မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် အစိုးရတပ်က ကချင်လွတ်မြောက်ရေးတပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်သည့် တနှစ်တိတိပြည့်သည့် ယနေ ့တွင် စစ်ဖြစ်ပွါးမှုရပ်တန် ့ရန် အိန္ဒိယနိုင်ငံ နယူး ဒေလီရှိ မြန်မာဒီမိုကရေစီအင်အားစုများက ဆန္ဒပြတောင်းဆိုကြသည်။
ဒေလီရှိ ကချင် ဒုက္ခသည်များ ကော်မီတီကဦးဆောင်ပြလုပ်သည့် ယင်းဆန္ဒပြပွဲ တွင် မြန်မာဒီမို ကရေစီအင် အားစုများ အင်းအား ၁၀၀ ခန် ့ပါ၀င်ခဲ့ကြသည်။
ယင်းဆန္ဒပြပွဲတွင် ကချင်ဒုက္ခသည်များ ကော်မီတီ ဥက္ကဌ Mr. Ja Noi က” ကချင်ပြည်နယ်မှာ မနေ ့ အထိ ဆက်တိုက်စစ်ဖြစ်နေကြတယ်။ နှစ်ဖက်စလုံးလဲ သေဆုံးမှု၊ ဒဏ်ရာရတဲ့ သတင်းတွေ ကြား နေတယ်။ ဒီလိုစစ်ဖြစ်နေတဲ့အတွက် ကျတော်တို ့ ကချင်ပြည်မှာရှိနေတဲ့ ပြည်သူတွေဟာ ဒုက္ခ ရောက်နေကြတယ်” ဟုပြောကြား ခဲ့သည်။
သူကဆက်လက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရအကြား အပစ်အခတ်ရပ် ဆဲမှု (၁၇)နှစ်ကြာပြုလုပ်ပြီး ၂၀၁၀ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ ့မှ နှစ်ဖက်စလုံးပြန်တိုက်ခိုက်ချိန်မှ ယနေ ့ ဆိုတစ်နှစ်တိတိရှိပြီဖြစ်ကြောင်း၊ ဤစစ်ဖြစ်ပွားမှုကြောင့် ဒေသခံလူထုဒုက္ခ အမျိုး မျိုး ရောက်နေကြ ကြောင်း၊ နှစ်ဖက်စလုံးမှ အပစ်အခတ်ကို ရပ်ဆဲပြီး ၄င်းတို ့ပြသနာကို နိုင်ငံရေး နည်း နှင့် စားပွဲပေါ်မှာ အဖြေရှာဖြေရှင်းစေလိုကြောင်း ပြောကြားခဲ့သည်။
ကချင်ပြည်နယ်ဟာ ၁၉၉၄ခုနှစ်မှပြီး ကချင်လွတ်မြောက်ရေးတပ်မတော်နှင့်အစိုးရတို ့အကြားအပစ်အခတ် ရပ် ဆဲရေးပြုလုပ်ချိန်မှစ၍ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျမ်းမာရေး၊ စား ၀တ်နေရေးစသည့် လူမှုရေးကိစ္စ အဆင်ပြေခဲ့ကြောင်း၊ သို ့သော်စစ်ပြန်လည်ဖြစ်လာသည့် အချိန် မှစ၍ ကချင်လူထု ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေကြောင်း၊ ထို ့ကြောင့် ကချင် လူမျိုးဖြစ်သူတိုင်းအတွက် စိတ်ထိခိုက်နေကြကြောင်း ပြောကြားခဲ့သည်။
ဆန္ဒပြသူများက ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန် ့ဖို ့ မြန်မာအစိုးရကို တိုက်တွန်းပြီး တည်တံ့ ခိုင် မြဲသည့် ငြိမ်း ချမ်းရေး ကို ဖေါ်ဆောင်သွားရန် ထုတ်ဖေါ်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင်ပါ၀င်သည့် မြန်မာနိုင်ငံ အမျိုးအမီးများအဖွဲ ့ချုပ် အဖွဲ ့ဝင် ဒေါ်သင့်သင့်အောင်က မိမိ တို ့နိုင်ငံတွင် ငြိမ်းချမ်းရေးအမြန်ဆုံးဖေါ်ဆောင်ရန်လိုအပ်ကြောင်း၊ ယင်းသို ့ဖေါ်ဆောင်ရာတွင်ယင်းငြိမ်းချမ်း သည့်အဖွဲ ့ထဲတွင် အမျိုးသမီးများပါ၀င်စေလိုကြောင်း၊ အမျိုးသမီးများနှင့် ကလေးသူ ငယ်များသည် စစ်ဖြစ်ပွါးသည့်နေရာတိုင်းတွင် စစ်ဒဏ်အခံရဆုံးဖြစ်ကြောင်း၊ ထို ့ကြောင့် ယင်း ကိစ္စကို ဆောင်ရွက်ရာတွင် အမျိုးသမီးများကိုယ်တိုင် ပါ၀င်စေ လိုကြောင်း ပြောကြားခဲ့သည်။
ပြည်ပရောက် ကချင်အဖွဲ ့အစည်းများက စာတမ်းပြုစုပြီး မြန်မာနိုင်ငံ လက်ရှိအစိုးရ သမ္မတ ဦး သိန်းစိန်ထံ စာရေးပေးပို ့ပြီး ယင်းစာကို နယူးဒေလီမြန်မာသံရုံးမှတဆင့် ပေးပို ့မည်ဖြစ်ကြောင်း သိရသည်။
ယင်းစာတွင် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုကိုရပ်ဆဲပြီး ပြည်သူများ အကာအကွယ်ပေးရေး လုပ်ငန်းများ အမြန်ဆုံးဆောင် ရွက်ရန်၊ ကချင်ဒုက္ခသည်များထံ နိုင်ငံတကာမှ လူသားချင်း စာနာ ထောက်ထားသော အကူအညီ ပေးခြင်းခွင့်ပြုရန်၊ KIO နှင့်နိုင်ငံရေးတွေ ့ဆုံဆွေးနွေးမှု စတင်ရန်၊ ကချင်ပြည်သူများ စစ်မက်ဖြစ်ပွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် မှုအတွက် ပြန်လည်ထူထောင်မှုပြုလုပ်ရန် စသဖြင့်ဖေါ်ပြထားသည်။
ဆန္ဒပြပွဲကို နယူးဒေလီ ယန်တားမန်တား တွင် နံနက် ၁၀းဝဝ နာရီမှ ကချင်ပြည်တွင် စစ်ဖြစ်ပွါးမှု ရပ်ဆဲရေး၊ စစ်မှန်သည့်ငြိမ်းချမ်းရေး အမြန်လုပ်ပေးရေး၊ စစ်ပြေးဒုက္ခသည်များကူညီရေး အစရှိ သည့် ကြွေးကြော်သံများဖြင့် စတင်ကာ ညနေ ၂းဝဝနာရီတွင် ပြီးဆုံးစေခဲ့သည်။