၂၄ ဧကစာ စိုက်ခင်း မီးလောင်စေမှု အာဏာပိုင်များ အရေးယူဆောင် ရွက်မှု မရှိ

၂၄ ဧကစာ စိုက်ခင်း မီးလောင်စေမှု အာဏာပိုင်များ အရေးယူဆောင် ရွက်မှု မရှိ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း ယခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ယာမီး ကြောင့် ၂၄ ဧက စာ မတ်ပဲ စိုက်ခင်း၊ လူနေအိမ် နှင့် အမျိုးသမီးတဦးမီးထဲ ပါသွားသည့် အမှုကို  သက်ဆိုင်ရာ ရဲစခန်းသို့ တိုင် တန်းသည့် အမှု ယနေ့ ထိ အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း သတင်းရရှိသည်။

မင်းတပ်မြို့ အနောက်ရပ်ကွက်နေ ဦးထန်းလောတို့ အဖွဲ့မှ ရှို့လိုက်သော ယာမီးကြောင့် ဦးတမ်ထန်း အပါအဝင် မိသားစု ရ စု ပိုင်ယာခင်းမီးလောင်မှု ၊ လူနေအိမ် နှင့် ဒေါ် လိန်အွယ် သေဆုံးမှု အား ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က မင်းတပ်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ တိုင်ထားခြင်းဖြစ်သည်။

“ယာမီးကြောင့် ဦး တာမ်ထန်း ဆုံးရှူံးတဲ့ ပစ္စည်းတန်ဖိုးမှာ ကျပ်ငွေ ၈ သိန်းခန့်ရှိမည်ဖြစ်မည်ဖြစ်ပြီး ဒေါ် လိန်းအွယ်လည်း မီးထဲ ပါသွားတယ် ” ဟု ဒေသခံတဦးက ပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်တို့သည် ယာခင်းသို့ ကွင်းဆင်းလေ့လာခြင်းတစုံတရာ မရှိကြောင်း ၂၄ ဧကစာ မတ်ပဲ စိုက်ခင်းဆုံးရှုံးသွားသည့် ဦးတာမ်ထန်း၊ ဒေါ်မဲလှီး၊ ဦး အွမ်ခေါဂေ၊ ဦး အွမ်ဂေ၊ ဦး နိုင်းဟာ၊ ဦးအောင်ထန်းဟာ၊ ဦးမန်တမ်၊ ဒေါ်လိန်းအွယ် ( သေဆုံး) တို့ မိသားစုသည် စားဝတ်နေရေး ပြသာနာနှင့် ကြုံတွေ့နေရကြောင်း ထပ်မံ ဆိုသည်။

“ ဘာသာရေးအသင်းအဖွဲ့တွေကတော့ တရားခံ နဲ့ တရားလိုတွေကို ဒေသထုံးစံအရ ပြေရာပြေ ကြောင်း ညှိနှိုင်း တောင်းပန် ပေးကြတယ် ၊ ဒါပေမဲ့ အမှုကိုတော့ မရုတ်သိမ်းကြဘူး” ဟု ပြောသည်။

မင်းတပ်မြို့နယ် ဒေသခံများသည် မတ်ပဲ၊ ၀ါးဥ စိုက်ခင်းများဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသည်။

Most read this week