လက်ဝါးကားတိုင်ဖျက်ဆီးသရော်မှုအပေါ် ပြည်နယ်ဝန်ကြီးမှ သက်ဆိုင်ရာ ခရစ်ယာန်ဘာသာဝင်များ အား တောင်းပန်

လက်ဝါးကားတိုင်ဖျက်ဆီးသရော်မှုအပေါ် ပြည်နယ်ဝန်ကြီးမှ သက်ဆိုင်ရာ ခရစ်ယာန်ဘာသာဝင်များ အား တောင်းပန်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်နှင့်  ကျင်ဒွေးရွာသူ/သားတို့က ကန်ပက်လက် မြို့နယ် ကျင်ဒွေးရွာ၊ မုန်းချောင်းအနီးရှိလက်ဝါးကားတိုင် ဖျက်ဆီးမှုအတွက် ယခုလ ၁၅ ရက်နေ့က  သက်ဆိုင်ရာ ခရစ်ယာန်ဘာ သာဝင်များအား တောင်းပန်ကြောင်း သတင်းရရှိသည်။

အဆိုပါ လက်ဝါးကားတိုင်ကို ဒေသခံ ခရစ်ယာန်ဘာသာဝင်များမှ လွန်ခဲ့သည် ၂ နှစ်ခန့်က စိုက်ထူ ထား ကြခြင်းဖြစ် ပြီး ဒေသခံ တချို့ က ၂၈၊ ရ၊၂၀၁၁ ရက်နေ့တွင် ကားတိုင်ကို  မီးရှိူ့ ခုတ်လှဲသည့် အပြင် လက်ဝါးကားတိုင်ပေါ်တွင် မိန်းမ အင်္ဂါ ရုပ် ကို သရော်ထွင်းခဲ့ကြသည်။

ကျေအေးပွဲ အခမ်းအနား စာတမ်းအားဖြင့် တောင်းပန်သည့် အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ခရစ်ယာန် ဘာသာဝင်အယောက် ၁၀၀ ခန့်တက်ရောက်ကြောင်း သိရသည်။

” တချို့က ယင်းကိစ္စအပေါ် ဆက်လက် အရေးဆိုဖို့ ရပ်တည်ခဲ့ကြပေမဲ့ တချို့ကတော့ သဘောထား ပြောင်းသွားကြတယ် ” ဟု ကားတိုင်ကိစ္စ အရေးဆိုမှုတွင် ဦးဆောင်သူ ဆလိုင်း လိန်းထွန်းက ပြောသည်။

အခမ်းအနားတွင် ဒေါက်တာဘမောင်နှင့် အတူ လက်ဝါးကားတိုင်ဖျက်ဆီးမှုတွင် ခေါင်းဆောင်ခဲ့သူဟု ယူဆရသူ ဦး  ဉာဏ်မောင်တို့က စင်ပေါ်တက်ပြီး ခရစ်ယန်ပြည်သူများအား ခယ တောင်းပန်ကြ ကြောင်း သိရသည်။

လူထုကိုယ်စားလှယ်တစ်ဦးအဖြစ်သော်လည်းကောင်း ခရစ်ယာန်တစ်ဦးအဖြစ်သော် လည်းကောင်း အခမ်းအနားသို့ တက်ရောက်သည့် ချင်းအမျိုးသားပါတီမှ ဆလိုင်းမျိုးချစ်ကမူ  ”ဒီအစီအစဉ်မှာ ၀န်ကြီး ဒေါက်တာဘမောင်က အစိုးရကိုယ် စားလှယ် အနေနဲ့  တက်ရောက်ခဲ့တာ မဟုတ်ပဲ သူ့သ ဘောအရ သူ့ ဒေသခံကိုယ်စားတောင်းပန်တာပါ.. ကျတော့အမြင် ကတော့ ဒီအစီအစဉ်ဟာ အပြန်အလှန်ညှိနှိုင်း ရမယ့် ကိစ္စဖြစ်တယ်၊ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကျေးအေး ခိုင်းတာမျိုးဖြစ်တယ် ”  ဟု ပြောသည်။

၀န်ကြီးသည် ခရစ်ယာန်ပြည်သူများ တောင်းဆိုထားသည်  လက်ဝါးကားတိုင် ပြန်လည်စိုက်ထူပေး ရေး၊ ဘုရားကျောင်း များ ဆောက်လုပ်ခွင့် နှင့် သာသနာရေး ဝန်ကြီးဌာန ၏ ဘဏ္ဍာငွေကို ဘာသာ တရားတိုင်း မျှတစွာ ရရှိစေရေး စသည့် အချက်များကို သူ့လုပ် ပိုင်ခွင့် များမဟုတ်သဖြင့် မလိုက်လျော ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ယခု အခမ်းအနားအတွက် ခရစ်ယာန်ပြည်သူများအကြား ကျေအေးပွဲဟု လက်ခံသူနှင့် လက်မခံသူများ ရှိကြရာ မဲခွဲဆုံးဖြတ်မည့် အဆင့်ထိ ဖြစ်ခဲ့သော်လည်း ခရစ်ယန်ဆရာတော်များက တားဆီးတောင်းပန် ကြသောကြောင့် ကျေအေး သည့် အသွင်ဆောင်သွားသည်ဟု ဆက်ဆိုသည်။

ကားတိုင်ကိစ္စအပေါ် အရေးဆိုမှု ဦးဆောင်ခဲ့သူ  ဆလိုင်းလိန်းထွန်းက ကျေအေးတယ်ဆိုပါက ဝန်ကြီး အနေဖြင့် သော် လည်းကောင်း ၊ ဌာနဆိုင်ရာလူကြိီးများ အပါအဝင် ကျင်ဒွေးရွာသူ /သားများအနေဖြင့် ခရစ်ယာန် ဘာသာဝင်များအတွက် ချင်းထုံးစံအရ တစ်ခုခုတော့ လုပ်ပေးသင့်ကြောင်း ပြောဆိုသည်။

ခရစ်ယာန်လက်ဝါးကားတိုင်ဖျက်ဆီး သရော်မှုကို အရေးယူပေးရန် ၉၊ ၁၁၊ ၂၀၁၁ ရက်စွဲပါ စာဖြင့် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၄၊ ၃၅၄(ယ)၊ ၃၆၄ပါ ပြဌာန်းချက် နှင့် ညိစွန်းသဖြင့် စုံစမ်းဖေါ်ထုတ်မူ ပြုလုပ်ပေး ပြီး အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတ ထံ တိုင်ကြားခဲ့သည်။

Most read this week