချင်းလူ့အခွင့်အရေး (Chin Human Right Organization)၊ ချင်းအမျိုးသမီးများ အဖွဲ့(Women League of Chin)၊ ချင်းအမျိုးသားကောင်စီ (Chin National Council)၊ Zo Indigenious Forum၊ Human Rights Law Network နှင့် ချင်းသတင်းဌါန (Khonumthung News Group) အသီးသီးမှ ကိုယ်စာလှယ်အားလုံးပေါင်း ၁၁ ဦး တက်ရောက်ခဲ့သည်။

မီဇိုရမ်ပြည်နယ်တွင် ချင်းဒုက္ခသည် (Chin refugee) နှင့် ရွေ့ပြောင်းအလုပ်သမား (Migrant Worker) ခြောက်သောင်းကျော်ရှိပြီး၊ ချင်းပြည်နယ်အတွင်း ၄ သိန်းခန့်သာ ရှိမည်ဟု ခန့်မှန်းသည်။ မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပေမဲ့ စားဝတ်နေရေး အခက် အခဲကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာဆဲဖြစ်ပြီး ချင်းဒုက္ခသည် (Chin refugee) အများစုမှာ မလေးရှား၊ အိန္ဒိယ၊ ထိုင်း နိုင်ငံများတွင် နေထိုင်ကြသည်။

Most read this week