Network for Chin Civil Societies ဖွဲ့စည်း

Network for Chin Civil Societies ဖွဲ့စည်း
by -
ခိုနူမ်းထုန်

Network for Chin Community Development  ဦးဆောင်မှုဖြင့် Peace Process and Mega Development အလုပ်ရုံဆွေးနွေး ပွဲကို ၂၀၁၂ ခုနှစ် မေလ (၂၉) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ အိန္ဒိယ – မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့ရာ ပြည်တွင်း ချင်းပြည်နယ် ၉ မြို့နယ်မှ  လူမှု အဖွဲ့ အစည်း ကိုယ်စားလှယ် ၅၀ ခန့်တက် ရောက်ခဲ့ကြပြီး Network for Chin Civil Societies  (NCCS) ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

Network for Peace and Community Development ၏ ကိုအော်ဒီနေတာအဖြစ် မိုင် Vel tha chin, Assistant coordinator အဖြစ် Salai Shae Aung၊ ငွေထိန်းအဖြစ် Langh Za Mang  တို့ အပြင် ကော်မီတီဝင် ၄ ဦး ရွေးချယ်ကြပြီး  ရှေ့လုပ် ငန်းစဉ်အဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြရန် နှင့် ချင်းလူမှုအသိုင်းအဝိုင်းအတွင်း ပညာပေးရေးတွေကို ဆောင်ရွက်ရွက်သွားကြရန်ဟူ၍ ချမှတ်သွား ကြသည်။

“အဓိကကတော့ ချင်းပြည်နယ်ထဲမှ အစိုးရကနေ လှစ်လျှူရှုထားရတဲ့့ ကျေးလက်တောရွာများမှာ  ၂၀၁၅ ခုနှစ်မတိုင်ခင် Community Development တွေလုပ်သွားဖို့၊ ပြီးတော့ စီအဲန်အက်ဖ်နဲ့ အစိုးရတို့ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကိုလည်း အတတ်နိုင်ဆုံး စောင့်ကြည့် လေ့လာဖို့ ပြင်ဆင်ထားပါတယ် ” ဟု NCCS  ရဲ့ Coordinator  က ပြောသည်။

ထို့အပြင် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အကောင်အထည် ဖော် နေသော ထာဝရလုပ် ငန်းစဉ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ကြမည်ဆိုပါက ရေရှည်တည် တ့့ံခိုင်မြဲ သောဖွံ့ဖြိုးရေး၊  ပြည်သူလူထု အတွက် လက် တွေ့ ကျပြီးအကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးမျိုး၊  ပြည်သူလူထုကိုယ်တိုင်ပါ၀င်လုပ်ဆောင်သည့် ဖွံ့ဖြိုးရေး ဆိုသည့် အ ခြေခံ မူအောက်တွင် ပြုလုပ်သင့်ကြောင်း တိုက်တွန်းထားသည်။

သမ္မတ ဦးးသိန်းစိန်အစိုးရမှ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးအတွက် ချမှတ်ထားသည့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ထဲမှ မူ ၈ ချက်ထဲမှာ ပါ၀၀င်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များအား ပါတီထူ ထောင်၍ ရွေးကောက်ပွဲဝင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံ ရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများ ကို လွှတ်တော် အတွင်း အများ သဘောတူ ဆန္ဒ နှင့် အညီ ဆောင် ရွက်ရေး၊ ထာဝရငြိမ်းချမ်းရေးအတွက်  ဥပဒေဘောင် အတွင်းသို့ အပြီးအပိုင် ၀င်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ တန်းတူ ရည်တူ နေထိုင်သွားလာ လုပ်ကိုင်စား သောက် ရေး၊ ဖွံ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ တခုတည်း သော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင် ကူးပြောင်း ရေးကို ညှိနှိုင်းဆောင်ရွက်ရေ မူ များ အကောင်အထည်ဖော်ဆောင်မည် ဆိုပါက ထာဝ ရတည်တ့ံ သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ် လာမည်မဟုတ်ဟု ၄င်းတို့၏ ထုတ်ပြန်ကျေညာချက်ထဲတွင် ဖော်ပြထား သည်။

ထို့အပြင် နိုင်ငံရေးအရ အာမခံချက်ပေးနိုင်မည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပပြီးစီးပြီး  ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တရပ်ကို ပြန်လည် ခေါ်ယူသင့် ကြောင်း လက်ရှိအစိုးရစွဲကိုင်ထားသော ဒို့ တာဝန်အရေးသုံးပါးအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ လိုချင်သည့်  ဖက်ဒရေမူများ ချမှတ်ရေးအတွက်  တိုင်းရင်းသား လူမျိုးအား လုံးဆိုင် ရာ ပြည်ထောင်စု သ ဘောတူညီချက်ကို လက်ရှိ အစိုးရ၏ လွှတ် တော်ပြင်ပတွင် ဆွေးနွေးပြီး သဘောတူညီမှု ရယူသင့်သည် ဟု တိုက်တွန်း ထား သည်။

ဆက်လက်ပြီးလက်ရှိ ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေး ဆွေးနွေးမှုသည် နောက်ဆုံး တွင် ပြုလုပ်ရမည် ့ အနေအထားဖြစ်နေပါသဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများအပေါ် အထူးစိုးရိမ်ကြောင်း ချင်းပြည်အတွင်းရှိရေကာတာများ၊ သတ္တု တွင်း များ၊ အမျိုးသား ဥယျာဉ် စီမံကိန်းများ၊ ကုလားတန် ဖက်စုံသယ်ယူပို့ဆောင်ရေး  စီမံကိန်းများကို ပြည်သူလူထု ဆန္ဒ အရ အကောင်အထည် ဖော်ဆောင် မှုမပြုပါက ကြီးမားသည့် အန္တရာယ် ဖြစ်လာနိုင်ကြောင်း ထုတ်ဖော်သွားခဲ့သည်။

Workshop on Peace Process and Mega Development ၏

ထုတ်ပြန်ကြေညာချက်

ရက်စွဲ။                ။ ၂၀၁၂ ခုနှစ် ဇွန်လ (၁) ရက်နေ့

NCCD မှ ကမကထပြုပြီးကျင်းပသည့် Peace Process and Mega Development အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် မေလ (၂၉) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ အိန္ဒိယ – မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့ရာ ပြည်တွင်း ချင်း လူမှု အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ခန့်တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် Coordinator ဦးဆောင်မှုစနစ်ဖြင့် Network for Chin Civil Societies  ကို ဖွဲ့စည်း ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များအဖြစ် Peace Monitoring, Community awareness တွေကို လုပ်ဆောင်သွားရန် ချမှတ်ကြသည်။

ဆွေးနွေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား ဖော်ဆောင်နေသော ထာဝရတည်တ့ံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သုံးသပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု သဘောသဘာဝ၊ ဦးတည်ချက်၊ စီစဉ်မှုများအား သုံးသပ် ဝေဖန်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သည် ရေရှည်တည်တ့ံသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကို မည်သို့ ဖော်ဆောင်သင့်သည်ဟူသောမူများကို ဆွေးနွေး ချမှတ် ခဲ့ကြသည်။

ပြည်ထောင်စု အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များအား ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများ ကို လွှတ်တော်အတွင်း အများ သဘောတူ ဆန္ဒ နှင့် အညီ ဆောင်ရွက်ရေး၊ ထာဝရငြိမ်းချမ်းရေးအတွက်  ဥပဒေဘောင် အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ တန်းတူ ရည်တူ နေထိုင်သွားလာ လုပ်ကိုင် စား သောက် ရေး၊ ဖွံ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ တခုတည်း သော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင် ကူးပြောင်း ရေးကို ညှိနှိုင်းဆောင်ရွက်ရေး ဟူသော အချက်အတိုင်း (တရားသေ စွဲကိုင်ပြီး) အကောင်အ ထည်ဖော်ဆောင်မည် ဆိုပါက ထာဝ ရတည်တ့ံသည့် ငြိမ်းချမ်းရေး ဖြစ်ပေါ် လာမည်မဟုတ်ဟု ထင်မြင်သုံးသပ်ပါသည်။

အနာဂတ်မြန်မာနိုင်ငံ၏ ကံကြမ္မာကို နိုင်ငံရေးအရ အာမခံချက်ပေးနိုင်မည့် အဓိပ္ပာယ်ပြည့်ဝသော တွေ့ ဆုံ ဆွေးနွေးပွဲ ကို ပြည်ထောင်စုအဆင့် တွင် ကျင်းပပြီးစီးပြီးနောက်  ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တရပ် ကို ပြန်လည် ခေါ်ယူပြီး လက်ရှိအစိုးရစွဲကိုင်ထားသော ဒို့ တာဝန်အရေးသုံးပါးအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တောင်းဆိုသော  ပြည်ထောင်စု အရေး၊ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး စသည့် ဖက်ဒရေ အခြေခံမူများကို စုစည်း လျက် တိုင်းရင်းသား လူမျိုးအား လုံးပါ၀င်သည့် ပြည်ထောင်စုသဘောတူညီချက် ကို လက်ရှိ အစိုးရ၏ လွှတ်တော်ပြင် ပတွင် ဆွေးနွေးပြီးသဘောတူညီမှု ရယူ သင့်သည်။

ယနေ့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး ခေါင်းစဉ်အောက် ပြုလုပ်သောငြိမ်းချမ်းရေးဖြစ်စဉ်ကို သုံး သပ်ကြည့် ရာတွင် နိုင်ငံရေး ဆွေးနွေးမှုသည် နောက်ဆုံးထား ပြုလုပ်ရမည် ့ အနေအထားဖြစ်နေပါသဖြင့် လက်ရှိ ပြုလုပ်ရမည့် ဖွံ့ဖြိုး ရေး စီမံကိန်းများအပေါ် အထူးစိုးရိမ်မိသည်။ ချင်းပြည်အတွင်းရေကာတာများ၊ သတ္တုတွင်း များ၊ အမျိုးသား ဥယျာဉ်နှင့် ဘေးမဲ့တော စီမံ ကိန်းများအပြင် ကုလားတန် ဖက်စုံသုံး သယ်ယူပို့ဆောင်ရေး  စီမံကိန်းများကို ပြည်သူလူထုဆန္ဒအရ အကောင်အထည် ဖော်ဆောင်မှုမပြုပါက ပြည်သူလူထုအတွက် ကြီးမားသော အန္တရာယ် ဖြစ်လာနိုင်သည်။

ပြည်ထောင်စုအစိုးရမှ ချင်းပြည်အတွင်း လက်ရှိ အကောင်အထည်ဖော်နေသော အထက်ဖော်ပြပါ စီမံကိန်းများ သည် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိခြင်း၊ ပွင်းလင်းမြင်သာမှုမရှိခြင်း၊ လုပ်ငန်းအရ ဒေသခံများ၏ နစ်နာ မှုများကို လစ်လှူရှုနေခြင်းများကြောင့် ဆက်လက် အကောင်အထည်ဖော်ဆောင်မှုမပြုရန်တောင်းဆိုပါသည်။

လက်ရှိ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်ကာလတွင် ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း များ အ နေဖြင့် ပြည်တွင်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မည်ဆိုပါက အောက်ဖော်ပြပါဖွံ့ဖြိုး ရေး ဆိုင် ရာ မူသုံးချက်အပေါ်  အခြေခံပြီး အကောင်အထည်ဖော်သင့်သည် ဟု ကြေညာချက်ထုတ်ပြန် လိုက်သည်။

၁။  ရေရှည်တည်တ့့ံခိုင်မြဲသောဖွံ့ဖြိုးရေး

၂။  ပြည်သူလူထု အတွက် လက်တွေ့ကျပြီးအကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေး

၃။  ပြည်သူလူထုကိုယ်တိုင်ပါ၀င်လုပ်ဆောင်သည့် ဖွံ့ဖြိုးရေး

ဆက်သွယ်ရန်၊

K. Hlathun      Phone: +919612743156 E-mail: [email protected], [email protected]

Mai Vel Tha Chin, Coordinator of NCCS, Phone: 07022015, Email:  [email protected]

Most read this week